Devil falling in love 1(un)

852 39 3
                                    

ဟန်မင်းဆက်ရဲ့ ဆဋ္ဌမမြောက်ဘုရင် ရှောင်းဧကရာဇ်ရဲ့ ချင်တိုင်းပြည်ကတော့ တိုင်းသူပြည်သားတွေအချင်းချင်းစည်းရုံးကြပြီးတစ်ဖက်နိုင်ငံတွေရဲ့ရန်ငြိုးဖွဲ့ခြင်းလည်းမခံရဘဲ သာယာပျော်ရွှင်စွာနေထိုင်ကြတယ်.......

ရှောင်းဧကရာဇ်မှာ မိဘုရားနှစ်ပါးရှိတယ်
မိဘုရားနှစ်ပါက ညီအမတော်စပ်ပြီးတော့
မိဘုရားကြီးက သားတော်တစ်ပါးဖွားမြင်ပေးထားတယ်....သူကတော့ထိုနိုင်ငံရဲ့ ရှောင်း
အိမ်ရှေ့စံ ရှောင်းရှောင်ကျန့်....

ရှောင်းအိမ်ရှေ့စံကတော့ ရုပ်ရည်ချောမောပြီး
အေနေအး တည်တံ့တဲ့ယောကျ်ားပျိုပါ.....
ဗျပ်စောင်းတီးရတာ.... ပန်းချီဆွဲရတာနှစ်သက်တယ် သူရဲ့အချိန်တော်တော်များများကို ဥယျာဉ်ထဲမှာပဲကုန်ဆုံးတယ်.......

"ရှောင်း ဧကရာဇ် ညီလာခံသွားဖို့အဆင်သင့်ဖြစ်ပါပြီ"

"မိဘုရားကြီး အိမ်ရှေ့စံရော"

"ရှောင်းအာက ဥယျာဉ်ထဲမှာပဲရှိနေမှာပါ"

"ကောင်းပြီ ကျုပ်ဒီနေ့ သံတမန်တွေ့ဆုံပွဲရှိလို့
စားတော်ပွဲမသုံးဆောင်နိုင်တော့ဘူး"

"ကောင်းပါပြီ ဘုရား"

ရှောင်း မင်းကြီးကထိုမျှသာပြောပြီးအမတ်တွေနဲ့တစ်ဖက်နိုင်ငံက လာတဲ့သံတမန်တွေ့နဲ့တွေ့ဆုံဖို့ညီလာခံကျင်းပရာအဆောင်ကိုထွက်လာလိုက်တယ်.......

"မင်းကြီး ကြွချီလာပြီ"
"မင်းကြီးသက်တော်ရာကျော်ရှည်ပါစေ"
"မင်းကြီးသက်တော်ရာကျော်ရှည်ပါစေ"
"အမတ်တို့ဒီနေ့ ဘာအကြောင်းတွေများထူးသလဲ"
"မှန်လှပါ မင်းကြီး ကျွန်တော်တို့တိုင်းပြည်ကိုစာတစ်စောင်ရောက်လာပါတယ် မွန်ဂိုလူမျိုးတွေကသူတို့ရဲ့အိမ်ရှေ့စံမင်းသမီးနဲ့ ရှောင်းအိမ်ရှေ့စံကို လက်ဆက်ပေးဖို့တောင်းဆိုနေကြပါတယ်"
"ငါတို့ ရှောင်းအာက လောကကြီးအကြောင်းအဲ့လောက်သိတဲ့သူမဟုတ်ဘူး သူသေချာပေါက်သဘောတူလိ်မ့်မယ် မွန်ဂိုမင်းသမီးရဲ့ဂုဏ်သတင်းတွေလည်းငါကြားမိတယ် သူမကိုသာ ချွေးမတော်ရရင်ငါတို့အတွက်လည်းကောင်းတာပေါ့"
"ဒါပေမယ့် အရှင်မင်းကြီး ကျွန်တော်တို့နဲ့မွန်ဂိုတိုင်းပြည်ကလူတွေရဲ့စရိုက်ဟာမိုးနဲ့မြေလိုကွာခြားပါတယ်"
"ယောက်ဖတော် ကဘာတွေများစိုးရိမ်ပူပန်နေရတာလဲ"
"ရှောင်းအာကနူးညံ့သိမ်မွေ့တဲ့သူ မွန်ဂိုမင်းသမီးကသေချာပေါက်ကြမ်းတမ်းလိမ့်မယ်စစ်ပွဲတွေတော်တော်များများကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်မဟုတ်လား"
"ယောက်ဖတော်ကဘယ်လိုလုပ်ဖို့တွေးထားလဲ"
"ကျွန်တော့်သဘောကတော့ အိမ်ရှေ့စံရဲ့ကြင်ယာတော်ရွေးပွဲကိုအမြန်ဆုံးကျင်းပသင့်ပါတယ် အဲ့ဒီ့မိန်းကလေးတွေထဲကတစ်ယောက်ကိုအိမ်ရှေ့စံရဲ့ကြင်ယာတော်မြှောက်လိုက်ရင် မွန်ဂိုမင်းသမီးကိုငြင်းဖို့အကြောင်းပြချက်ရှိသွားပါပြီ"
"ယောက်ဖတော် ရဲ့အကြံကသိပ်ကောင်းတာပဲ ရှောင်းအာရဲ့ပုံတူကိုတစ်နိုင်ငံလုံးကိုလိုက်ကပ်လိုက် ကြင်ယာတော်ရွေးပွဲကိုကျင်းပကြတာပေါ့"
"မှန်လှပါ မင်းကြီးဘုရား"

Devil falling in loveWhere stories live. Discover now