Who Allowed You To Love

235 37 9
                                    

Unicode

စူးရှရှမျက်ဝန်းနက်တစ်စုံသည် သူ၏ စိတ်ဝိညာဉ်အစုံကို ဆုပ်ယူသွားတော့မည့်သယောင် စိုက်ကြည့်နေသည်။ လည်ပင်းပေါ်က ဓားသွားသည် အေးစက်စက်၊ ဓားကိုင်ရွယ်ထားသည့် ထီးနန်းရှင်ဧကရာဇ်သည် ရက်စက်၏။ အနောက်ဂေါရဆီဝယ် မေးတင်နေသည့် နေညိုညိုသည် နန်းရှင်ဧကရာဇ်နောက်မှနေ၍ နန်းရှင်၏ အရှိန်အဝါ ရောင်ဝါများအား ပံ့ပိုးထောက်ပံ့နေသည်။

နန်းရှင်ဧကရာဇ်၏ ဖိနှိပ်မှုအောက်ဝယ် ဒူးထောက်ထားသည့် သူ၏ ဒူးများသည် စတင်တုန်ရီလာသည်။ ထို'သူ'သည်ကား တစ်ချိန်တစ်ခါက မြင့်မြတ်လှတဲ့နန်းရှင်ဧကရာဇ်ဂျွန်၏ အမျိုးသားကြင်ယာတော် ကင်မ်မျိုးနွယ်ပင်ဖြစ်သည်။

ဧကရာဇ်ဂျွန်သည် နှုတ်ခမ်းပါးတစ်စုံကို ဖွင့်ဟလိုက်သည့်အချိန် ရက်စက်လှတဲ့ စကားလုံးလှလှလေးတို့သည် မုသားပရိယာယ်များဖြင့် ရောယှတ်ကာ ထွက်ပေါ်လို့လာသည်။

" ကိုယ်တော့်အား ချစ်ခင်စုံမတ်ဖို့ရာ အမယ်မင်းကို မည်သူကများ ခွင့်ပြုလိုက်လေသလဲ..."

ကြင်ယာတော်ကင်မ်၏ ရင်ထဲနင့်ခနဲဖြစ်သွားသည်။ မည်သူကများ ခွင့်ပြုလိုက်လေသလဲ...။ စင်စစ် နန်းရှင်ဧကရာဇ်ကိုယ်တိုင် ထိုအချစ်တို့ကို ဖန်းတီးပေးခဲ့သည်မဟုတ်ပါလား။

နန်းရှင်ဧကရာဇ်ဂျွန်သည် အက်ရှရှအသံနှင့်အတူ အမည်နာမဘွဲ့တော်လေးအား တိုးညှင်းစွာခေါ်သည်။

" ကြင်ယာတော်ကင်မ်..."

ကြင်ယာတော်ကင်မ်သည် မျှော်လင့်ကြီးစွာဖြင့် နန်းရှင်အား မော်ဖူးမိသည်။ ဒါပေမယ့်လည်း နန်းရှင်ဧကရာဇ်ဂျွန်၏ မျက်ဝန်းများသည် ကြင်ယာတော်အား ချမ်းသာပေးမည့်ပုံမပေါ်။ အတ္တနှင့် မာနများက မှောင်မိုက်စွာ ဖုံးလွှမ်းလို့နေလေပြီ။

ပုလဲနှယ် မျက်ရည်စလေးသည် ကြင်ယာတော်ကင်မ်၏ ပါးပြင်ပေါ်မှဖြတ်သန်း စီးဆင်း၍ လည်ပင်းထက်က ဓားသွားပေါ်သို့ ပေါက်ခနဲကျရောက်လေသည်။

" အမယ်မင်း မြတ်နိုးရတဲ့လူဟာ အမယ်မင်းရဲ့ အသက်ဝိညာဉ်ကို နှုတ်ယူလိမ့်မယ်လို့ မထင်ခဲ့ဘူးမလား..."

MORPHO MENELAUS Where stories live. Discover now