ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

132 20 10
                                    

[Zawgyi]

Hello 😁

ကျေးဇူးတင်ကြောင်းပြောရင်း စကားလာများတာပါ

အရင်ဆုံး update မမှန်ခဲ့တဲ့
Love Knot ကို အစအဆုံး စိတ်ရှည်ရှည်နဲ့ ongoing လိုက်ပြီးဖတ်ပေးခဲ့တဲ့ သူတွေကိုရော အစအဆုံးအချိန်ကုန်ခံ ဖတ်ပေးခဲ့တဲ့ သူတွေကိုရော အများကြီး အများကြီး ကျေးဇူးတင်ပါတယ်ရှင်။ ဖတ်ပေးတဲ့သူတွေကြောင့်တင်မက အားပေးစကားပြောပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကြောင့်လည်း အများကြီး အားဖြစ်ခဲ့ရပါတယ်။ အဲဒီအတွက် ထပ်ပြီး ကျေးဇူးတင်ချင်ပါတယ် 💙

အခုက စကားများတဲ့ အပိုင်းကို ရောက်ပါပြီ 👏

Love Knot က လိုအပ်ချက်လေးတွေ၊ စာအရေးအသားအမှားအယွင်းတွေနဲ့ မပြည့်စုံခဲ့ဘူး ဆိုပေမယ့် မီ အနည်းနဲ့အများ စိတ်တိုင်းကျတဲ့ Fic တစ်ပုဒ်ပါပဲ ။
ဒီစာအုပ်ကို ဖတ်ပြီး စာဖတ်သူတွေရဲ့ ရင်ထဲမှာလည်း ရသတစ်မျိုးမျိုးခံစားသွားရမယ်လို့ ထင်ပါတယ်။

ဒီ Fic ကို စရေးတုန်းက ဇာတ်အိမ်ကြောင့် ရေးဖို့ တကယ်လက်တွန့်ခဲ့ရပါတယ်။ တစ်ဝက်တစ်ပြတ်နဲ့ ရပ်သွားမှာလည်း သိပ်ကြောက်ခဲ့ရတယ်။ တကယ်လည်း
ရပ်သွားပါတယ် 😅 ။ *နွေဦးနှင့် လေရူး* ပြီးတော့ ဆက်ရေးနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ကျေးဇူးတင်နေရ။
စောင့်မျှော်ပေးခဲ့ကြတဲ့ စာဖတ်သူတွေကို ထပ်တောင်းပန်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ် 🙏❤

နောက်ထပ် ပြောချင်တာက Fic ထဲက စာအုပ်အကြောင်းပါ။
ဒီ Fic ကိုရေးတော့ မီ့ခေါင်းထဲ ဝင်လာတဲ့ စကားလုံးက
*Sacrifice* ။ စွန့်လွှတ်ခြင်း သဘောဆောင်သော
ပန်းကို Google မှာ လိုက်ရှာရင်း
Hyssop ပန်းကို ရှာတွေ့သွားပြီး
Magic book ကို ဖန်တီးဖြစ်ခဲ့တာပေါ့ 😁😁

စာအုပ်နဲ့ ပက်သက်ပြီး သတိမထားမိတာများ ရှိမယ်ထင်လို့
ရှင်းပြချင်တာ တစ်ခုရှိပါတယ် ။

စာအုပ် ဘာကြောင့် အသက်ဝင်ခဲ့လဲ

သူ ကြောက်မိသည်။ နှင်းဆီပင်အိုကြီးရဲ့ အဆူးတွေက ဦးလေးကြီးနှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း စူးဝင်နေမှာကို။
ထိုသို့သာ အမှန်တကယ် ဖြစ်နေခဲ့ရင် ထိုဆူးတွေကို သူဆွဲနှုတ်ပစ်နိုင်မှာ မဟုတ်တော့ဘူး။

Love Knot (Z+U)Where stories live. Discover now