Chapter (94-1) - ပါးပါးတွေရဲ့မင်္ဂလာပွဲ

4.5K 973 18
                                    

Chapter (94-1) - ပါးပါးတွေရဲ့မင်္ဂလာပွဲ

ကျင်းဝမ်ရဲ့စိတ်ထဲမှာတော့ ရှောင်ယွီ ငါးအဖြစ် ပြောင်းလဲမယ့် လက်ကျန်အချိန်ကို တွက်ချက်နေခဲ့သည်။ မြို့ပတ်ပတ်လည်တွင် လူတွေ ကြိတ်ကြိတ်တိုး ဝိုင်းကြည့်နေပေမယ့် ထိုခေတ်အခါက ရထားစီးနိုင်သူ ရှားပါးသောကြောင့် သူတို့ ရထားလုံးသွားလာသည့် အရှိန်ကို တိုးမြင့်နိုင်ခဲ့သည်။

ရထားမောင်းသူသည် အထူးမစ်ရှင်ကို ဒီအချိန်မတိုင်မီလေးတင်မှ လက်ခံရရှိခဲ့သည်။ မင်္ဂလာဆောင် သည့်နေ့တွင် သူက အရှိန်ကို မြှင့်ချင်သော်လည်း တစ်ချိန်တည်းမှာပင် ကျင်းဝမ်နှင့် ဝမ်ဖေး ကို မနှောင့်ယှက်ချင်ပေ။ ရထားမောင်းသူသည် ကျင်းအိမ်တော်တွင် အလုပ်လုပ်ခဲသည်မှာ နှစ်အတော်ကြာနေပြီဖြစ်သည်။ ကျင်းဝမ် ခမျာ နောက်ဆုံးမှာ ဝမ်ဖေး ကို လက်ထပ်ဖို့ ရှာတွေ့ခဲ့တာကို ဂုဏ်ပြုဖို့အတွက် သူက ရထားလုံးမောင်းသည့် တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ဖို့ အပြင်ထွက်ပြီး တစ်လတိတိ လေ့ကျင့်ခဲ့သေးသည်။

လမ်းများတစ်လျှောက်တွင် ကျင်းအိမ်တော်၏ အစောင့်များက ဝမ်ရယ်နှင့် ဝမ်ဖေး၏ လုံခြုံရေးအတွက် တာဝန်ရှိသည်။ သူတို့သည် အလွန်အမင်း စိတ်လှုပ်ရှားနေသော အရပ်သားများကို အရမ်း နီးကပ် မလာစေရန် တားဆီးထားသည်။ မင်္ဂလာရထားလုံးသည် ကျင်းအိမ်တော်သို့ အေးအေးချမ်းချမ်း ချောမွေ့စွာ ပြန်ရောက်ခဲ့သည်။ ထို့နောက် မင်္ဂလာပွဲကျင်းပရန် အချိန်တန်ပြီဖြစ်သည်။

ခရီးလမ်းအကွာအဝေးကြောင့် ဧကရာဇ်သည် ကျင်းဝမ်၏မင်္ဂလာပွဲကြီးတွင် မပေါ်လာနိုင်ခဲ့ပေမယ့် လက်ဆောင်များ ပေးအပ်ခြင်းဖြင့် ဧကရာဇ်၏ ချစ်ခြင်းမေတ္တာကို လှစ်ဟဖော်ပြခဲ့သည်။ ဝမ့်ရှီးသည် လက်ဆောင်များစာရင်းကို တစ်နာရီကြာ ရွတ်ဖတ်ခဲ့သည့်တိုင် မပြီးနိုင်သေးပေ။ တော်ဝင်မြို့တော်မှ လာသော စီတန်းနေသည့် လက်ဆောင်များက မင်္ဂလာခန်းမ မှ ကျင်းအိမ်တော်အပြင်ဘက် အထိ လက်ဆောင်များဆပ်တိုက်သယ်ဆောင်နေဆဲဖြစ်သည်။

ထိုမင်္ဂလာပွဲကြီးအတွက် ဂုဏ်ပြု ဝိုင်သောက်ရန် လေးစားရသော ဧည့်သည်များအဖြစ် ဖိတ်ကြားခံရသူ အများအပြားပင် မရှိခဲ့ပေ။ ကျင်းဝမ် ရှုပ်ထွေးလွန်းသော လုပ်နည်းလုပ်ထုံးများကို မကြိုက်ပေ။ သို့သော် ထိုသည်မှာ ရှောင်ယွီနှင့် သူ၏မင်္ဂလာပွဲဖြစ်သည်။ ကျင်းဝမ်က မင်္ဂလာခန်းမကို အစဉ်လာဖြင့် လုံးလုံးလျားလျား မတူညီတာလည်း မဖြစ်စေချင်ပေ။ ထို့ကြောင့် မြို့တော်ဝန်နှင့် ဒေသအလိုက် ဂုဏ်သိက္ခာရှိသော အကြီးအကဲအချို့အား ဂုဏ်ပြု ဧည့်သည်အဖြစ် တက်ရောက်ရန် အမိန့်ပေးခဲ့သည်။ လီယွီနဲ့ တော်တော်လေး ဆက်ဆံရေးကောင်းတဲ့ အဒေါ်ရွှီ ကိုလည်း ဖိတ်ကြားထားသည်။ လေးစားအပ်သော ဧည့်သည်များသည် မြင့်မြတ်သော အရာရှိများ သို့မဟုတ် ရာထူး အဆင့်တန်းမမြင့်ပေမယ့် ဂုဏ်သတင်းကျော်ဇော်သူများဖြစ်ကြသည်။

(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now