Part - 0 (intro) U/Z

1K 53 2
                                    

ဆောင်းဦးရဲ့ ​နေဆာပျို့ မနက်ခင်းမှာ ​ဆောနူး အခုသွား​နေတာက ​တောင်​ပေါ်မြို့​လေးက သူ့ရဲ့ အဖွားအိမ်ဆီကို..
လမ်းခရီးမှာ ​တွေ့ မြင်ရတဲ့ ရှုခင်း​တွေက ကဗျာဆရာတစ်​ယောက် ဖွဲ့ ဖွဲ့ နွဲ့ နွဲ့ ​ရေးစပ်ထားတဲ့ ကဗျာ​လေး တစ်ပုဒ်လို လှပ​နေတယ်။ ရာသီဥတုက ​အေးစိမ့်​နေပြီး ​​တောင်တန်းညိုညိုတို့ရဲ့ အ​ပေါ်မှ ထွက်​​ပေါ်လာတဲ့ ​နေမင်းကြီးရဲ့ နေ​ခြည်​နွေး​နွေးတို့က ပိုင်စိုးပိုင်နင်း ဖြာကျလာခဲ့တယ်။ ​ရေဒီယိုမှ နွဲ့​နှောင်းစွာ ပျံ့လွင့်​နေတဲ့ သီချင်းတစ်ပုဒ်ဟာလည်း ပတ်ဝန်းကျင်နဲ့ လိုက်ဖက်လှတယ်။ ခရီး မထွက်ခင်က ခူးခဲ့တဲ့
စံပယ်ပန်း အချို့ရဲ့ ရနံ့​သင်းသင်းဟာလည်း နှာဖျားသို့ အလုအယက် တိုးဝင်​နေကြတယ်။ ​
အဖြူ​ရောင် ၊အဝါ​ရောင် ၊အနီ​ရောင် ၊အစိမ်း​ရောင် စတဲ့အ​​ရောင်စုံစုံလင်​နေတဲ့ လယ်ကွင်း၊ ပန်းခင်း​တွေရဲ့ အလယ်မှာ ချယ်ရီပင်အိုကြီးက ​ထည်ဝါစွာ ​ပေါက်​ရောက်​နေတယ်။
​​တောင်​ပေါ်က စီးကျလာတဲ့ ​ရေတံခွန်​လေးဟာလည်း ​အေးချမ်းမှုကို ​ဖော်​ဆောင်​နေတယ်။

ဒါ​ပေမယ့် ​​ချယ်ရီပင်ကြီးရဲ့ ​အောက်မှာ ​​ကျယ်ပြန့်လှတဲ့ ကောင်းကင်ပြာကြီးကို ​ငေး​မော​နေတဲ့ တစ်စုံတစ်​ယောက်ရဲ့ ​ရူပကာကြောင့် လှပါတယ်ဆိုတဲ့ ရှုခင်း​တွေ​တောင် မျက်နှာငယ်ကြရတယ်။

ဘုရား​ရေ...ဒီလူ တကယ်ပဲ လူ​ကောဟုတ်ရဲ့လား...

နှာတံစင်းစင်းရဲ့ ​​ဘေးမှာ ထင်ရှားစွာ တည်ရှိ​နေတဲ့ မှဲ့နက်တစ်လုံး။ နို့နှစ်​ရောင်သားအ​ရေနဲ့ မျက်ခုံးထူထူ။ ​သွေး​ရောင်သန်း​နေတဲ့ နှုတ်ခမ်းသား။ အရာအားလုံး ပြည့်စုံတယ်။ ရှုခင်း​တွေလား။ မလို​တော့ဘူး။
ချယ်ရီပင်လား။ မလို​တော့ဘူး။ ​ရေတံခွန်လား။ ပန်းရနံ့​တွေလား။ ​ရေဒီယိုက သီချင်းလား။ မလို​တော့ဘူး။ ဘာမှ မလို​တော့ဘူး။

အဲ့ဒီလူက ဘာနဲ့ သဏ္ဌာန်တူသလဲဆိုရင်....
​​မှောင်မဲ​နေတဲ့ ​ကောင်းကင်ကြီးမှာ ​​တောက်ပစွာ ထိန်လင်း​နေတဲ့ ကြယ်တစ်စင်းနဲ့ သဏ္ဌာန်တူတယ်။ နတ်ဘုံက ဆင်းသက်လာတဲ့ နတ်သား​လေး တစ်ပါးနဲ့လည်း သဏ္ဌာန် တူ​နေပြန်တယ်။

Soul Under The Cherry Tree | Sunsun |Where stories live. Discover now