Part-33

929 42 2
                                    

                  ပြွတ်စ်!

              အင်းအဲမြည်ကာ အပျင်းထူနေသော ငပျင်းလေးအား နိုးထစေရန်နည်းလမ်းက ဒီတစ်နည်းသာရှိတော့သည်မို့   အနိုင်ကျင့်သည်လည်း ဆိုချင်ဆိုပါစေတော့။

"ဟာဗျာ! မနက်စောစောစီးစီး တကယ်ပါပဲ"

နှုတ်ခမ်းစူစူလေးအား ပြွတ်ခနဲမြည်အောင်နမ်းလိုက်သောအခါ ပျင်းကြောဆန့်နေသော ငပျင်းလေးက ချက်ချင်းဆိုသလို ငုတ်တုပ်ထထိုင်လာသည်။မျက်နှာပြင်တစ်ခုလုံးလည်း ပန်းနုရောင်သမ်းနေသည်။မချိတင်ကဲရေရွတ်သံနှင့်အတူ ကောင်လေးသည် စောင်ပုံထဲမှအမြန်ထကာ ရေချိုးခန်းဆီသို့ဦးတည်ပြေးတော့သည်။သူလည်း ခေါင်းယမ်းကာရယ်ရုံနှင့် အသည်းယားရုံမှလွဲမလုပ်တတ်တော့ပေ။


              ရာရာ့အတွက်မနက်စာပြင်ပေးနေရင်း စာကျက်မည့်နေရာလေးကိုလည်း အဆင်သင့်ဖြစ်နေစေသည်။သေချာသည်က ထိုကောင်လေးသည် မနက်စာစားပြီးသည်နှင့် သူ့အားပလစ်ကာ စာကျက်တော့မည်ဖြစ်သည်။သူတွေးနေရင်း စာအုပ်အထပ်လိုက်မ,လာကာ လှေကားမှလှုပ်တုပ်လှုပ်တုပ်ဆင်းလာသော ရာရာ့အားတွေ့ရသည်။ဖန်ခွက်ထဲသို့ငှဲ့လက်စ နွားနို့အား အမြန်ငှဲ့ထည့်လိုက်ပြီး ရာရာ့ထံပြေးသွားလိုက်သည်။

"စာအုပ်တွေအဲ့လောက်အများကြီးကို ဘာလို့တစ်ယောက်တည်းသယ်လာတာလဲ ရာရာရယ်၊ကိုယ်ရှိနေတာ ကိုယ်သယ်ပေးမှာပေါ့ကွာ"



"ရပါတယ် ဦးခေတ်ကလည်း...ကျွန်တော်ကယောက်ျားပါဗျ ဒီလောက်တော့သယ်နိုင်ပါတယ်"



"ဘာပဲဖြစ်ဖြစ် နောက်တစ်ခါဒီလောက်အများကြီးသယ်မလာရဘူးနော်၊ကြားလား! မတော်လို့ လှေကားပေါ်ကပြုတ်ကျရင်ဘယ်လိုလုပ်မလဲ"


               မဆိုစလောက်ကလေး လေသံမာသောအခါ ရှေ့မှကလေးငယ်သည် အနည်းငယ်စူပုပ်ပုပ်ဖြစ်လာသည်။ထို့နောက် ဟွန့်ခနဲအသံပြုကာ ထမင်းစားခန်းဆီသို့ဦးတည်သွားတော့သည်။

                 အနောက်မှထပ်ကြပ်မကွာ လိုက်သွားသောအခါ သူငှဲ့ပေးထားသည့်နွားနို့အား ပြန်၍အပူပေးနေသော ကောင်လေး၏ကျောပြင်သေးသေးလေးအား နောက်မှသိုင်းဖက်လိုက်သောအခါ ခန္ဓာကိုယ်လေးကတွန့်ခနဲ။


ချစ်ခြင်းတည်စေWhere stories live. Discover now