'𝘊𝘦𝘯𝘵𝘶𝘳𝘺 𝘢𝘱𝘢𝘳𝘵' _16

287 33 5
                                    

ကျောပြင်အောက်က အေးစက်စက်ခံစားမှုကြောင့် ခန္ဓာကိုယ်ဟာ တောင့်နေပြီး၊ကိုင်ရိုက်ခံထားရသလို ကိုက်ခဲနေသည်။ သဲသောင်ပြင်ရဲ့ ပျော့အိအိအရသာ။ တစ်ချက်တစ်ချက် သောင်ပြင်ကိုရိုက်ခတ်နေသော ရေလှိုင်းသံအချို့နှင့်အတူ သဲကွဲစွာ နားထဲဝင်လာသော ခေါ်သံအချို့။

" ဟေး ကောင်လေး ... ကောင်လေး
ထအုံး! ဒီနေရာမှာ ဒီတိုင်းဆက်အိပ်ပျော်နေရင် အေးခဲပြီး သေသွားလိမ့်မယ် "

" ဟိတ်... ဟိတ် .. ငါပြောတာကြားလား "

"‌ ဟိတ် ! .... "

ခဏကြာသည်အထိ သူ့ပခုံးကို လှုပ်ရမ်းကာ ဆက်တိုက် အော်ခေါ်နေသော လူတစ်‌ဦးကြောင့် ဂျွန်ဂယူ မျက်တောင်ဖျားတို့က ဖြည်းဖြည်းချင်းပွင့်ဟလာ၏။ ရုတ်ချည်းဖွင့်လိုက်တာမို့ စူးရှတဲ့အလင်းကိုမခံနိုင်သေးတဲ့ မျက်လုံးတွေဟာ ပတ်ဝန်းကျင်ကို ဝိုးတဝါးပဲမြင်နေရသေးသည်။

*ငါဘယ်ရောက်နေတာလဲ။ *

တဖြည်းဖြည်း ကြည်လင်လာသော မြင်ကွင်းတို့က ဂျွန်ဂယူအတွက် အနည်းငယ်တော့ ထူးခြားနေသည်။ ပြာလဲ့လဲ့ကောင်းကင်ကျယ်ကြီးနှင့် အတူ၊ ထိုကောင်းကင်ကြီး၌ဝဲပျံနေသော ဇင်ယော်ငှက်တချို့။ ထို့ပြင် မြင်တွေ့နေကျမဟုတ်သော ခေါင်းပေါ်က ဆံထုံးနှင့်အတူ အနည်းငယ်ဟောင်းနေသော အရင်ခေတ်အဝတ်အစားကို ဝတ်ထားတဲ့ နှုတ်ခမ်းမွှေးနဲ့ လူစိမ်းဦးလေးကြီးတစ်ယောက်။

*ငါ အိမ်မက်မက်နေတာလား။ ဒါမှမဟုတ် ရုပ်ရှင်ရိုက်ကွင်းတစ်ခုခုကိုရောက်နေတာများလား။ နေအုံး မနေ့ညက သေချာပေါက် ငါဆေးရုံခေါင်မိုးထပ်မှာ ရှိနေတာပါ။ အခုဘယ်လို‌လုပ် ပင်လယ်ကမ်းစပ်ကိုရောက်နေတာလဲ။ ဘာတွေဖြစ်သွားတာလဲ ?

" ဟိတ် .... ကောင်လေး နိုးရင်လည်း ထအုံး‌ ။
ငါ ငါးတွေသွားပို့စရာရှိသေးတယ် မအားဘူး "

ထိုအခါမှ ဂျွန်ဂယူ ရှိသမျှအားတွေကို သုံးပြီး ကုန်းရုန်းထလိုက်သည်။ တချိန်ထဲမှာပဲ ထူးဆန်းပြီး ရုတ်တရက်ဆန်သော အခြေအနေကြောင့် သူ့ခေါင်းထဲ၌ မေးခွန်းတွေသာပြည့်နှက်နေသည်။

" ဦးလေး .. ဒါဘယ်နေရာလဲ?
ရုပ်ရှင်ရိုက်ကွင်းလား ... "

" ဘယ်က ရုပ်ရှင်ရိုက်ကွင်းလဲ၊ငါမသိဘူး "

𝘊𝘦𝘯𝘵𝘶𝘳𝘺 𝘢𝘱𝘢𝘳𝘵_Where stories live. Discover now