ကျွန်တော်ဒီနေ့ အလုပ်ကိစ္စတစ်ခုအတွက် ခရီးသွားရမှာ။ ဟိုကောင်လေးကိုထားခဲ့ရဦးမယ်။ ဒီတစ်ခေါက် 3 လလောက်သွားရမှာဆိုတော့ ကောင်လေးကို စိတ်မချမိပါဘူး။ ခွန်းသွေးဧရာဆိုတဲ့ကောင်လေးက လည်မလိုလိုနဲ့ သူ့လောက်တုံးတာသူပဲရှိပါတော့တယ်။
ဒီတစ်ခေါက် ကျွန်တော် ထွက်သွားရင် သူကျွန်တော့်ကိုစောင့်နေမှာလား။ ဒါမှမဟုတ် သူ့ဘဝနဲ့သူ အရင်တုန်းကလိုပဲ တစ်မြို့ပြီးတစ်မြို့ တစ်နိုင်ငံပြီးတစ်နိုင်ငံ လှည့်လည်နေထိုင်မှာလားဆိုတာ ကျွန်တော်သေချာမသိပါဘူး။
သူသာကျွန်တော့်ကိုမစောင့်ဘဲ ထွက်သွားခဲ့မယ်ဆိုရင် အရင်တုန်းကလိုပဲ လိုက်ရှာရဦးမှာပေါ့။ ဒီတစ်ခါတော့ သူကျွန်တော့်ကိုစောင့်နေစေချင်ပါတယ်။ ကျွန်တော် ခွန်းသွေးဧရာရဲ့ အိပ်ခန်းထဲဝင်သွားလိုက်တယ်။ အိပ်မောကျနေတာ ဒီအချိန်သူ့ကို ဘာလုပ်လုပ် နိုးမဲ့ပုံမပေါ်ပါဘူး။
မျက်လုံးဝိုင်းဝိုင်းကို ကာဆီးထားတဲ့ သွေးကြောစိမ်းတွေပါမြင်နေရတဲ့ မျက်ခွံလေး၊ မျက်တောင် ကျဲကျဲရှည်ရှည်လေး၊ သေသပ်လှတဲ့ နှုတ်ခမ်းနဲ့ ပြေပြစ်လွန်းတဲ့ မေးရိုးတို့က ခွန်းသွေးဧရာရဲ့ ပြယုဂ်ပါပဲ။ ကောင်လေးရဲ့နဖူးကို မနိုးသွားအောင် ခပ်ဖွဖွနမ်းလိုက်တယ်။
"ယုံကြည်ပါရစေ ခွန်းသွေးဧရာ"
ထို့နောက် စာရွက်အပိုင်းအစတစ်ခုပေါ်မှာ စာကို ခပ်သောသောရေးပြီး ခွန်းသွေးဧရာရဲ့လက်ထဲထည့်လိုက်တယ်။
"ငါသွားပြီကောင်လေး။ကောင်းကောင်းနေရစ်ခဲ့ပါ"
ခွန်းသွေးဧရာနိုးလာတော့ ရင်ထဲမှာခြောက်ကပ်ကပ်နဲ့။ အိပ်ယာထဲကထလိုက်တော့ ကျွန်တော့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ စာရွက်က ထွက်ကျလာတယ်။ ကြေမွနေတဲ့စာရွက်ကိုဖွင့်ကြည့်လိုက်တော့ တစ်စွန်းတစ်စမြင်နေရတဲ့ လက်ရေးစကားလုံးလေးတွေက ကျွန်တော့်အမြင်ကိုဝေဝါးစေပါတယ်။
စာရွက်ကို မဖတ်ကြည့်ခင် မာန့်အိပ်ခန်းထဲဝင်ရှာမိတယ်။ မတွေ့။ တစ်အိမ်လုံးအနှံ့ရှာပါသော်လည်း မာန်ထွက်သွားခဲ့ပြီ။ စိုးရိမ်စိတ်နဲ့ စာရွက်ကိုကြည့်မိတော့ ကျွန်တော့်မှာ ဖတ်ဖို့အင်အားမရှိ။ အကယ်၍များ မာန်ကျွန်တော့်ကို ထွက်သွားစေချင်တာဆိုရင်...ကျွန်တော် ဆက်မတွေးဝံ့တော့ပါ။
YOU ARE READING
Love Was Found That Day (Completed)
Romanceညီတူမျှတူ ချစ်ခြင်းမေတ္တာအကြောင်းကို ဖွင့်ဟဝန်ခံလို့ရပါတယ် Both Zawgyi and unicode are avaliable.