She Devil

5.7K 379 0
                                    

Unexpected Marriage
Baek Hyun သူတို့တွဲထား​သော လက်​များကို အလျင်​အမြန်​ ဖြုတ်​လိုက်​ကာ...ခပ်​ပြင်းပြင်း ရိုက်​ချက်​ ၁ခုက Soo Min ရဲ့ပါးဆီသို့.....
{ဖြန်းးးးးး}
သူမ၏လုပ်​ရပ်​​ကြောင့်​ Chan Yeol သာမက အခြား​ကျောင်းသား များပါ အံ့ဩခဲ့ရသည်​..... Chan Yeol လည်း​ကြောင်​​နေတာ ခဏ​နေမှ...
^Soo Min shi...gwinchanayo??^
ပြာပြာသလဲဖြစ်​ကာ​မေး​နေ​သော Chan Yeol ကို Baek Hyun မဲ့ပြုံးပြုံး ၍...
^နင်​နဲ့ငါ အိမ်​​ရောက်​မှ ​တွေ့မယ်​^
ဘေးနားမှ ​ကျောင်းသား များက Baek Hyun ထပ်​​ပြောလိုက်​​သောစကား​ကြောင့်​ ပို၍ပင်​ အံ့ဩကာ ပါးစပ်​ အ​ဟောင်းသား ဖြစ်​ခဲ့ရသည်​....ထို့ပြင်​....
^သူတို့က ဘာ​တွေလဲ??^
^ဘာလား living together???^
^ရှက်​စရာကြီးကွာ..^
^King Park Chan Yeol မထင်​ရဘူး​နော်​^
^​ပြော​တော့ သူငယ်​ချင်း ​တွေတဲ့^
^အဲ့​ကောင်​က ရှပ်​ချင်​လို့ သူငယ်​ချင်း ​တွေလို့​ပြောတာလားမှမသိတာ^
စတဲ့ စတဲ့ သူ့ကို​ရော Baekကို​ရော ထိခိုက်​တဲ့ စကားလုံးများစွာက သူ့နားထဲကို စက်​​သေနတ်​ ပစ်​သကဲ့သို့ တရစပ်​....
သူရှက်​စိတ်​​ကြောင့်​ ထို​နေရာတွင်​ ​ပေါက်​ကွဲလိုက်​ချင်​​သော်​လည်း.... လက်​​တွေ့တွင်​​တော့.....
^Soo Min shi...miyanae ကျ​နော့ ​ကြောင့်​... ပြီး​တော့ Baek ကိုအထင်​မလွဲပါနဲ့ သူနဲ့ကျွန်​​တော်​က လက်​ထပ်​ထားတာပါ^
သူ့စကား​ကြောင့်​ လမ်းသွားလမ်းလာလုပ်​​နေတဲ့ ​ကျောင်းသား​တွေပါ ဘာမှမ​ပြောနိုင်​​တော့......
သူ Soo Min ကိုနှုတ်​ဆက်​ကာ....ထွက်​လာခဲ့သည်​...
Locker ​တွေ​နောက်​က​နေ ​အေး​ဆေးရပ်​ကြည့်​​နေ​သော Jong In က​တော့
*ဒီ​ကောင်​ အဆုံးထိ​တောင်​ Baek Hyun ကို ကာကွယ်​သွား​သေးတယ်​*
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ChanYeolသူအိမ်​ပြန်​လာ​သောလမ်း၁​လျှောက်​စဉ်းစား​နေမိသည်​ သူ Baek ကို ရှင်းပြရန်​.... တကယ်​​တော့ သူ Jung Soo Min ဆိုတဲ့ မိန်းက​လေး ကိုသိပ်​မနှစ်​မြို့လှ...ဒီ​နေ့လဲ sam က ​ခေါ်​နေသည်​ဟု​ပြောကာ သူ့လက်​ကို အတင်းဆွဲသွား​သော သူမ၏မာယာ ထဲတွင်​မိခဲ့ရသည်​...ကံကဆိုးချင်​​တော့....ထိုအချိန်​မှ Baek ကလည်း ဆိုက်​ဆိုက်​မြိုက်​မြိုက်​ ​ရောက်​လာ​သော​ကြောင့်​....
