Part-36

727 30 2
                                    

                     အဝေးပြေးလမ်းမကြီးထက်တွင် ကားလေးတစ်စီးသည်တရိပ်ရိပ်ပြေးနေသည်။ကားထဲတွင် တည်ကြည်သောအသွင်ရှိသည့် အမျိုးသားတစ်ယောက်နှင့် ထိုအမျိုးသား၏လက်အားဆုပ်ကိုင်ထားသော အမျိုးသမီးတစ်ဦးတို့ရှိနေလေသည်။အတူတူရှိနေကြသော်လည်း မပြုံးနိုင်ကြဘဲ နှစ်ယောက်စလုံး၏မျက်နှာထက်တွင်စိုးရိမ်ပူပန်မှုတို့ကအထင်းသား။ဦးအဂ္ဂဟန်သည် ဒေါ်ခွန်းသနွယ်၏လက်အားဆုပ်ကိုင်ထားရင်းမှ  အဆင်ပြေသွားမှာပါဟူသည့်အပြုံးမျိုးနှင့် ခပ်ဖွဖွလေးပြုံးပြလိုက်သည်။ဇနီးဖြစ်သူအား ပြုံးပြ၍အပြီး ရှေ့သို့ပြန်အလှည့်တွင် လမ်းကြားထဲမှ အရှိန်ဖြင့်ထွက်လာသော ကုန်ကားတစ်စီး။


အားး!

ဝုန်း!!


                ကားအနက်ကလေးသည် ဝုန်းခနဲအသံမြည်၍ သုံးပတ်မျှလိမ့်သွားသည်။သွေးစွန်းနေသော လက်နှစ်စုံတို့သည် အချင်းချင်းဆုပ်ကိုင်ထားသည်ကို အတိုင်းသားမြင်နေရသည်။လေအဝှေ့တွင် ကား၏ဒက်ရှ်ဘုတ်ပေါ်မှ ကျလာသော ပုံလေးတစ်ပုံ။အဂ္ဂသည် မျက်၀န်းများစိုစွတ်လျက်သားပင် ထိုမြင်ကွင်းအားချဲ့ကြည့်လိုက်သည်။အဖြူ‌၀တ်စုံ၀တ်ထားသော လူနှစ်ယောက်ကြားမှ အဂ္ဂသည် ခရစ်စမတ်၀တ်စုံအနီလေးဖြင့် မျက်လုံးလေးများမှိတ်ကျသည်အထိပြုံးရယ်နေသည်။



             မျက်ရည်တို့သည် တစ်လိမ့်ချင်းစီးကျလာသည်။အမြဲတမ်းနွေးထွေးပေးခဲ့သော မိဘနှစ်ပါး၏ နောက်ဆုံးချိန်သည် သွေးပျက်ချင်စရာအတိ။အဂ္ဂသည် ချုပ်တည်းထားရလွန်း၍ မေးကြောကြီးများထောင်လာသည်။လက်အစုံတို့သည်လည်း အကြောများယှက်ဖြာလျက် တုန်ယင်လာသည်။အဂ္ဂ ဖျားနေစဉ် ဆေးမသောက်ချင်၍ဂျီကျနေသောသူ့အား ချော့ကာ ဆေးတိုက်ခဲ့သော ဖေဖေနှင့်မေမေ၏ပုံရိပ်များသည် သူ့အာရုံထဲတွင်တရိပ်ရိပ်။



              မိသားစုသုံးယောက် ကားထဲတွင် သီချင်းဆိုရင်း ခရီးတွေထွက်ခဲ့ကြပုံ၊ကမ်းခြေတွင် ပုစွန်အခွံမခွာတတ်၍ ငိုမဲ့မဲ့ဖြစ်နေသောသူ့အား ဖေဖေနှင့်မေမေက အပြိုင်အဆိုင်လု၍ ပုစွန်အခွံခွာပေးခဲ့ပုံ၊မေမေ့အားအလျှော့ပေးတတ်‌ပြီး မေမေစိတ်ကောက်လျှင် သူတို့သားအဖနှစ်ယောက်လိုက်ချော့ခဲ့ရပုံ၊ရုံးပိတ်ရက်များတွင် မေမေလုပ်ကျွေးသော မြန်မာမုန့်များစားကြပုံတို့ကို ပြန်မြင်လာသည်။




ချစ်ခြင်းတည်စေWhere stories live. Discover now