♕︎ 2 ♕︎ (end)

834 80 8
                                    

ခြေထောက်တွေပိုင်ရှင်ဟာအနည်းငယ်မဝဲ့မရဲဖြစ်နေသည်။ဒါပေမဲ့မလာပဲမနေနိုင်အောင်ထိ သူ့စိတ်အစဉ်ဟာစိုးမိုးခံနေရတော့လည်းမတတ်နိုင်ပေ...။

"စီနီယာ"

'‌ဂျောက်'ခနဲဖွင့်လိုက်တဲ့ခေါင်မိုးထပ်ရဲ့တံခါးသံနောက်မှာ ဆောင်ဟွန်းရဲ့ခေါ်သံသည်လည်းတဆက်တည်းထွက်လာသည်။မျက်လုံးကလည်လည်နဲ့မျှော်လင့်ထားသူကိုဝေ့ဝဲရှာဖွေလိုက်လျှင်

ဟင်...မရှိဘူးလား....

ညှင်းတိုက်လာတဲ့လေအချို့ကြောင့်ဝေ့ဝဲသွားတဲ့ဆံပင်တွေနဲ့အတူ မျက်တောင်‌တွေကိုလည်းတဖျတ်ဖျတ်ခတ်လိုက်မိသည်။

ထူးဆန်းလိုက်တာ....အရင်ကကြိုရောက်နေကျကို

"ဟိတ်!"

ရုတ်တရက်နားရွက်နားထိခပ်လာတဲ့လေငွေ့နွေးနွေးဟာလျှပ်တပြက်နိုင်လွန်းသည်။လန့်ဖို့တုံ့ပြန်ချိန်မရလိုက်အောင်ပင်ပုခုံးကိုသိုင်းဖက်လာတဲ့လက်မောင်းတစ်ဖက်ကစိတ်အာရုံအလုံးစုံကိုချုပ်ကိုင်သွား၏။

"အာ...စီနီယာ"

"haha ရုပ်လေးကဘာဖြစ်နေတာလဲ"

"အမ်?"

ကျီစယ်စယ် အမေးပြုလာပေမဲ့အဖြေမစောင့်တဲ့သူဟာ သူ့ဆံပင်‌နက်တွေကိုဆွဲဖွပြီးအရင်လျှောက်သွားတော့၏။ကြောင်တောင်တောင်ရပ်နေမိခဲ့ပေမဲ့ စိတ်ထဲစွဲထားတဲ့အသိဟာနားသစပ်တွေနီမနေမှဖြစ်မည်။

သိသာနေလို့မဖြစ်!လုံးဝ သိသာနေလို့မဖြစ်ပါ။

"အဲ့မှာရပ်မနေပဲလာလေ၊မုန့်စားရအောင်"

မနေ့ကစီနီယာက သူ့ကိုနမ်းခဲ့သည်....

သူ့ကိုလေ......

အဲ့ဒီရွှေမင်းသားလေးကသူ့ကိုသဘောကျတယ်တဲ့လား...။‌ယုံကြည်ရခက်ပေမဲ့တစ်ချိန်တည်းမှာပဲ‌ ပျော်ရွှင်တာလားမသိတဲ့စိတ်ခံစားချက်အမျှင်တို့ကရစ်ဝဲပြန်သေး၏။တခြားသူမဟုတ်ပဲ အဲ့ဒီသူကရှင်းမ်ဂျယ်ယွန်းလေ။

သူသည်သာတစ်ယောက်တည်းအတွေးတွေနဲ့ ဝုန်းဒိုင်းကျဲနေပေမဲ့လို့ ဘေးမှတစ်ယောက်သောသူကတော့သာမန်အတိုင်းတည်တည်ငြိမ်ငြိမ်။သူတွေ့နေကျစီနီယာထက်ပင် တည်ငြိမ်လွန်းသည်။ဒါ‌တော့မတရားပါ။

My Royal Prince [𝘑𝘢𝘬𝘦𝘩𝘰𝘰𝘯]✓Where stories live. Discover now