Part-5

13.8K 333 37
                                    

"ခင်ဗျားက ကျုပ်နဲ့နေရတာ စိတ်မညစ်ဘူးဆိုတော့ တစ်မျိုးပဲ ..စောစောကနိုးသွားတာမလား...ပြန်အိပ်ဦးလေ "

"ဟင့်အင်း။ရှိန်းကို မေးစရာရှိလို့....အဲ့ဒါ မေးလို့ရမလား"

ရှိန်းက မိုနာ့ဆံပင်တွေကို ငေးနေရာကနေ မျက်နှာကြက်ဆီသို့အကြည့်လွှဲလိုက်၏။
ဖြူဝင်းသောလည်တိုင်ကျော့ကျော့က စင်းနေပြီး ပါးပြင်ကသွေးကြောလေးတွေက ထင်းနေသည်။ထိုပါးပြင်လေးကို လက်နှစ်ဖက်ဖြင့် ညှပ်ယူပြီး အနမ်းလေးခြွေရရင်ဖြင့် ဘယ်လောက်တောင်ကောင်းမလဲဟု အရေးထဲမှာ အရာပေါ်ဆိုသလို
တောင်စဉ်ရေမရတွေးမိပြန်သည်။
     သူကတော့ တစ်စုံတစ်ခုကို အလေးအနက်တွေးသလို ‌ လုံးဝငြိမ်သက်နေပြီး အတော်ကြာမှ သူမဆီအကြည့်ပြန်ဆုံကာ -

"မမေးပါနဲ့လား.....ဘာကိုမေးမယ်ဆိုတာ ကျုပ်သိသလိုပဲ ။ ခင်ဗျားမေးလည်း ကျုပ်ကတော့ ကျုပ်ဖြေချင်တာ ဖြေမှာ "

မိုနာက သက်ပြင်းကို ကြိတ်ချကာ ရှိန်းရဲ့လည်တိုင်ကိုသာ ငေးနေလိုက်သည်။အခန်းတွင်းဟာ လုံးဝကိုတိတ်တိတ်ဆိတ်ဆိတ်ဖြစ်သွား၍ အတွေးတွေနေရာဝင်လာပြန်၏။ လက်ထပ်ခြင်းက သူမတို့ကို ဝေးသွားစေမှာဆိုတာကို ကြိုသိခဲ့ရင် သူ့ကို သူမလက်ထပ်ခဲ့မှာ မဟုတ်ပေ။ မြင်ရက်နဲ့ မကြင်ရခြင်းဟာ အဆိုးဝါးဆုံးအဆိပ်ပဲ မဟုတ်လား။

"မအိပ်ချင်ရင်လည်း လုပ်ချင်ရာသာလုပ်နေတော့....ကျုပ်ကိုတော့ ဘာစကားမှလာမပြောနဲ့....ခင်ဗျားနဲ့ ပြေပြေလည်လည် စကားပြောဖို့ဆိုတာ ကျုပ်အတွက် ခက်ခဲသေးတယ်"

"ဘာလို့လဲ"

"ကျုပ်ငယ်ငယ်ကတည်းက ခင်ဗျားဟာ ထိုက်ရဲ့အစ်မဆိုပေမဲ့ ကျုပ်ရဲ့အစ်မလို့ဘဲ သဘောထားခဲ့တာ....ခင်ဗျားကတော့ ကျုပ်အပေါ်ကို နားလည်ပေးမယ်ထင်ခဲ့တာ ကျုပ်ရဲ့မဟာအမှားပဲ ....လူရင်းထိုးတဲ့ဓားက ပိုနက်တယ်ဆိုတာကို လက်တွေ့အထိုးခံရမှ သိခဲ့တဲ့ ခင်ဗျားအပေါ်ကို အဆုံးထိ ယုံပေးခဲ့တဲ့ ကျုပ်ပါ..ဒါနဲ့များ ဘာလို့မုန်းလဲ လာမေးသေးတယ်။ခင်ဗျားကို ကျုပ်မုန်းပစ်ချင်ခဲ့တာ ။
    ကြိုးကြာလေ သူ ကျုပ်ကြောင့်နဲ့ ရှက်လွန်းလို့
သူ့ကိုယ်သူ သတ်သေဖို့တောင် လုပ်သေးတယ်သိရဲ့လား။ သူ့အသိုင်းအဝိုင်းတွေကြားမှာ High Bossရဲ့သားက သူ့လိုနွမ်းပါးတဲ့ကလေးမကို အပျော်တွဲပြီး ခြေသုတ်ဝတ်လို ပစ်ခဲ့တာဆိုတဲ့ ကဲ့ရဲ့စကားတွေကို သူခံစားခဲ့ရတာ ။အဲ့ဒါ ခင်ဗျားကြောင့်လေ ...ခင်ဗျားကြောင့် "

သိမ်းဆည်း၍ လောင်ကျွမ်းခြင်း   Where stories live. Discover now