Chapter 1

158 21 2
                                    


" ဒီနေ့မိုးရွာမယ်တဲ့ ထီးယူသွားဖို့မမေ့နဲ့ "

ဖိနပ်ကြိုးချည်နေတုန်း ဘေးမှာချထားတဲ့ဖုန်းScreenမှာပေါ်လာတဲ့ Messageတစ်စောင် ။ BaekHyun ဖိနပ်ကြိုးချည် ၊ လွယ်အိတ်ကို ကိုယ်ပေါ်ပြန်တင်ပြီး အိမ်အပြင်ထွက်လာတော့ မြင်ရသည့်ရာသီဥတုအရတော့ နေသာ နေသည်ပင် ။

ရာသီဥတုကသာယာနေသည်မဟုတ်ဘဲ မိုးရွာနေရင်တောင်မှ BaekHyun ထိုMessageကသတိပေးသည့်အတိုင်း လုပ်ဖို့စိတ်ဆန္ဒမရှိ ။

ဘယ်သူကများ ကိုယ့်Stalkerပြောတာတွေကိုလိုက်နားထောင်ပြီး လုပ်ချင်မှာတဲ့လဲ ။

___

တကယ်တော့ BaekHyun ထို Messageတွေကိုလက်ခံရရှိနေသည်မှာ တစ်နှစ်ခွဲခန့်ရှိပြီဖြစ်သည်ပင် ။

စစချင်းကတော့ ကြောက်သည် ။ အလွန်တရာကြောက်ခဲ့သည် ။ တစ်ဖက်ကို ဘယ်သူလဲ ဆိုသည့်အမေးတွေပြန်စာပို့လို့လည်းမရ ၊ ဖုန်းခေါ်တိုင်းလည်း တပ်ဆင်ထားခြင်းမရှိပါဆိုသည့်အသံတွေပဲကြားရပါများလာပြီးနောက်မှာ BaekHyunစိတ်တွေစပြီးမူမမှန်ခြင်းမျိုးတွေတောင်ဖြစ်ခဲ့သည် ။

BaekHyun ဖုန်းဆင်းကဒ်တွေစပြောင်းသည် ။ ထို့နောက်ဖုန်းတွေပြောင်းသည် ။ ယုတ်စွအဆုံး ကီးပတ်သို့ပြောင်းကိုင်တာတောင် ထိုMessageတွေသူ့ထံဝင်လာတာရပ်သွားခြင်းမရှိတဲ့နောက်မှာ BaekHyunဖုန်းမသုံးဘဲပါနေခဲ့၏။ သို့သော်လည်းရလဒ်ကတော့ သူမသိဘဲသူ့အိမ်ရှေ့မှာဖုန်းအသစ်တစ်လုံးထပ်ရောက်လာတာတို့ ၊ သို့တည်းမဟုတ် သူ့အခန်းပြတင်းပေါက်မှန်ကြားမှာ စာညှပ်ထားတာတို့ စသည့်အရာများသာဖြစ်သည် ။

နောက်ပိုင်း BaekHyunသိသိသာသာကိုမူမမှန်တဲ့အပြင် စားချိန်၊အိပ်ချိန်တွေပါထိခိုက်လာတဲ့နောက်မှာတော့ သူ့မိဘတွေအတင်းမေးတာကြောင့် သူပြောပြခဲ့သည် ။ သူ့မိဘတွေကတော့ ရဲတိုင်ခဲ့ပေမယ့် ရဲဘက်ကလည်း ထိုStalkerကိုဖမ်းဆီးနိုင်ခြင်းမရှိချေ ။

BaekHyun စိတ်ပင်ပန်းတာကြောင့် ဆေးရုံပါတက်လိုက်ရပြီးနောက်မှာတော့ သူ့မိဘတွေရဲ့စိတ်ပူပန်မှုကပိုဆိုးလာခဲ့သည်ပင် ။ ဘယ်သူမှန်းမသိတဲ့လူဆီကစာတွေလက်ခံရရှိနေတာအပြင် ပူပန်နေတဲ့သူ့မိဘတွေမျက်နှာကိုပါမြင်တွေ့နေရတာက သူ့စိတ်ကိုနှစ်ဆပိုပင်ပန်းစေသည် ။

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Dec 14, 2022 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

Into ItOù les histoires vivent. Découvrez maintenant