Unicode"ဒေါက်.......ဒေါက်"
"ဝင်ခဲ့ပါ"
"ကျွန်တော့်ကို ခိုင်းစရာရှိလို့လား Sir"
" အွန်"အိမ်က ကလေးအတွက် အထိန်းတစ်ယောက်ရှာပေးလို့မရလား။ ဖြစ်တဲ့သူခေါ်လာတာမျိုးမဟုတ်ဘဲ သေချာစီစစ်ပြီးမှ ကလေးအတွက် အဆင်ပြေမယ့် သူမျိုးပေါ့!!""ဟုတ်ကဲ့
ကျွန်ဝောာ် သေချာလေးစီစဉ်ထားလိုက်ပါမယ်
ဘယ်နှစ်ရက်လောက် အချိန်ယူရမလဲ Sir""မကြာစေနဲ့ ရဲလင်း
ဖြစ်နိုင်ရင် သုံးရက်လောက်ဘဲ အချိန်ယူစေချင်တယ်""ဟုတ်ကဲ့ Sir
ကျွန်တော့်ကိုခွင့်ပြုပါအုံး"ရဲလင်းထွက်သွားမှ သဣ လုပ်လက်စ အလုပ်ေတွကို လက်စသက်နေလိုက်တယ်။ လေးထောင့်ကျတဲ့ မျက်နှာပြင်၊ မျက်ခုံးထူထူနဲ့နှာတံကဖြောင့်ဆင်းနေတယ်၊ မျက်ဝန်းက နက်မှောင်လွန်းတယ်၊နှုတ်ခမ်းအထက်မှာ မှဲ့နက်တစ်လုံးနဲ့ နှုမ်းခမ်းတွေက မထူမပါးအနေအထားမှာရှိပြီး လေးထောင့်ဆန်"မျက်မှန်တစ်လက်ကို တက်ထားတယ်။ အရပ်အမြင့်က ေြခာက်ပေကျော်မှာရှိတဲ့ သဣ ကို ပျိုတိုင်းကြိုက်တာ အဆန်းတော့မဟုတ်။ Single father တစ်ယောက်ဖြစ်တဲ့ သဣ အနေနဲ့ အိမ်ထောင်ပြုဖို့ဆိုတာ မဖြစ်နိုင်သေး၊
တီ.....တီ!!!
"ဟယ်လို"
"ဖေဖေ ဘယ်ချိန်အိမ်ပြန်လာမှာလဲ"
အစော ပြောမှဘဲ သဣ အချိန်ကိုကြည့်မိတယ်၊ (၆)နာရီတောင်ထိုးနေရောပေါ့၊
"မကြာခင်ပြန်လာမယ် အစော
အိမ်စာပါတယ်မလား""ဟုတ်ကဲ့ ဖေဖေ"
"အိမ်စာရေးပြီး စောင့်နေ"
"ဟုတ်"
ဖုန်းချပြီး လုပ်လက်စ အလုပ်တွေအကုန် လက်စသတ်ပြီး အိမ်ပြန်ဖို့ပြင်လိုက်တော့တယ်၊ အဖေတစ်ယောက် အနေနဲ့ တာဝန်ပျက်ကွက်နေတာမျိုးမဖြစ်ချင်၊ဒီကလေးကို မွေးပြီးထဲက သေချာလေး ဆုံးဖြတ်ချက်ချထားတာမျိုး၊
"Sir ကားအဆင်သင့်ဖြစ်ပါပြီ"
"အိမ်ကိုဘဲပြန်မယ်
ဒီနေ့အတွက် စာရင်းတွေ အဆင်ပြေလား"
"ပြေပါတယ် Sir
ကလေးထိန်းအတွက် ဆယ်ယောက် အလုပ်လာလျောက်ပါတယ်
မနက်ဖြန် interview လာဖြေဖို့ပြောထားပါတယ်"