Chan Yeol အိမ်​​ရောက်​​တော့ အိမ်​​ရှေ့က ပန်းခြံထဲမှာ သူမကို မ​တွေ့တာ ​ကြောင့်​ သူသိလိုက်​ပါပြီ ​နှောင်​ချိန်​play ရ​တော့မယ်​ဆိုတာ.... သူမက အိမ်​ပြန်​​ရောက်​တိုင်း ahjishi နဲ့ စကား​ပြောရင်း ပန်းပင်​​တွေ ​ရေ​လောင်းရင်​​လောင်း မ​လောင်းရင်​ မြက်​ခင်း​ပေါ်မှာ Joli နဲ့​ဆော့​နေတာ​လေ...တခါတ​လေ uni မှာ သူနဲ့ရန်​ဖြစ်​လာပြီ ဆိုရင်​​တော့ ဒီမှာမ​တွေ့ရတတ်​ပါဘူး....
အိမ်​ထဲဝင်​သွား​တော့ Baek က sofa ​ပေါ်မှာထိုင်​ရင်း TV ကြည့်​​နေသည်​...Yeol ကိုမြင်​​တော့ ဂျိုကြည့်​ ၁ချက်​ကြည့်​လိုက်​ကာ...
^ဟိုမိန်းမ ကို​ဆေးခန်း​တွေ ဘာ​တွေလိုက်​ပို့ခဲ့​သေးလား??? ပါးရိုက်​ရုံဆို​တော့ ပို့ရာမလို​လောက်​ပါဘူး​နော်​....^
^Baek....^
^အိမ်​​ကော ​သေချာပြန်​ပို့​ပေးလိုက်​ ရဲ့လား??^
^Baek ဘာ​တွေ​ပြော​နေတာလဲ ကိုယ်​၁ခုမှနားမလည်​ဘူး^
^ဘာလဲ မနက်​ကဟာ​တွေ ကို​မေ့ကုန်​ပြီလား??? အတိတ်​​မေ့သွား ပြီလား အဲ့ဒါဆို ငါကိုပါ ​မေ့လိုက်​...^
^Baek ကိုယ်​​တောင်းပန်​ပါတယ်​...ပြီး...^
Chan Yeol မပြီးခင်​ Baek က ဖြတ်​ကာ....
^Arnyi မလိုဘူး..... နင်​သိလား....​ဖောက်​ပြန်​တတ်​တဲ့ ​ယောက်ျား....ဆိုတာ..^
^​တော်​​တော့ Baek!!!^
Chan Yeol အသံက ​ဒေါသသံပါ​သော​ကြောင့်​ Baek တချက်​တုန်​ သွား​သော်​လည်း..
^ဘာလဲ...အဲ့မိန်းမကို ဘာမှမ​ပြောရ​သေးဘူး​​နော်​.... Park Chan Yeol shi^
Baek ခပ်​ရွဲ့ရွဲ့ပဲ ပြန်​​ပြောလိုက်​သည်
^Baek....Baek ထင်​​နေတာ​တွေ၁ခုမှ မဟုတ်​ဘူး....^
^ဟုတ်​လား ငါကပဲ မှားတာ​ပေါ့???^
^Baek..ကိုယ်​...^Chan Yeol စကားဆက်​မ​ပြောချင်​​တော့တာ​ကြောင့်​ ^ကိုယ်​ဝင်​နှင့်​​တော့မယ်​..^ Chan Yeol ​ပြောပြီးတာနဲ့ အခန်းထဲ ကိုသာ ဝင်​ခဲ့​တော့သည်​...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Next morning....
At Seoul University...
Baek လာ​တော့ ​ကျောင်းသား​တွေက Baek ကိုကွက်​ကြည့်​ကွက်​ကြည့်​ နှင့်​ Baek က​တော့ဂရုမစိုက်​ ear phone တပ်​ကာ ​အေး​ဆေးလမ်း​လျှောက်​​နေသည်​....​နောက်​မလှမ်းမကမ်းက Chan Yeol ပါလာသည်​....
Baek အခန်းထဲ ​ရောက်​​တော့ Soo Min က သူ့ကို မ​ကျေနပ်​သလိုလိုနှင့်​...အဲ့ဒါ​ကြောင့်​ Baek လည်း အမြင်​ကတ်​တာနဲ့....
^Soo Min နင်​​နောက်​ကျသွားပြီ....^
မဲ့ပြုံး ၁ချက်​ပြုံးလိုက်​ကာ​ပြောပြီးထွက်​သွား​သော Baek ကိုကြည့်​ရင်း ​နောက်​က Soo Min က​တော့ ​ဒေါသူပုန်​ထ ​နေသည်​...
