အာလူးနှင့် သူ၏ကိုကို (၈)

1.3K 198 8
                                    

အာလူး ကြောင်ကုတ်ခံရခြင်း။

အာလူး ဒီနေ့ ဘဲစာကျဲနေသည်။ ဘွားဘွားက ဟင်းချက်နေသည်မို့ ဘဲစာကျွေးဖို့က အာလူးရိပေါ်ရဲ့ တာဝန်ပင်။

လက်တစ်ဆုပ်စာဘဲစာတွေကို တဗြန်းဗြန်း ကျဲပြီးပေမယ့် ဘဲပေါက်စတို့က ထွက်မလာ။ အမိုးအကာထဲမှာပဲ တွန့်ဆုတ်တွန့်ဆုတ်လုပ်လျက်။

"လာ စားကြလေ... "

အာလူးကိုအရေးမလုပ်။ ဘဲပေါက်စတို့က ခပ်တည်တည်။

"မြှောင်"

အာလူး ကြောင်ကြီးအော်သံကြားလိုက်ရသည်။လှည့်ကြည့်လေတော့ အုတ်တံတိုင်းပေါ်မှာ အနက်ရောင်ကြောင် အကြီးကြိး။ ရင်ဘတ်မှာတော့ အဖြူရောင်အမွေးတွေနဲ့ ကြောင်ဝတုတ်ကြီး ။

အာလူးကိုလည်း လူမိုက်လိုကြည့်နေသေးသည်။

"မှီ မှီ မှီ"

အာလူးလေးက ကြင်ကြင်နာနာရယ်.။ ကြောင်ဝတုတ်ကိုကိုင်ကြည့်ချင်သည်။

ကြောင်ဝတုတ်ကတော့ ခပ်ချေချေ သူ့ကိုဆက်ပြီးကြည့်နေသေးသည်။

အာလူးတေးထားပါသည်။
ကိုကိုလာလည်ရင် ကြောင်ဝတုတ်ကိုချီခေါ်ခိုင်းပြီး ကိုင်ကြည့်မည်ဟူ၍...

"ကြောင်ကြီးက ဆိုးတယ် ရှင်ရေ...  ဘဲပေါက်တွေကို လာလာချောင်းတာ"

ဘွားဘွားက ဟင်းရွက်သင်ရင်းနဲ့ ဘိုးဘိုးကိုလှမ်းပြောသည်။ ရိပေါ်လေးကတော့ ဦးဦးလဲ့ယွီဝယ်ပေးတဲ့ ပေသီးကို တချောက်ချောက်ခေါက်နေသည်။

"ကြောင်က ဘဲကိုစားတာလား"

"အေးပေါ့...  ကြောင်မည်းကြီး မတွေ့ဘူးလား ကြောင်ဆိုးကြီး"

"ချစ်စရာလေးပါနော်"

မြေးဖြစ်သူကို မနိုင်။ မျက်စောင်းလှမ်းထိုးတော့ ဒူးမနာသားလေးက ပေသီးကို တချောက်ချောက်နှင့်။

"နင့်ဘဲပေါက်တွေစားသွားမှာမကြောက်ဘူးလား"

"ဘိုးဘိူးက ခြံကာထားတာပဲ ကြောင်က ဝင်ပါဝူး"

အာလူးနှင့် သူ၏ ကိုကို Where stories live. Discover now