Part.28

23.5K 2.2K 200
                                    

မနက်ခင်းဆောင်းရနံအတူလေညှင်းနုလေးသည်လည်းအေးမြမြ။အရှေ့တူရူ့ဆီမှတိုက်ခတ်လာသောလေတွေကြောင့်ထယ်ယောင်းကိုယ်လေး
အေးစက်သွားကာပခုံးကိုအနည်းငယ်ကျုံ့လိုက်
မိ၏။အညိုရောင်ဆွယ်တာခပ်ပွပွလေးကြောင့်
အနည်းငယ်သေးကွေးနေတယ်လိုထင်ရတဲ့သူလက်ထဲ အငွေ့တစ်ထောင်းထောင်းထနေတဲ့ကော်
ဖီညိုတစ်ခွက်နဲ့။အရင်ကကော်ဖီမကြိုက်ပါဘူး။
အထီးကျန်တဲညတွေများပြီးအိပ်ရေးပျက်ခဲ့တဲ့သူ့
အတွက်ကော်ဖီကအဖော်လိုဖြစ်လာခဲ့တာ။တစ်စိမ့်
စိမ့်တွေးတစ်စိမ့်စိမ့်ဆွေးရတဲ့ဘဝကလည်း ဘယ်
ဆိုးလို့တုန်း..ခံစားလို့တော့ကောင်းသား။

တစ်ညလုံးမအိပ်ရသေးသည့်ထယ်ယောင်းမျက်
တွင်းသားတွေနီရဲစပ်လို့။အတိတ်ကအကြောင်း
တွေစည်းလွတ်ဝါးလွတ်တွေးရင်းတစ်ညလုံးသူ
အိပ်မပျော်။မနေ့ညကဂျောင်ကုအရက်သောက်ထားတဲ့အရှိန်​ကြောင့်ချွေးတွေစိမ့်ထွက်လာ
သောအခါအင်္ကျီလဲပေးမိလိုက်၏။ကြွက်သား
အပြည့်ဖြင့်ရင်ဘတ်ဖွေးဖွေးကထယ်ယောင်းအတွက်မထူးဆန်းသော်လည်းနောက်ကျော
ကုန်းပေါ်ရှိရုပ်ပျက်ဆင်းပျက်အမာရွတ်များက
တော့ထယ်ယောင်းကို​တင်္ဒဂမှင်သက်စေသည်။

ဒီအမာရွတ်တွေက သူ့ကိုကယ်တဲ့အချိန်ဓာတ်ခွဲ
ခန်းပေါက်ကွဲရာမှစင်လာတဲ့မှန်အပိုင်းအစတွေ
ကြောင့်ဆိုတာကိုစဥ်းစားမိသောအခါနှလုံးအိမ်မှာ
လည်းအနည်းငယ်လူပ်ရှာသွားရ၏။.ဂျွန်ဂျောင်ကု
ကသူ့ကိုကယ်ခဲ့တာ...ဂျောင်ကုကြောင့်မြေအောက်
စမ်းသပ်ခန်းရဲ့မသမာမူ့တွေကြားကလွတ်မြောက်
လာခဲ့တာ။သူ့မှာဂျွန်ဂျောင်ကုကယ်ပေးခဲ့တဲ့ဒုတိယ
အသက်ပဲရှိတော့တာ။ဒါပေမဲ့....ဘယ်လိုလုပ်မလဲ
သူ ဂျွန်ဂျောင်ကုမိသားစုအသိုင်းအဝိုင်းကြီးကိုမုန်း
တယ်။မထင်မထင်သလိုစကားကြမ်းတွေနဲ့နှိပ်စက်
ပြီးအပျက်သာသာသဘောထားတဲ့ဂျွန်ဂျောင်ကု
စိတ်နေသဘောထားကိုလည်းမကြိုက်။

အေးအေးဆေးဆေးနေနိုင်ပြီဟုထင်သော်လည်း
ဂျောင်ကုကထပ်မံသူ့ဘဝထဲပေါက်ချလာကာ
စိတ်တွေကိုထွေပြားရူပ်ထွေးစေ၏။ ရောင်နီ
ထွက်ပြုစအချိန်ကိုထယ်ယောင်းအရသာခံထိုင်
ကြည့်နေလိုက်တယ်။နောက်ပြီးကျရင်..သူဆိုင်ဖွင့်
ရတော့မှာလေ။

Alpha Daddy(Completed) Where stories live. Discover now