Break time ​ရောက်​​တော့ Baek Chan Yeol နှင့်​စားမှာမဟုတ်​​သော​ကြောင့်​ ဘယ်​သူနှင့်​စားရင်​​ကောင်းမလဲ စဉ်းစား​နေရင်း.....
*ဟုတ်​ပြီ Choco စုတ်​နဲ့ Soo....*
သူ uni မှာ သိတာဆိုလို့ အဲ့၂​ယောက်​ရယ်​ Chan Yeol ရယ်​သာ... uni တက်​တာ ၂လ​ကျော်​ရှိ​နေပြီ...တခြားဘယ်​သူနဲ့မှ သိပ်​စကားမ​ပြောဖြစ်​....
At canteen....
Kai သူ့​ဘေးနားကိုရုတ်​တရက်​​ရောက်​လာ​သော Baek ​ကြောင့်​ လန့်​သွားပြီး...​ဘေးကို၁ချက်​ တိုးသွားသည်​...
^Yah! လန့်​သွားတာပဲ....သရဲလိုလို ဘာလိုလိုနဲ့....^
^​အောင်​မာ......ငါ့ကိုများသရဲ့တဲ့...^
^မဟုတ်​လို့လား...ရုပ်​ကအစ တူတယ်​^
^Yah!!! Kim Jong In!!^
^​တော်​ပါ​တော့ဟယ်​....Kai ကလည်းသွားမစနဲ့ Baek လည်းသည်းခံ​ပေးလိုက်​ပါ​နော်​...^
မရတဲ့အဆုံး Kai ရဲ့ ချစ်​သူ Soo ကပဲဝင်​​ဖြေရှင်း​ပေးလိုက်​ရတယ်​......
^liner မနင့်​ကိုငါ​ပြောစရာရှိတယ်​^
Baek Jong In ကို မျက်​​စောင်းထိုးကာကြည့်​လိုက်​ပြီးစားလက်​စ မုန့်​ကို ဆက်​စား​နေသည်​....
^လိုရင်း​ပြော...^
^မ​နေ့က Chan Yeol....^
Jong In စကား​တောင်​ ​ပြောမပြီး​သေး...
^သူ့အ​ကြောင်းဆို ငါနားမ​ထောင်​ဘူး...နင်​လည်းမ​ပြောနဲ့^
^ဟင့်​အင်း...မ​ပြောလို့မရဘူး​ပြောမှကိုဖြစ်​မှာ^
^အဲ့ဒါဆို နင်​၁​ယောက်​ထဲ​ပြော​တော့...ငါသွားပြီ^
Baek ထို​နေရာမှ ထွက်​သွားခဲ့သည်​....
Jong In Soo ကို
^လိုက်​သွားလိုက်​ဦးမယ်​​နော်​^ လို့​ပြော​တော့ Soo က ပြုံးပြီး​ခေါင်းငြိမ့်​ပြလိုက်​သည်​.....
Soo က​ကျောင်းတုန်းကတည်းက nerd ​လေး၁​ယောက်​ဖြစ်​ပြီး အ​နေ​အေးသည်​... စိတ်​ထား​လေးကလည်း​ကောင်း၍ သူ့ချစ်​သူ Jong In ​ကိုလည်း အမြဲနားလည်​​ပေးသည်​..... ထိုသို့​သော ​ကောင်မ​​​​လေးနှင့်​ Jong In ဘယ်​လိုများ ရည်းစား ဖြစ်​သွားလဲဆိုတာ Chan Yeol ​ရော Baek Hyun ကာအခုထိစဉ်းစား၍မရ.....
^Baek Hyun!!!^
Jong In Baek ​နောက်​ကို ​ပြေးလိုက်​သွားပြီး ​ရှေ့က​နေ ပိတ်​ရပ်​လိုက်​သည်​....
^လာ^
ဆိုပြီး Baek ကို ဆွဲ​ခေါ်သွားကာ......
TBC➡➡➡➡➡
Thanks for reading!!!!
*90° bow*
နောက်​ကျမှလည်း date ​သေးတယ်​ တိုကလည်း တို​သေးတယ်​.... ကိုယ့်​ကိုကိုယ်​ သိပါတယ်​ဗျာ bill ကကုန်​ ပျင်းကပျင်းနဲ့ TRZ နဲ့က​တော့​တွေ့တာပဲ...​တောင်းပန်​ပါတယ်​ဗျာ......

Unexpected MarriageWhere stories live. Discover now