Married with my Professor 1

886 60 8
                                    

"Honey ခဏလောက်စောင့်ပါအုန်း"

Jisoo ကျောင်းရဲ့ ကော်ရစ်တာမှာ လမ်းလျှောက်နေတုန်း အနောက်ကနေ လှမ်းခေါ်တဲ့ အသံကိုကြားလိုက်တယ်

'ဒီအသံက သူ့အသံပဲ'

Jisoo အရမ်းကိုလန့်သွားပြီး

'ဟင် သူကဒီကျောင်းမှာ တက်နေတာလား
ဒုက္ခပါပဲ'

Jisoo မကြားချင်ယောင်ဆောင်ပြီး ခပ်သွက်သွက်ဆက်လျှောက်သွားလိုက်တယ်

"Honey ရေ ဘယ်သွားမလို့တုန်း"

Jisoo ဘေးဘယ်ညာကို ကြည့်လိုက်ပြီး

"Jennie ဘယ်လိုဖြစ်နေတာလဲ ကျောင်းမှာဆိုတာလည်း သတိရအုန်း"

ကျောင်းမှာဆိုတဲ့အသိကြောင့် Jisoo အသံကိုနှိမ့်လိုက်ပြီးပြောလိုက်တယ်

"ဘာဖြစ်လဲ ကိုယ့်မိန်းမကိုယ်ခေါ်တာကို"

"ဒီကျောင်းဝန်းထဲမှာ မဒိတ်ရဘူးဆိုတဲ့ စည်းကမ်းရှိတယ်နော် ပြီးတော့ ငါက ဒီကျောင်းမှာ professor ဆိုတာလည်း မမေ့နဲ့အုန်း"

"ငါတို့နှစ်ယောက်က Date နေတာမှမဟုတ်တာ နောက်ပြီး လက်ထပ်ထားပြီးသားလေ အဲ့အဆင့်ကိုကျော်ပြီးသွားပြီ နင့်နောက်ကနေပဲလိုက်လာတာမို့ CCTV မှာလည်း ဆရာနဲ့ကျောင်းသားစကားပြောနေပုံပဲ ပေါက်မှာပါ"

"ဘယ်လိုဖြစ်ဖြစ် မလိုက်လာခဲ့နဲ့ ကိုယ့်အခန်းကိုယ်သွားတော့"

"ဟန်နီကလည်း ဟန်နီ့ရုံးခန်းထိလိုက်ပို့မယ်လေ နော်"

"ကဲ Jennie သွားတော့လို့ပြောနေတယ်မလား"

"ကိုယ့်မိန်းမကိုယ်လိုက်ပို့လို့တောင်မရဘူးလား"

"နင် ဒီကျောင်းမှာမှ ငါရှိမှန်းသိလို့ လာတက်တာမလား"

"မဟုတ်ပါဘူးဟန်နီရယ်"

"နင် ငါမရှိတဲ့ကျောင်းမှာတက်ပါလား"

"ဟန်နီလည်း ငါမတက်တဲ့ကျောင်းမှာ သွားသင်ပါလားလို့ ငါကဒီကျောင်းမှာ အရင်တက်နေတာလေ ခုပဲ နောက်ဆုံးနှစ်ရောက်နေပြီကို ကိုယ့်မိန်းမ ဘယ်‌ ကျောင်းမှာတက်နေလဲတောင်မသိဘူးလား ဟွန့်
ဝန်ခံလိုက်စမ်းပါ အချစ်ရှိနေတဲ့ကျောင်းမှာမို့ ဟန်နီလာသင်တာမလား"

Married With My ProfessorWhere stories live. Discover now