Chapter 5: 𝕚𝕔𝕖 𝕙𝕠𝕔𝕜𝕖𝕪

686 100 36
                                    




ဆောင်းရာသီက ပို၍ချမ်းအေးလာသော်လည်း ဂျယ်ယွန်းနဲ့ဆောင်ဟွန်းတို့ရဲ့ ဆက်ဆံရေးက အတော်အသင့် အဆင်ပြေနေပါပြီ။ ချစ်သူရည်းစားတွေလိုမျိုး အဆင့်မဟုတ်ပေမယ့် အရင်ကနဲ့ယှဉ်ရင် နှစ်ဦးသားကြားမှာ ရင်းနှီးမှုတိုးလာခဲ့တာ အမှန်ပင်။

တစ်ခါတလေတော့ တစ်အိမ်ထဲမှာနေကြရင် သဘောထားမတိုက်ဆိုင်တဲ့ အချိန်တွေလည်းရှိတတ်သေးသည်။

" ဆောရီး ငါပန်းကန်ဆေးရင်း ဖန်ခွက်ကွဲသွားပြီ "

မီးဖိုခန်းထဲမှာ အတူရှိနေရင်း ဂျယ်ယွန်းက ထမင်းစားနေသော ဆောင်ဟွန်းကို မျက်နှာငယ်လေးနှင့် လှည့်ကြည့်တယ်။ ဒါက ဆောင်ဟွန်းဝယ်ထားတဲ့ တန်ဖိုးကြီးပန်းကန်ခွက်ယောက်တွေဖြစ်တာမို့ သူ့မှာစိတ်မသန့်ဖြစ်ရသည်။

ပြီးတော့ ဒီလိုဖြစ်ရအောင် ဂျယ်ယွန်းက တမင်လုပ်တာမဟုတ်ပါဘူး။ ဒီတိုင်း လက်ချော်ပြီး ပြုတ်ကျလို့ကွဲသွားရတာ သက်သက်ပဲ။ မာမီ့အိမ်မှာတော့ အဆူခံရမှာမဟုတ်ပေမယ့် လက်ရှိအခြေအနေမှာ အတော်လေးကွာခြားနေသည်လေ။

" အာ..ငါတမင်လုပ်တာမဟုတ်ဘူးနော်။ အဲ့တာက..."

" အင်း ကျွန်တော်သိတယ်။ ပန်းကန်မဆေးဘဲ သွားလိုက်တော့။ ကျန်တာကျွန်တော်လုပ်လိုက်မယ် "

တည်ငြိမ်သော မျက်နှာထားနှင့်အတူ အေးတိအေးစက်မျက်ဝန်းများက သူ့ကိုကြက်သီးထစေတဲ့အထိ ကြောက်ဖို့ကောင်းလှသည်။ ဆောင်ဟွန်းက သူ့ထက်ငယ်တယ်ဆိုပေမယ့် တစ်ခါတလေ ဘာလို့အဲ့လိုကြောက်စရာကောင်းနေမှန်း နားလည်ရခက်သည်။

ဒါပေမဲ့လည်း ဂျယ်ယွန်းဟာ ခက်သွက်သွက်ပဲ မီးဖိုခန်းထဲမှထွက်သွားတော့တယ်။ သူက မနက်စာစားပြီးမို့ အနားယူဖို့သာ ကျန်ရစ်တော့သည်။ ဒီမတိုင်ခင် hot choco တစ်ခွက်ကို ကိုယ်တိုင်ဖျော်၍ အိပ်ခန်းထဲသို့ ထွက်လာခဲ့တယ်။

ဒီနေ့ဟာ ရုံးပိတ်ရက်ဖြစ်သည့်အပြင် ကျောင်းပိတ်ရက်လည်းဖြစ်သည်။ ဒါကြောင့် သူရော၊ဆောင်ဟွန်းကော အိမ်ထဲမှာပဲ နေဖြစ်တယ်။ ဆောင်းရာသီမို့ ရာသီဥတုဆိုးရွားလွန်းတာလည်း တစ်ကြောင်းမို့ ဂျယ်ယွန်းက ဇိမ်နဲ့ရုပ်ရှင်ကြည့်ဖို့တေးထားသည်။

𝟭𝟵 | SungJakeحيث تعيش القصص. اكتشف الآن