Part -2

114 3 0
                                    

အချစ်က ဘာလဲလို့မေးရင်မမလို့သာဖြေမိမှာဘဲ မမနဲ့တွေ့ဆုံပြီး   နောက်ရက်နေ့တိုင်း မမအဆောင်အောက်မှာသွားစောင့်မိတယ် ကျောင်းဆင်းချိန်မမကိုတွေ့ချင်တဲ့စိတ်နဲ့ပေါ့ မမကတော့ကျွန်တော့်ကို သတိ
တောင်မထားမိခဲ့ဘူး မမရဲ့အကြောင်းတွေစုံစမ်းတော့ မမကကျောင်း
ဂုဏ်ဆောင် စာအရမ်းတော်တဲ့
ကျောင်းသူ တစ်နေ့တော့ မမက
သူ့ထက် ၁နှစ်ငယ်တဲ့
ကျွန်တော်တို့ အခန်းကိုရောက်လာခဲ့တယ် ကျောင်းရဲ့ဓမ္မာစင်္ကြာအဖွဲ့အတွက်လူလာရွေးတာ
ကျွန်တော်လဲ မမကိုမြင်တာနဲ့ ဘာအတွက်လာမှန်းမသိပေမဲ့ စာရင်းပေးခဲ့တာပေါ့ မမမျက်နှာမြင်ခွင့်ရဖို့သာအဓိကလေ အဲ့ကနေစလိုက်တာဟာ
ကျွန်တော်ဟာ မမနဲ့တွေ့ရင်ကောင်းတဲ့အရာတွေလုပ်ဖြစ်ခဲ့တယ်  မမဟာ ကျွန်တော့်ဘဝရဲ့ good vibes...လေးပေါ့
နောက်တော့ကျွန်တော်လေ့ကျင့်ရေးအချိန်မှာ မမမျက်နှာကိုနေ့တိုင်းမြင်ခဲ့ရတာပေါ့ရင်းနှီးမှူတော့မရှိခဲ့ပါဘူး ဒီလိုနဲ့ကျောင်းတွေပြီးလို့ မမက ဘော်ဒါဆောင်ကိုပြောင်းတော့မယ်ဆိုတာ သိခဲ့တယ် ကျွန်တော့ဘဝရဲ့ ပထမဆုံး အသဲကွဲခြင်းကိုခံစားခဲ့ရတာလား
အရမ်းငယ်သေးလို့သေချာမသိခဲ့ပေမဲ့  တကယ်ကိုကြေကွဲခဲ့တာပေါ့
ဒါပေမဲ့ ကံကြမ္မာကြီးက မျက်နှာသာပေးခဲ့တယ် နွေရာသီကျူရှင်
တက်တော့ မမကလဲ ကျွန်တော်တို့ ကျူရှင်မှာဘဲ တက်တာ ကျွန်တော်  ကျူရှင်ထဲဝင်ဝင်ချင်းတွေ့လိုက်ရတာကမမမျက်နှာ လေးဘဲ အဲ့အချိန်မှာ ကျွန်တော် အရမ်းကိုပျော်သွားခဲ့တယ် ပထမဆုံးတွေးမိတာကတော့
ဒီအမကြီးနဲ့ ငါတော်တော်ကံပါတာလားပေါ့ 
မမကို အိမ်မက်ထဲလဲ တွေ့တယ် စိတ်ကူးထဲလဲတွေ့တယ် သူ့အကြောင်းတွေးနေရင်းတောင်အလိုလိုပြုံးရယ်မိသွားတယ် မမက ကျွန်တော့်ကိုအဲ့လောက်ထိတောင်လွှမ်းမိုးပါတယ် မမရယ်ဒီတစ်ခါတော့ မမဆီက လွှတ်မြောက်ပြီထင်ခဲ့တာ  ကျွန်တော်ကိုလွှတ်မြောက်ခွင့်ပေးပါ

မမကိုချစ်တဲ့အကြောင်းWhere stories live. Discover now