BGG_27

421 48 4
                                    

[ Unicode ]

" ယောင်း ကိုယ်ပြောတာသေချာနားထောင်နော် ကိုယ်အခုအလုပ်ရှိလို့အပြင်သွားရအုံးမယ် ၊ အိမ်မှာအစောင့်နှစ်ယောက်လောက်ပဲရှိမှာ အဲ့ဒါကြောင့်ဂရုစိုက်နော် .. "

ထယ်ဟျောင်းဒီကိစ္စကိုမှာနေတာမနေ့ညတည်းကပင် .. ဘာကိစ္စလဲမသိပေမယ့်သူအရမ်းစိုးရိမ်နေတာတွေ့နေရတယ် ၊ မေးရင်လည်းမဖြေပြန်ဘူး...။

သေနတ်တွေရှိနေတာနဲ့တင်သူမရိပ်မိနေပါပြီ...၊ ထယ်ဟျောင်းကရာဇဝတ်မှုတွေလုပ်နေတယ်ဆိုတာ...

" ကိုယ်မနေ့ကကတိတောင်းထားတာကိုမမေ့နဲ့နော် သေရင်တောင်ကိုယ်အရင်သေမှာမို့.. "

" ရှူးးး သေမယ့်အကြောင်းမပြောပါနဲ့လား.. ၊ ယောင်းလည်းထယ့်ကိုစိတ်ပူတယ် "

" ယောင်းရဲ့ယောကျ်ားကသန်မာပါတယ် မသိတာကျလို့ ဟဲဟဲ.. "

စကားကောင်းပြောနေရင်းထဖောက်တဲ့ထယ်ဟျောင်းကိုသူမမျက်စောင်းပစ်လိုက်သည်။

" ဒါပေမယ့် ယောင်းကကိုယ့်အားနည်းချက်ပဲ .. အဲ့ဒါကိုသိတဲ့လူတွေကယောင်းကိုပစ်မှတ်ထားကြမှာ ၊ ဖြစ်နိုင်ရင်ယောင်းကိုခေါက်ပြီးအိပ်ကပ်ထဲထည့်သွားချင်တယ်ကွာ.. "

ယောင်းခါးလေးကိုဆွဲပြီးပေါင်ပေါ်ထိုင်ခိုင်းလိုက်သည်။

" ကဲပါထယ်ရယ် ယောင်းလည်းမငယ်တော့တဲ့ဟာကို .. "

" မသိဘူးကွာ ယောင်းကိုစိတ်မချတာပဲသိတယ် ယောင်းမေမေတို့ဆီခဏလောက်သွားနေပါလား "

" မနေချင်ပါဘူး ထယ့်ကိုစိတ်မချဘူး "

သူမကလည်းဂျစ်ကန်ကန်နဲ့ပြောမရတာကြောင့်သူသက်ပြင်းသာချမိတော့သည်။
ဟိုမှာကဂျီမင်တို့နဲ့ပဲလွှတ်ထားလို့မဖြစ်ဘူးလေ .. ဟိုဆော့တစ်ယောက်လုံးပျောက်နေတာကိုသူလည်းထိုင်မနေနိုင်ဘူး ။

အကြိမ်ကြိမ်ချနေမိတဲ့သက်ပြင်းကိုနောက်ဆုံးအကြိမ်ရှူထုတ်လိုက်ကာ...

" အဲ့ဒါဆိုလည်း ကိုယ်နဲ့ဖုန်းအဆက်သွယ်မပြတ်စေနဲ့ ကိုယ်ဖုန်းခေါ်တိုင်းကိုင်ရမယ် ကိုယ့်ကိုစိတ်ပူအောင်မလုပ်နဲ့ ကြားလား.. "

Bᴀᴅ Gᴜʏ || 𝗞𝗧𝗛 [Complete]Donde viven las historias. Descúbrelo ahora