26

1.4K 42 6
                                    

ဆေးခန်းကပြန်လာကထဲက မျက်နှာမကောင်းသော ချွေးမဖြစ်သူကိုကြည့်ပြီး ဘာဖစ်နေသလဲဆိုတာ စဉ်းစားရခက်နေလေသည် ...

"သမီး မျက်နှာမလန်းပါလား နေမကောင်းဘူးလား "

"ကောင်းပါတယ် မေမေ စိတ်ထဲ နှုန်းနေတာပါ "

အမှန်တော့ Ivyစကားကြောင့်သာ သူမစိတ်ထဲ အနှောက်အယှက်ဖြစ်နေရခြင်းသာ...

လူကြီး ကိုယုံပါသည် ဒါပေမဲ့ Ivy ကသူမထက်စာရင်အစစအရာရာ သာသူပင် ခဲမှန်ဖူးတဲ့ စာသူငယ်လို ခင်ပွန်းကို ဆုံးရှုံးရမှာ သဲ စိုးကြောက်မိပါသည် .....

"အေးအေး အခုက တယောက်ထဲမဟုတ်တော့ဘူးနော် အစစအရာရာ ဂရုစိုက် ကြားလား "

"ဟုတ်ကဲ့မေမေ"

"သွား အပေါ်မှာနားလိုက်နော် ဒီနေ့ သမီး စားချင်တာလေးတွေ အားရှိတာလေးတွေ မေမေ ချက်ကျွေးမယ်"

ဘဝမှာ တစ်ခါမှ မရဘူးတဲ့ မိခင်တယောက်ရဲ့ ဂရုစိုက်မှူ ကြောင့် သဲမျက်ရည်များပင်ဝဲတက်လာရသည်..

"ကျေးဇူးတင်ပါတယ်မေမေ "

မျက်ရည်ဝိုင်းသော မျက်လုံးများဖြင့်ပြောလာသော ချွေးမဖြစ်သူကို ကြည့်ရင်း တကယ်        နောင်တရမိသည်...

ဒီလိုမိန်းကလေးမျိုးကိုမှ သူမ အထင်လွဲမိသည်မဟုတ်လား....

ချာတိတ်နေမကောင်းဘူးလို့မေမေ Phဆက်တာကြောင့် လုပ်လက်စ အလုပ်များကိုပစ်ကာ မာန် တယောက်အိမ်ကိုအပြေးလေး လာခဲ့လေ သည်

"မေမေ ချာတိတ်နေမကောင်းဘူးဆို "

"အခန်းထဲမှာလေ သားနားနေတယ် "

"ဟုတ်ကဲ့မေမေ သားသွားကြည့်လိုက်မယ်နော်"

မိခင်ဖြစ်သူ၏ အဖြေကြားရသည်နှင့်မာန် မပြေးရုံတမယ်ခြေလှမ်းများဖြင့် ချာတိတ်ရှိရာသို့ ကပြာကရာ တက်လာခဲ့လိုက်သည်...

မာန် အခန်းထဲရောက်သည်နှင့် မြင်တွေ့လိုက်ရသည်က ခုတင်ပေါ်တွင်ပုံပုံလေးလှဲနေသော ချာတိတ်..

"ချာတိတ် နေမကောင်းဘူးဆို "

"မှန်း ကိုယ်လဲမပူပါဘူး ဘယ်နေရာနေမကောင်းတာလဲ ပြောပါဦး ကိုယ့်ကိုယ်"

ချာတိတ် ချစ်သော လူကြီးWhere stories live. Discover now