တစ်ဦးတည်းနေထိုင်သောJungkookတွင်ပိုင်ဆိုင်မှုဟူ၍များများစားစားမရှိပါ။Taeနဲ့မတွေ့မီကတည်းက Jungkookသည်ရိုးသားကြိုးစားသောလူရိုးလေးပင်ဖြစ်သည်။မိဘများသည်ငယ်စဉ်ကတည်းကကွယ်လွန်သွားခဲ့သောကြောင့်မိဘမဲ့ သူသည်ဦးလေးအိမ်တွင်နေထိုင်ခဲ့သော်လည်း ကာလရွေ့လျားကာကြီးပြင်းလာသည်နှင့် Seoulသို့တက်ကာ အလုပ်ရှာပါတော့သည်။Jungkookတွင်အိပ်မက်စိတ်ကူးဟူ၍များများစားစားမရှိပါ။သေချာရေရာသောအလုပ်တစ်ခုရလျှင် မျိုးရိုးကောင်းမိန်းမချောလေးနှင့်လက်ထပ်ယူ၍ မိမိမျိုးရိုးကိုထိန်းသိမ်းနိုင်ရန်ဖြစ်သည်။မိမိကြင်ဖက်အပေါ်တွင်၊သစ္စာမပျက်သောအဖော်မွန်ကောင်း၊သားသမီးအပေါ်တွင်မေတ္တာဖြင်လွှမ်းမိုးမည့်ဖခင်ကောင်းတစ်ယောက်ဖြစ်ရန် သူဆန္ဒရှိပါသည်။Jungkook၏ဖခင်သည်အိမ်ထောင်ရေးဖောက်ပြားကာမိခင်အားလိမ်ညာခဲ့သောကြောင်ဖောက်ပြားကာမိခင်အားလိမ်ညာခဲ့သောကြောင့်သူသည်မုသားအားသိပ်မုန်းတတ်ပါသည်။
        သို့ရာတွင်သူ၏စိတ်ကူးများသည်ချစ်ရသူTaeနှင့်ဆုံပြီးနောက်တွင်စတင်ပျောက်ကွယ်လာပါတော့သည်။Taeနှင့်တွေ့ဆုံပြီး3လအကြာတွင်သူတို့ကြားမှRelationshipသည်တစ်ဆင့်တက်လာပါတော့သည်။ရိုးရိုးအေးအေးနေသောTaeသည်သူ့အပေါ်တွင်ဆက်၍အေးစက်နေခဲ့ပါသည်။‌အဖြေတောင်းသောနေ့ကပင်

"Tae,မင်းလည်းသိနှင့်ပြီးနေပါလိမ့်မယ်။အကိုလေမင်းကိုညီလေးတစ်ယောက်ထက်ပိုပြီးခဖစ်နေမိတာပလေမင်းကိုညီလေးတစ်ယောက်ထက်ပိုပြီးခဖစ်နေမိတာပါ။Taeဘက်ကရောအကို့ကိုဘယ်လိုများသ‌ဘောထား ...အင်း"

  ဂုတ်ပိုးအားအရှက်ပြေပွတ်၍အဖြေတောင်းနေသောJungkookအားပြုံး၍ကြည့်နေသူမှာTaehyungပင်ဖြစ်ပါသည်။

"အကိုကTaeကိုချစ်တယ်ဟုတ်လား၊အင်း......Taeကလည်းအကို့ကိုချစ်တာပေါ့".

"Taeကကိုယ့်ကိုလက်ခံလိုက်တယ်ပေါ့၊ဟုတ်လား။ကိုယ်သိပ်ပျော်တာပဲ၊Taeရယ်။ကိုယ်မှာမိဘလည်းမရှိပါဘူး။ပြီးပြည့်စုံတာလည်းမဟုတ်ပါဘူး။ဒါပေမယ့်Taeကိုတော့လေ ကိုယ် ကိုယ် မင်းသားတစ်ပါးလိုထားမှာပါ၊Taeကိုယ့်ကိုယုံတယ်မလားဟင် Tae."

"အင်း ၊Taeက အကို့ကိုယုံတယ်။အဲဒီအစားကိုယ်ကTaeကိုပျော်အောင်ထားပေး၊ပိုပြီးချစ်ပေးဟုတ်ပြီလား".

