Part-34

752 34 2
                                    

                "ဦးခွန်စဝ်သွေးနဲ့ဦးကျော်စွာထွဋ်ခေါင်"

               တွေ့လိုက်ရသော နာမည်နှစ်ခုနှင့်လက်မှတ်နှစ်ခုကြောင့် အဂ္ဂမျက်မှောင်ကြုတ်လိုက်မိသည်။ထိုအမည်နာမတို့အား ရင်းနှီးနေသလိုခံစားရပြီး တစ်ဆက်တည်းမှာပင် သံသယစိတ်တို့ကဖြစ်ပေါ်လာသည်။ထိုအမည်များအား တဖွဖွရွတ်နေရင်း ရုတ်တရက်ထွက်ပေါ်လာသောတံခါးခေါက်သံတစ်ခုကြောင့် သူ့အတွေးများရပ်တန့်သွားရသည်။


"အစ်ကိုငယ် စီစဉ်ခိုင်းထားတဲ့အတိုင်း အကုန်အဆင်သင့်ဖြစ်ပါပြီ"


"ဟုတ်ပြီ  တိုင်ပင်ထားတဲ့အတိုင်းမလွဲစေနဲ့နော်"


"ဟုတ်ကဲ့ပါ အစ်ကိုငယ်ကလည်း"


                အဂ္ဂလည်းမေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။ထို့နောက် သူတို့စီစဉ်ထားသည့်အတိုင်း ရန်ကုန်မြို့စွန်ရှိ နေကြာခင်းဆီသို့ဦးတည်လိုက်တော့သည်။




"အစ်ကိုသုတ ကျွန်တော့်ကိုဘာလို့ ဒီနေရာကိုခေါ်လာတာလဲ"



လွန်း သူ့ရှေ့တွင်မြင်လိုက်ရသည်က မျက်စိတစ်ဆုံးရှိနေသော နေကြာပန်းခင်းကြီးအပြင် ပန်းခင်းအလယ်တွင်ရှိနေသည့် ဖန်အိမ်လေးတစ်လုံး။


"မင်းအတွက် လက်ဆောင်တစ်ခုပြင်ထားတယ်၊သင်တန်းဆင်းပွဲအမှတ်တရပေါ့ကွာ"



            လွန်း၏bakeryသင်တန်းဆင်းအမှတ်တရသည် သူတို့အိမ်တွင် လွန်ခဲ့သောသုံးရက်ခန့်ကပင်ပြုလုပ်ပြီးပြီဖြစ်သော်လည်း ထပ်မံ၍လုပ်ပေးလာသောအခါ သူတွေးဆဆဖြစ်လာရသည်။


"လာပါကွာ ဟိုမှာအစ်ကိုလည်းရှိပါတယ်"


               မနက်ကအလုပ်ကိစ္စရှိသည်ဆိုကာ ခပ်မြန်မြန်ထွက်သွားသောကိုကို့အား သူဖုတ်ထားသောကိတ်မုန့်လေးပင်မကျွေးလိုက်ရပေ။ပြောရင်းဆိုရင်း မျက်ရည်တို့ကဝေ့သီလာရပြန်သည်။သုတသည် လွန်း၏လက်အားဆွဲကာ နေကြာပင်များကြားမှဖြတ်၍ ဖန်အိမ်လေးထံသို့ခေါ်သွားသည်။


                  ဖန်အိမ်လေးထဲသို့ရောက်သောအခါ မှောင်မဲနေသော အတွင်းပိုင်းကိုသာတွေ့ရသည်။နေရောင်ခြည်ကျရောက်နေမည်ထင်ခဲ့သော်လည်း အထင်နှင့်အမြင်မှာတလွဲစီပင်။ဖန်အိမ်လေး၏အပြင်ပိုင်းအား  အကြည်အတိုင်းလေးသာဖြစ်နေစေပြီး အတွင်းပိုင်းအား systemတစ်ခုဖြင့်ထိန်းချုပ်ထားသည်။မှောင်မဲနေသည့်နေရာကိုမြင်တော့ လွန်း ကြောက်မိပြန်သည်။အားကိုးတကြီး ဘေးကိုလှည့်ကြည့်လိုက်ပြန်တော့ အစ်ကိုသုတကရှိမနေ။၀မ်းနည်းစိတ်ကလေးက တရိပ်ရိပ်တက်လာသောအခါ ငိုချချင်လာသည်။ထိုအချိန်တွင် ဖောင်းခနဲမြည်သံကြီးအားကြားလိုက်ရသည်။


ချစ်ခြင်းတည်စေWhere stories live. Discover now