Part-31

745 29 2
                                    

               ယနေ့သည် ရုံးပိတ်ရက်ဖြစ်သည့်အတွက် အဂ္ဂတို့အကုန်လုံး ပျော်ပွဲစားထွက်ရန်ပြင်ဆင်နေကြသည်။ထို့အပြင် သုတအတွက်လည်း Big Supriseကြီးတစ်ခုရှိနေလေသည်။သုတအား မသိစေဘဲ အဂ္ဂ၊လွန်း နှင့် မဟာတို့သုံးယောက်သား တီးတိုးတိုင်ပင်ထားကြခြင်းဖြစ်သည်။



                အဂ္ဂနှင့်လွန်းသည် ပန်းသစ်တော်သီးများကို အစိတ်ကလေးများစိပ်ကာ ဘူးတစ်ခုထဲတွင်ထည့်နေကြသည်။သုတမှာ အခုထိဘာလုပ်ရမှန်းမသိဘဲ အဂ္ဂတို့အနားတွင်သာ တဝဲလည်လည်လုပ်နေသည်။မဟာသည် နောက်ဆုံးသောလချုပ်စာရင်းကို အပြီးသတ်နေသည်။



"အစ်ကိုငယ် ကျွန်တော်ကဘာလုပ်ရမှာလဲလို့!ဘာမှလည်းမခိုင်းဘူး ပျင်းလာပြီ"




                   အလုပ်နဲ့လက်မပြတ်တတ်သော သုတသည် မနေနိုင်ဟန်ဖြင့်မေးလာသည်။ဒီတစ်ခါတော့ သူအရမ်းပျင်းနေပါပြီ။ပုံမှန်ဆို တစ်ခုမဟုတ်တစ်ခုခိုင်းလေ့ရှိသော အစ်ကိုငယ်က သူ့အားဘာမှမခိုင်းဘဲ ငြိမ်ငြိမ်လေးသာနေစေသည်။



"ပျင်းလာရင် ဇာတ်ကားသွားကြည့်နေလေကွာ၊ဟိုနေ့က လွန်း YouTubeကနေ Harry Potterကား downloadဆွဲထားတယ်ထင်တယ်၊အဲ့ဒါလေးကြည့်နေ သွား သွား"



                    စကားကို ချိုချိုသာသာလေးပြောလာသည့်အပြင် ငြိမ်ငြိမ်လေးနေစေချင်သော အစ်ကိုဖြစ်သူကြောင့် ဧည့်ခန်းကိုသာသွားလိုက်ရသည်။ဧည့်ခန်းဆီသို့မရောက်ခင် ပွင့်နေသော တံခါးဆီသို့ အကြည့်တို့ကအရင်ရောက်သွားသောအခါ သူ့နှုတ်ခမ်းတို့ကွေးညွတ်လာရသည်။ထို့နောက် ဧည့်ခန်းဆီသို့သာ ဦးတည်လိုက်တော့သည်။သူကျောခိုင်းလိုက်သည်နှင့် ဖိုင်တွဲများထံတွင် အာရုံစိုက်ထားသူ၏နှုတ်ခမ်းတို့မှာ ပြုံးယောင်သမ်းသွားသည်ကိုတော့ သုတမသိလိုက်ပါချေ။




"‌ဟိတ်ကောင် အဂ္ဂ! ငါသွားစရာရှိလို့ သွားနှင့်မယ်"




                   အဂ္ဂနှင့်လွန်းဘက်သို့ မျက်လုံးတစ်ဖက်မှိတ်ပြကာ သုတဘက်သို့တစ်ချက်မျှကြည့်သည်။ထို့နောက် အိတ်ကပ်ထဲရှိဘူးနီလေးအား ဆုပ်ကိုင်ကာ ထွက်သွားတော့သည်။



ချစ်ခြင်းတည်စေWhere stories live. Discover now