Part-35

855 35 2
                                    

        "ကျွန်တော် ကိုကို့ကိုပြောစရာရှိတယ်၊ဒါပေမဲ့ ကျွန်တော့်ကို စိတ်မပျက်ဘူး၊မမုန်းဘူးလို့ကတိပေး"



                  ကိုကိုသည် မြတ်နိုးစရာလေးတစ်ခုအားကြည့်သကဲ့သို့ ကြင်နာသောအကြည့်တို့ဖြင့် လွန်းအားကြည့်သည်။ထို့နောက် လွန်း၏ပါးလေးအားခပ်ဖွဖွကိုင်ကာ...


"ကိုယ်အသက်ရှင်နေရသရွေ့ မင်းကိုမမုန်းဖို့ကတိပေးတယ်"


"ကျွန်တော် အကုန်လုံးကိုမှတ်မိနေတာကြာပါပြီ၊ဒီအတောအတွင်း ကိုကို့စိတ်ကိုသေချာသိချင်လို့ မမှတ်မိချင်ယောင်ဆောင်နေခဲ့တာပါ၊တောင်းပန်ပါတယ် ကိုကို"



                လွန်း မျက်နှာငယ်လေးနဲ့ပြောတော့ ကိုကိုက လွန်းနဖူးလေးအား မနာအောင်ခပ်ဖွဖွလေးတောက်သည်။


"ကိုယ်လည်း ရိပ်မိနေတာကြာပါပြီ၊ကိုယ်လည်း လွန်းကိုလိမ်ခဲ့သလိုဖြစ်သွားရင် တောင်းပန်တယ်နော်"



                သဘောတူညီမှုလည်းရသွားပြီမို့ ကိုကို့ရင်ခွင်ထဲသို့တိုး၀င်၍ အနွေးဓာတ်များသာယူနေမိသည်။မိနစ်ပိုင်းအကြာ ကိုကို့ရင်ခွင်ထဲမှထွက်ကာ ဘေးကိုကြည့်လိုက်တော့ အစ်ကိုသုတနှင့်အစ်ကိုမဟာတို့ကရှိမနေ။ထိုအချိန်တွင် လွန်း၏နဖူးထက်တွင် ကျရောက်လာသော ညင်သာမှုတစ်ခု။ကိုကို လွန်းနဖူးအားခပ်ဖွဖွနမ်းလိုက်ခြင်းပင်။ကိုကို့အနမ်းတစ်ပွင့်ကြောင့် လွန်းရင်ထဲတွင် နွေးထွေးသောလှိုင်းငယ်လေးတစ်ခုဖြတ်စီးသွားသည်။ထိုအချိန် ငုံ့ကျလာသော ကိုကို့မျက်နှာသည် လွန်းထံသို့နီးကပ်စွာ ကျရောက်လာသည်။ကိုကို့၀င်သက်ထွက်သက်တို့သည် လွန်း၏မျက်နှာနှင့်တစ်တန်းတည်း။ကိုကို့မျက်လုံးတို့သည် လွန်း၏နီစွေး‌စွေးနှုတ်ခမ်းဖူးဖူးလေးထံတွင် ကမ်းပါးဆိုက်သည်။ထိုအချိန်တွင်...

"အစ်ကိုငယ် ကျွန်တော်ပြောစရာရှိ......အဲ  အချိန်ကောင်းဖြစ်သွားတာပဲ၊မရည်ရွယ်ပါဘူးဗျာ ဟဲဟဲ"



                 "အရေးကောင်းမှဒိန်း‌ဒေါင်ဖျက်"ဆိုသလို ရုတ်တရက်ရောက်ချလာသော သုတကြောင့် အဂ္ဂမျက်နှာကြီးမှာ စူပုတ်လို့နေသည်။စိတ်တိုနေသော အဂ္ဂရှေ့တွင် စပ်ဖြဲဖြဲလုပ်နေသည့် သုတအနားသို့မဟာကပါရောက်ချလာသည်။


ချစ်ခြင်းတည်စေWhere stories live. Discover now