3

172 23 1
                                    

ကောင်းကင်ယံထက်က မိုးစက်တွေ
တဖျောက်ဖျောက် ပြတင်းပေါက်ကို
တီးခေါက်နေသကဲ့သို့ ကြားနေရသည်

မိုးရာသီဖြစ်တဲ့ နံနက်ချိန်ခါတေးသီနေကျ
ဌက်လေးတွေအသံလည်း မကြားရ
ရာသီဥတုမှာ စိတ်နုန်းလူနုန်းဖြစ်နေချေသည်

ထဖို့ပင် မနိုင်တော့တဲ့
ခန္ဓာကိုယ်ကြောင့် လက်လေးနဲ့သာ စားပွဲပေါ်က ရေခွက်ကို သူလှမ်းယူလိုက်မိတယ်

" အဆင်ပြေရဲ့လား ကိုယ်ယူပေးရမလား ''

တဲ့။

လူတယောက် အခန်းထဲကို ဝင်လာတော့ သူလှမ်းယူနေတာကို ရပ်လိုက်ပြီး အဲ့လူကိုစိုက်ကြည့်နေမိခဲ့တယ်

အဲ့လူက....။

အထပ်ထပ်ကာရံထားတဲ့ ရောင်စုံခြယ် ခမ်းဆီးလိုက်ကာတွေ တဖြတ်ဖြတ်ခပ်နေလည်း ပုံရိပ်ကတော့ မပြောင်းမလဲနိုင်တဲ့ သူ့အရိပ်တွေပဲ ထင်ကျန်နေဆဲ။

အခုချိန်သာ သူ့ကို တခဏလောက်တွေ့ရင် ပြန်ပြောချင်မိတယ် 51921 ဆိုတဲ့ ဂဏန်းလေးအကြောင်းကို။

ခင်ဗျားတို့က ကျနော့်ကိုရူးနေတယ် ထင်ကြမှာပဲ သူ့ကို ဒီလိုဂဏန်းလေးအကြောင်းကို ဘာလို့ရှင်းပြချင်နေတာလဲပေါ့
တကယ်တော့ အဲ့ 51921 ဆိုတာက ငါ မင်းကို ဆက်ချစ်နေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ




" အဆင်ပြေတယ် ဟုတ်လား ဆရာ ''

" ဟုတ်တယ် ယွန်းဂီ ဟိုတနေ့က ကျနော့်ကိုပြတဲ့ Spring Day ဆိုတဲ့သီချင်းလေးရဲ့ chorus က တကယ်ကိုအဆင်ပြေတယ် ဒါနဲ့ အဲ့သီချင်းလေးရဲ့ full version ယူလာပေးလို့ရမလား''

" ဆရာ အဲ့တာ..အဲ့တာက ကျနော်လည်းမရေးရသေးဘူး ''

" ဟမ် ''

" ကျနော်အဲ့နေ့ကစိတ်ကူးရတုန်းရေးလိုက်တာ အဆင်ပြေလားလာပြယုံပဲ ဆရာ ''

" အာ့ဆို ဒီတစ်ပတ်အတွင်း အဲ့အချိန် full ver ရနိုင်မလားဟင် ''

Yoongi အတော်အတန်စဥ်းစားလိုက်တယ်
သူရေးသမျှသီချင်းတွေတိုင်းမှာလည်း ဇီဇာကြောင်တဲ့ producer ကြိုက်တာ ဒီတခါထဲကြုံဖူးတော့ ဒီအခွင့်အရေးကိုလက်လွှတ်မခံချင်ပေ
သို့သော်ငြား ဒီသီချင်းပိုင်ရှင်ကို မတွေရမချင်း ဒါကလည်းပြီးနိုင်မယ်မထင်

51972 || NamYoonJinWhere stories live. Discover now