E "He is getting strange"

22 2 0
                                    

"ကြာပန်း...သင့်အတွက်"

"ကေျးဇူးတင်ပါတယ် အရှင်မင်းကြီး"

"သင့်ကိုယ်မှာ အလင်းတွေထွက်လာပြန်ပြီပဲ"

"စိတ်မပူပါနဲ့...ဘာမှမဖြစ်နိုင်ပါဘူး"

"ဘာကြောင့် သင့်ကိုယ်က ခဏခဏ အလင်းရောင်လိုမျိုး အရာတွေ ထွက်ပေါ်လာတာလဲ"

"ဘဝဆက်တိုင်း မဖြတ်ပစ်နိုင်သေးတဲ့ ရေစက်တစ်ခုပါ"

"အင်း...သင်ဘာကြောင့် ဒီအပျော်တော်ဆက် အလုပ်ကိုလုပ်နေရသလဲ..."

"အကြောင်းအရင်းက ရိုးရှင်းပါ....အသက်ရှင်ဖို့အတွက်ပါ...အရှင်မင်းကြီး"

"ကျွန်ုပ်ရဲ့ ဘေးမှာ သာမန် အမျိုးသမီးတစ်ယောက်လိုနေပါ"

"ကျွန်တော်မျိုးမရဲ့ ခန္ဓာကိုယ်ကို အရှင်ပိုင်ပါတယ်"

"သင့်နှလုံးသားကရော"

ပုံရိပ်တွေ ပျောက်ပျက်သွားသည့်အခါ ကိုယ်နိုးထလာခဲ့သည်။ကိုယ့်ကိုယ်ကို ထင်ရှားစွာ တွေ့မြင်ရပြီး ကိုယ်က ဘယ်သူဖြစ်ခဲ့တာလဲဆိုတာပါ အသေအချာမြင်ခဲ့ရပေမယ့် ကိုယ်နားမှာ အမြဲတဝဲလည်လည်လုပ်နေတဲ့လူ။

"ဘယ်သူလဲ အဲ့ဒါက...ဘာလို့ မမြင်ရတာလဲ"

အဲ့လူကိုတော့ လုံးဝ ပုံဖော်၍မရ။
ပုံမှန်ဆို အာရုံစူးစိုက်လိုက်ရုံနဲ့ သိချင်တာကို မြင်တွေ့ရပေမယ့် အခုကျတော့ ထိုလူတစ်ယောက်တည်းကိုပဲ အသံကအစ ဝိုးတိုးဝါးတား။Accident ဖြစ်ခဲ့တာကြောင့်များလား။

"အ!!...ခေါင်းကလည်း ကိုက်လိုက်တာ"

အတိတ်ကို ပြန်ကြည့်တဲ့အခါတိုင်း အာရုံစူးစိုက်ရသည်မို့ အာရုံပျက်သွားသည့်အခါတိုင်း ခေါင်းက ထိုးကျဉ်သည်။

ညကသောက်ထားတာ ဂင်ဆော့ဂျင်ဆိုသော်လည်း ကိုယ်ကပဲ ခေါင်းတွေရော ကိုယ်လက်တွေပါကိုက်လို့နေသည်။

ဘာမှ မစားချင်ပေမယ့် ဆေးသောက်ရမှာမို့ နွားနို့တော့ ဝင်အောင်သောက်နေလိုက်သည်။ကိုယ့်ခေါင်းထဲမှာ အတွေးတွေများနေခဲ့ကာ အကြည့်တွေဟာလည်း တစ်အိမ်လုံးက ဂင်ဆော့ဂျင်နဲ့သက်ဆိုင်တဲ့ အရာတွေဆီမှာ။
ဂင်ဆော့ဂျင်က ကိုယ့်အတွေးတွေထဲ အတော်နေရာ ယူထားနှင့်ပြီ။

AbyssWhere stories live. Discover now