ကယ်မနေဘူး

55 5 0
                                    

”ဘာလို့လဲမောင်ထက်ရှားရဲ့”

”ကျွန်တော်..ဟာဗျာ..ကျွန်တော်မပြောရက်ဘူးဗျာ..အင့်”

”ဒေါ်ကြီးရင်တွေပူလိုက်တာကွယ်.ဘာဖြစ်တာလည်းပြောစမ်းပါ”

”ဦးမြင့်ကပြောတယ်သိလား.မင်းတို့ဒေါ်ကြီးကိုငါကကြိုက်လွန်းလို့မဟုတ်ဘူးတဲ့..မင်းတို့အဒေါ်ကငါ့ကိုတော်တော်ဖြစ်လို့ရခဲ့တာတဲ့”

ရှားစကားအဆုံးဒေါ်လှမျက်နှာမှာရဲတက်လာသည်၊ဦးမြင့်သည်လည်းရွာသားလက်ချက်ကြောင့်မလှုပ်နိုင်မပြောနိုင်နဲ့ပြူးပြူးပြာပြာဖြစ်နေရသည်။

”ငါမူးနေတုန်းမင်းတို့ဒေါ်ကြီးကပုခုံးပေါ်ကောက်တင်သွားလို့ရတာတဲ့..ငါကချစ်လွန်းလို့လို့တော့မထင်နဲ့တဲ့..ကျွန်တော်စိတ်မကောင်းဖြစ်လွန်းလို့ပါဗျာ”

အပီအပြင်ဝမ်းနည်းပြနေတဲ့ရှားကြောင့်ပြောသမျှအမှန်ထင်ပြီးကိုယ်တွင်းရှိသမျှဒေါသတွေငယ်ထိပ်တက်ဆောင့်လာတဲ့ဒေါ်လှကရွာငယ်ကိုလှည့်ကြည့်လာတာ​ကြောင့်စိတ်မကောင်းတဲ့မျက်နှာလေးဖြင့်ခေါင်းညိမ့်ပြလိုက်သည်...ထိုအခါ....

”ရှင်လာစမ်း”

အားကြီးနဲ့လာနေတဲ့ဒေါ်လှကြောင့်ဦးလေးကိုလွှတ်ပေးလို့မောင့်စီလေအလျင်နဲ့ပြေးကပ်လိုက်သည်။

”အား..မိန်းမ..နာတယ်..အ”

လူကိုပုခုံးပေါ်ကိုယ်တစ်ဝက်ထမ်းတင်ပြီးဇရပ်စီလွှင့်လွှင့်ပစ်နေတာကြောင့်ဦးမြင့်မှာအော်ရုံကလွဲမတတ်နိုင်...ခန္ဓာဆိုက်ကပွင့်နဲ့ဗေလုဝကို..ဟိုနှစ်ကောင်ကတော့ဘယ်အချိန်ပြေးသွားလိုက်မှန်းမသိပေ၊ထိုနေ့ကကြာဇံဟင်းခါးအလှူရှင်ကြီးဦးမြင့်အာလူးတစ်သောင်းနဲ့တရားနာခဲ့ရလေသည်။

...............

အချိန်အားဖြင့်ညကိုးနာရီခွဲဝန်းကျင်ဖြစ်သည်၊လပြည့်ညဖြစ်တာကြောင့်ဘယ်အရာကိုမဆိုသဲကွဲအောင်မြင်လောက်သည်အထိလင်းထိန်နေသည်၊အရှေ့အနောက်ရွာလမ်းမအကျယ်ကြီးသည်ဘယ်သူမှမရှိတိတ်ဆိတ်နေသည်၊သိပ်မကြာလိုက်ခင်မှာပဲအရှေ့အရပ်မှအရိပ်နှစ်ခုရွေ့လျားလာလေသည်၊ဘောလုံးဝတ်စုံအနီရောင်ဝမ်းဆက်ကိုဆင်တူဝတ်လို့သူခိုးဒီဇိုင်းအပီအပြင်ထွင်လာသေးသည်၊ပါလာသည်ပုဆိုးများကိုမျက်လုံးအောက်နားစီကနေကပ်စည်းလိုက်ကြသည်၊တင်းနေအောင်စည်းပြီးသည်နဲ့အောက်ရှည်နေတဲ့နှစ်စထဲကအထက်တစ်စကိုယူကာနောက်သို့လှန်ချလိုက်သည်၊ပြီးသည်နဲ့မျက်လုံးပဲပေါ်သည်ထိခပ်တင်းတင်းထပ်ဆွဲလိုက်သေးသည်။

You've reached the end of published parts.

⏰ Last updated: Apr 17, 2023 ⏰

Add this story to your Library to get notified about new parts!

အပျိုချောရွာရဲ့အရှုပ်တော်ပုံကြီး(ongoing) Where stories live. Discover now