Harutoက သတိလွတ်နေသည့် Junkyuကို အခွင့်ကောင်းယူပြီး လက်ကနေဆွဲလှည့်ပြီး ကုန်းပိုးလိုက်သည်။ Junkyuက ရုန်းလိုက်ချင်ပေမယ့် Harutoရဲ့ ခြေသွယ်သွယ်လက်သွယ်သွယ်တွေကိုကြည့်ပြီး လက်လျှော့လိုက်ရသည်။ သူငြိမ်နေတာက အကောင်းဆုံးဖြစ်ပါသည်။ နည်းနည်းလောက်လှုပ်လိုက်ပါက နှစ်ယောက်လုံးလဲသွားနိုင်သည်။
''ဘာမလို့ အဲ့လောက်(ပြဖို့) စိတ်အားထက်သန်နေတာလဲ?''
Harutoက Junkyuကို ကုန်းပိုးထားလျှက် ရုပ်တည်နှင့်ဖြေသည်။
''ကျွန်တော်ကတော့ သူတော်ကောင်းလေးဆိုတော့ သေချာပေါက် မဟုတ်တာတွေမပြပါဘူး...''
Junkyuဘာတစ်ခွန်းမှ ပြန်မပြောဘဲ တိတ်ဆိတ်သာနေလိုက်တော့သည်။ ခဏကြာတော့ Harutoက ပြောလာသည်။
''ကိုကို ရှေ့ကိုကြည့်...''
Harutoကတော့ သဘောရိုးနဲ့ သူတို့ရှေ့က တစ်စုံတစ်ရာကို ပြချင်တာဖြစ်သော်လည်း Harutoကို ပုခုံးပေါ်က ကျော်ပြီး ငေးနေသည့် Junkyuကတော့ စိတ်မလုံစွာဖြင့် ချောင်းဟန့်လိုက်သည်။
''အဟမ်း...ဘာလဲ?''
သူတို့ရှေ့၌ မြင်နေရသည်က သစ်သားအိမ်လေးတစ်လုံး။ရှေးအနည်းငယ်ဆန်ပြီး လှပပေမယ့်အတော်လေး ဟောင်းနွမ်းနေသည်။
Junkyuက စိတ်ရှုပ်ထွေးစွာမေးသည်။
''မင်းငါ့ကို ဒီခေါ်လာတာ ဒါပြဖို့လား?''
နည်းနည်းလေး ရှေးကျပြီး လှတပတလေးဖြစ်နေရုံကလွဲ ဘာတွေများကြည့်လို့ကောင်းနေလို့လဲ?
Harutoက Junkyuကို ချပေးလိုက်ပြီး နားရွက်နောက်သို့ ပွတ်နေရင်း ပလုံးပထွေးဆိုသည်။
''ဒီနေရာလေး မရောက်တာ တော်တော်ကြာနေပြီ''
Junkyuမှာ ပို၍ပင် စိတ်ရှုပ်ထွေးသွားရပြန်သည်။ သေချာတာပေါ့ သူဒီနေရာကိုမရောက်တာ တော်တော်လေးကြာနေပြီလေ။ မွေးကတည်းက ဆိုပါတော့။ Harutoက ဘာတွေပြောချင်နေတာလဲ။
''Haruto မင်းက တကယ်ပဲ ဘယ်လိုလူလဲ?''
Harutoက Junkyuရဲ့လက်ကိုဆွဲယူကာ သူ့ပုခုံးပေါ်တင်လျှက် သူ့ကိုမှီစေလိုက်သည်။
YOU ARE READING
''Butterfly in the Air''(ဝဲရစ်လေဝယ် လိပ်ပြာငယ်)
FanfictionHyung...ကျွန်တော်လူသားတစ်ယောက်မြဖစ်ချင်ဘူး... 🦋 Hyung...ကျွန်တော်လူသားတစ်ယောက်မဖြစ်ချင်ဘူး...
