- 3 -

6.6K 476 104
                                    


(Unicode)

အချိန်ကား နံနက်8နာရီထိုးတော့မည်။ညကလည်းဟိုအရိုင်းအစိုင်းကောင်ရဲ့ ကာစီနိုကနေ ဥက္ကာကိုခေါ်လာကာ သူ့အိမ်မှာသေချာအပ်ခဲ့ပြီး ဥက္ကာအမေဖြစ်သူနဲ့စကားစမည်ပြောခဲ့သေးတာမို့အိမ်အပြန်ညဥ့်နက်သည်။ဒါ့အပြင် အိပ်ချိန်ကလဲနောက်ကျ၏။နောက်ကျိနေသောခေါင်းကိုခဏအနားပေးကာ အိပ်ယာမှထလိုက်သည်။ရေမိုးချိုးကိုယ်လက်သန့်စင်တဲ့အမှုပြီးတဲ့နောက်မှာ ဒီနေ့သင်ရမည့်စာသင်ဝိုင်း Schedule ကိုကြည့်လိုက်သည်။

"ညနေတစ်ဝိုင်းဖျက်ရမယ်နဲ့တူတယ်"

မေမေက ညနေကျရင်မေမေ့သူငယ်ချင်းအိမ် မဟုတ်သေးဘူး မိုရ်နဲ့လက်ထပ်ရမယ့်လူရဲ့အိမ်ဆိုမှန်လေမလား။ထိုအိမ်ကို ညစာစားဖို့သွားမှာဖြစ်သည်။အမှန်တကယ်ဆိုမိုရ်ဒီကိစ္စကိုနည်းနည်းလေးမှသဘောမတူချင်။သို့သော် သူ့ကိုလူလားမြောက်အောင်ကျွေးမွေးပြုစုပြီး ပညာသင်ပေးခဲ့တဲ့မေမေ့ရဲ့ဆန္ဒကိုမည်သို့မျက်ကွယ်ပြုရက်မည်နည်း။

'မေမေ့ကိုကျေးဇူးဆပ်ချင်ရင် သားမိုရ်ကလက်ခံပေးပါနော်'တဲ့။

ထိုစကားတစ်ခွန်းနဲ့တင် ကောင်းကင်မြင့်မိုရ်ဆိုတဲ့ကောင်လေးက သူ့၏စိတ်သဘောမပါဘဲခေါင်းငြိမ့်လိုက်ရသည်။မေမေစိတ်ချမ်းသာဖို့အတွက်ဘဲမဟုတ်လား။

အတွေးတွေကိုနယ်ချဲ့နေလိုက်တာ မနက်ခင်းစာသင်ဝိုင်းတစ်ခုရှိတာကိုမေ့လုနေသည်။အမြန်ပက်အဝတ်အစားလဲကာ ကားသော့ကိုယူပြီးနောက် စာသင်ရမည့်အိမ်သို့သွားရသည်။သူ့ရဲ့အလုပ်က private schoolက ကလေးတွေကို guideအနေနဲ့စာပြပေးရတဲ့အလုပ်။

စာသင်ဝိုင်းကတစ်နေရာနဲ့တစ်နေရာမတူသလို စာသင်ချိန်တစ်ချိန်နဲ့တစ်ချိန်ကလဲမတူ။ဒီနေရာပြီးရင် ဟိုနေရာသွားနေရသူမို့ကားနဲ့မို့သာတော်ရော့သည်။
စာသင်ချိန်က တစ်ဝိုင်းကိုနှစ်နာရီမို့ ထိုအချိန်အတွင်းမှာကျောင်းသားရဲ့ခေါင်းထဲ သင်ခန်းစာကိုမှတ်မိအောင်လုပ်ရသည်မှာမလွယ်ကူ။ဒုံးဝေးတဲ့ကျောင်းသားတွေကိုသင်ရရင်ပိုဆိုးသည်။
ကျောင်းကသင်ပေးလိုက်ပေမယ့် အတန်းကြီးလေစာတွေကများလေလေမို့ မိုရ်တို့လိုguideတွေက ပိုနားလည်အောင်ရှင်းပြရသည်။

You've reached the end of published parts.

⏰ Last updated: Nov 12, 2022 ⏰

Add this story to your Library to get notified about new parts!

Gambling King ( ခေတ္တရပ်နား ) Where stories live. Discover now