H 8

790 115 8
                                    

Forlorn
Part 8

တစ်ပတ်၊ နှစ်ပတ် ၊ သုံးပတ်ကနေ တစ်လ၊ နှစ်လသာ ကျော်လာခဲ့သော်လည်း ကိုကိုသည် သူ့ကို ပြန်လည် ဆက်သွယ်လာခြင်းလည်း မရှိ။ သူ့ဘက်ကလည်း တွယ်ကပ်တယ်ဆိုပြီး စိတ်ရှုပ်စရာအဖြစ် အမြင်မခံနိုင်တာမို့ မဆက်သွယ်ဖြစ်။ ကိုကို့အရိပ်ရောင်လေးကိုတောင် သူ့ပတ်ဝန်းကျင်မှာ မတွေ့။ ကိုကို့အိမ်ကို လိုက်သွားဖို့ကိုလည်း ဂျယ်ယွန်း မရဲ။ ဆောင်းဟွန်း ကိုလည်း မတွေ့ဖြစ်။

ကိုကို ရေ ကျွန်တော် ဝဋ်လည်ပြီ ထင်ပါရဲ့လေ။ ကျွန်တော် အိပ်လည်း မအိပ်နိုင်ဘူး။ ကိုကို့အကြောင်းကိုလည်း မစဥ်းစားဘဲလည်း မနေနိုင်ဘူး။ ခဏခဏ ငိုမိလို့လည်း မျက်လုံးတွေ ကြိမ်းစပ်နေတာပဲ။ ကိုကို မရှိမှ ကိုကို့ တန်ဖိုးကို သိတယ် ဆိုရင် လူတွေက အပိုလို့ပြောကြမှာ။

ဗိုက်ဆာလို့ ခေါက်ဆွဲ​ထပြုတ်တာတောင် ကိုကို ပြုတ်ပေးတဲ့ ခေါက်ဆွဲ မဟုတ်လို့လား မသိဘူး၊ ဘာအရသာမှ မရှိဘူး။ Ice Americano မှာပြီး သောက်ဖို့လုပ်ရင် ပိုက်အဆင်သင့်တပ်ထားပြီးသား ဖြစ်မနေတာကို ဆိုင်ကို မေးမိတော့မယ့်အထိ ကိုကိုက အဆင်သင့်လုပ်ပေးတာကို ကျင့်သားရနေခဲ့တာ။

သုံးထပ်သား စားရင် ​ကျွန်တော်ကြိုက်တဲ့ အနေတော် အနေအထားလေးကို ရအောင် ကျွန်တော် မကင်တတ်ဘူး။ ကိုကို ပဲ သိတာ အဲ့ဒါက ၊ အဲ့ဒီ့အချိန်ဆို ကျွန်တော်က ဖုန်းသုံးရင်သုံး ၊ မသုံးရင် ဆောင်းဟွန်းအကြောင်းတွေ ပြောပြနေခဲ့တာ မလား။ ခုတလော​
ပူနေတာကို သတိမထားမိဘဲ ခဏခဏစားမိနေလို့ လျှာကျက်ရတာလည်း ခဏခဏပဲ ။ အရင်က ကိုကိုက အမြဲ အအေးခံပြီးမှ ကျွေးတတ်တာကို။

ပြီးတော့ အဝတ်တွေလည်း အရင်လို သပ်သပ်ရပ်ရပ် မရှိဘဲ ခေါက်ရိုးတွေလည်း နေရာမကျဘူး။ အဝတ်တွေကလည်း ကိုကို အမြဲသုံးပေးတဲ့ အမွှေးနံ့တံဆိပ်ကို မသိတော့ အရင်လို အဝတ်ဝတ်လိုက်တိုင်း လန်းဆန်းသွားတဲ့ ခံစားချက်လည်း မရဘဲ ​ညင်းသိုးသိုး ဖြစ်နေတယ်။

ဆောင်းရာသီကို အပြင်ထွက်တိုင်း မာဖလာက မေ့နေပြန်တယ်။ ကိုကိုက ရှပ်တီးရှပ်ပြာ ကျွန်တော့်ကို အမြဲ အလုပ်မသွားခင် အဆင်သင့်ပြင်ပေးထားတတ်တော့ ကိုယ့်ဘာသာ တစ်ယောက်တည်း ​ဖြစ်တဲ့အခါ မေ့တာတွေ များလို့ တိုက်ခန်း ကို တက်လိုက်၊ ဆင်းလိုက်လုပ်ရတာ အမော။ ကားသော့ ၊ ဖိုင်တွဲတွေ၊ အိမ်သော့ ၊ Laptop ၊ ဖုန်း ၊ နွေရာသီဆို UV ထီး ၊ မိုးရာသီဆို ဆိုဒ်ကြီးတဲ့ထီး ဒါမှမဟုတ် မိုးကာ၊ လဲဝတ်ဖို့ အင်္ကျီတစ်စုံ ၊ ဆောင်းရာသီဆို မာဖလာ၊ အနွေးထည် အပိုနဲ့ အနွေးအိတ်တွေ။ ဗိုက်အောင့်တတ်တဲ့ ကျွန်တော့်အတွက် အစာအိမ်ဆေးနဲ့ ကိုကိုပြင်ပေးတဲ့ အိမ်ချက် Lunch Box လေး။

ForlornWhere stories live. Discover now