အစပိုင်းကတော့သိပ်ချစ်ခဲ့ကြတဲ့ချစ်သူနှစ်ဦး၊ခယောင်းလမ်းပဲဖြစ်ဖြစ်၊ဆူးခင်းလမ်းပဲဖြစ်ဖြစ်၊အို......နောက်ဆုံး မျိုးတူကိုချစ်မိလို့ငရဲပြည်ကိုမျက်နှာမူရမယ်ဆိုရင်တောင်နှစ်ယောက်အတူ လက်ချင်းဆွဲပြီးသွားကြမယ်ပေါ့။အနာဂတ်တွေကိုခဏဘေးဖယ်ထားဦး၊လောလောဆယ်မှာကိုယ်နဲ့မင်းနဲ့နှစ်ယောက်အတူတည်ဆောက်မယ့် ကိုယ်တို့ကမ္ဘာလေးပေါ့။

Taeနှင့်ချစ်သူဖြစ်ပြီး3လအကြာတွင် Jungkook companyတစ်ခု၌အလုပ်ရလေသည်။အထက်တန်းသာအောင်သော Jungkookသည်သာမာန်ဝင်တန်းများထက်အနည်းငယ်လစာလျှော့ရခဲ့လေသည်။ထိုအလုပ်ကိုပင်လျှင် သူဌေးအားတောင်းပန်ခယပြီးမှရခဲ့လေသည်။သူ ဒူးထောက်ရလည်းဘာအရေးလည်း။ချစ်ရသူTaehyungအားပြည့်ပြည့်စုံစုံထားနိုင်ရေးအတွက်သူသည် အချိန်ပိုင်းအလုပ်များစွာလည်းလုပ်ခဲ့သည်။ ပန်းတိုင်ကတော့Universityဆက်တက်မည့်Taehyungအားထောက်ပံ့ရန်ဖြစ်သည်။Taehyungသည်သူထက်၂နှစ်ကြီးပြီးအဘွား၏ကျန်းမာရေးကြောင့် second yearတွင်ယာယီကျောင်းနားထားခြင်းဖြစ်သည်။

       မိမိကဘာမှမဖြစ်ပါ။Taehyungအနာဂတ်သည်ပိုး၊ဖယောင်းလိုချောမွတ်နေရမည်။Business major၏Top 1ဖြစ်သောသူ၏ချစ်သူအားAircon ခန်းထဲ၌သာရှိစေချင်ပါသည်။

"ဂျိန်း....ဝေါ....ဝေါ......"

"ဟော....ဆောင်းရာသီကြီးမိုးရွာတော့မယ်ထင်တယ်။ဒီနေ့ပိုက်ဆံလည်းများတယ်၊ကားလည်းအများကြီးဆွဲရတယ်ဆိုတော့သားဖို့ နို့မှုန့်ကောင်းကောင်းလေးဝယ်သွားရမယ်။ မေ့‌‌ေတာ့မယ် အဘွားမှာတဲ့ဟာတွေရော ဝယ်ရဦးမှာပဲ"

ကားဒိုင်ခွက်ထဲမှနာရီအား တစ်ချက်ကြည့်ကာ အတွေးစများဖြတ်တောက်၍ အငှားကားကိုစဆင်မောင်းနှင်တော့လေသည်။Jungkookပင်ပန်းနေပါသည်။တစ်ခြားတော့မဟုတ်ပါ။သူ့စိတ်ထဲတွင်Taehyungအားလွမ်းနေသောကြောင့်ပင်ဖြစ်သည်။Taeသာမညာခဲ့ရင်မောင်ကလေ24နာရီလုံးကားဆွဲနေရတာတောင်ပင်ပန်းမယ်မထင်ပါဘူး။အခုတော့Taeရယ်။.......

မိုးလေးကအေးအေး၊လေ လေးကနွေးနွေး၊အင်း......မင်းလည်းမင်းအိပ်မက်တွေနဲ့ပျော်ရွှင်ပါစေ၊မောင့်ကောင်လေး.....။

ဒါလေးကလေ သာမာန်အဆင့်အတန်းနဲ့ယောက်ျားလေးနှစ်ယောက်ကြားထဲမှာဇာတ်အိမ်တည်ထားတာမို့နည်းနည်းလက်တွေ့ဘက်ကိုသွားထားပါတယ်။

You've reached the end of published parts.

⏰ Last updated: Nov 28, 2022 ⏰

Add this story to your Library to get notified about new parts!

Good LuckWhere stories live. Discover now