မာန်....သူ၏ရင်ထဲမှ တစ်ဦးတည်းသူ မာန်။ မာန့်ကိုစကားတွေနဲ့ဖော်ပြရမယ်ဆိုရင် မက်မောဖွယ်၊ လွမ်းဆွတ်ဖွယ်တွေနဲ့ သူ့ရင်ထဲမှာ နေရာအပြည့်ယူထားတာ။
အဲ့နေ့ညမှာပေါ့။
ညဥ့်နက်ခါနီးချိန် မြစ်ကမ်းဘေးတစ်လျှောက်မှာ လူသူမရှိ။ မြစ်ကမ်းနားဘေးမှာ လမ်းလျှောက်နေတဲ့အချိန်။ အဲ့နေ့ညက လပြည့်ညလည်းဖြစ်တော့ မြစ်ရေပြင်ထက်မှာ လရောင် ဖြူဖွေးဖွေးအရိပ်က လှုပ်လီလှုပ်လဲ့။
လေပြည်ကလည်း ခပ်နွဲ့နွဲ့ကျီစယ်ပြီး ခန္ဓာကို ရစ်ပတ်လို့ ထွက်သွားတဲ့အခါ ရင်ဘတ်ထဲမှာ နှလုံးခုန်သံတွေမြန်လာခဲ့တာ။ အဲ့လိုနဲ့ မြစ်ကမ်းဘေးရဲ့ တစ်နေရာမှာပေါ့ သူ(မာန်)က ကမ်းပါးမှာထိုင်ပြီး မြစ်ရေတွေကို ငေးကြည့်နေတာ။
ချည်သားလက်ရှည်ဖြူကို ရိုးရိုးဘောင်းဘီ ခပ်ပွပွနဲ့ တွဲဖက်ဝတ်ဆင်ထားပုံက ကျွန်တော့စိတ်ကို ဖမ်းယူသွားခဲ့တာ။ ပြန်စဉ်းစားကြည့်တော့ အဲ့လောက် ရိုးစင်းတဲ့ ပုံစံက ကျွန်တော့စိတ်ကို ဖမ်းယူသွားခဲ့တာ ကိုယ့်ကိုယ်ကိုယ်တောင်မယုံနိုင်ခဲ့ပါဘူး။
ကျွန်တော့ခြေသံကြားတော့ သူလှည့်ကြည့်တယ်။ သူ့မျက်ဝန်းတွေကနက်မှောင်နေပြီး လရောင်အောက်မှာ တောက်ပနေပေမဲ့ အပြုံးတွေက အရောင်မှိန်နေခဲ့ပါတယ်။ ကျွန်တော်သူ့ဆီတစ်ဖြည်းဖြည်းလမ်းလျှောက်သွားတော့ အကြည့်စူးစူးနဲ့ ကျွန်တော့ကို ကြည့်ပြီး ပြန်လှည့်သွားတယ်။ အဲ့အကြည့်ကိုလည်း ကျွန်တော်သဘောကျသွားခဲ့တဲ့ပုံပါပဲ။
ကျွန်တော် ဆေးလိပ်တစ်လိပ်ကို ဘောင်းဘီအိတ်ကပ်ထဲက ဆွဲထုတ်လိုက်တယ်။ သူ့ကို ကျွန်တော် ဆေးလိပ်သောက်လို့ရမလားမေးတယ်။ သူက ကျွန်တော် မေးတာမဖြေဘဲ ကျွန်တော့်ကို စိုက်ကြည့်နေခဲ့တာ။ သူ့မျက်ဝန်းတွေက အဓိပ္ပာယ်ဖော်ရခက်တဲ့ အကြည့်တွေ ကျွန်တော့် ခန္ဓာပေါ် ဆိုက်ဆိုက်မြိုက်မြိုက်။
သူဘာမှမပြောတော့ ကျွန်တော့်နှုတ်ခမ်းမှာ ဆေးလိပ်ကိုတေ့ပြီး မီးခြစ်လိုက်တယ်။ အဲ့အချိန်မှာပဲ သူကျွန်တော့ပါးစပ်ထဲမှာ ငုံထားပြီဖြစ်တဲ့ ဆေးလိပ်ကို ယူပြီး သူဆက်သောက်တယ်။ ကျွန်တော် သူ့ကို တိုးတိုးတိတ်တိတ်ကြွေခဲ့ရတဲ့ အခိုက်အတန့်လေးတွေပေါ့။
YOU ARE READING
Love Was Found That Day (Completed)
Romanceညီတူမျှတူ ချစ်ခြင်းမေတ္တာအကြောင်းကို ဖွင့်ဟဝန်ခံလို့ရပါတယ် Both Zawgyi and unicode are avaliable.