" ပေးဆပ်ခြင်း နှင့် စွန့်လွှတ်ခြင်း " (one short)

773 51 0
                                    

" ရတီရေ ရတီ "
အိမ်ရှေ့မှ သူငယ်ချင်းတစ်သိုက် ကျော့ရတီ အားလှန်းခေါ်နေကျသောအသံ ။
" လာပီ ခနနော် ရတီက မနိုးသေးဘူး "
အိမ်ထဲမှ ပြေးထွက်ကာ တံခါးလာဖွင်းပေးလေသော ရတီအမ လေးနွယ် စကားအားကြားကာရီကြလေသည် ။
" မိရတီတို့တော့ သူ့ဖွားတောင်ကြီးအကြောင်းတွေးပြီး ညကဘယ်လောက်မှအိပ်လဲမသိဘူး ဟေ့ တယ်ခတ်ပ ၊ မမလေး ရတီကို မြတ်လေးတို့သွားနှိုးခေါ်လိုက်မယ် နော် "
" အေးအေး သွားနှိုးရီ "
လေးနွယ် စကားအဆုံး ရတီ အိပ်ရာစီသို့ မြတ်လေးတို့၃ယောက်သားသွားကြလေသည် ။ လေးနွယ် လဲ ရတီအကြောင်းသိသည်မို့ သူ့သူငယ်ချင်းများကိုသာသွားနိုးခိုင်းလိုက်သည်။
" ဟဲ့ မိရတ လန့်တာဟယ် "
အိပ်ရာမှာ ကမန်းကတန်းထကာ ထွက်လာသည်မို့ လန့်၍အော်မိကြသော ၂ယောက် ။ ထို ၂ယောက်ဟာ တရီ နဲ့ငယ်မွေးခြံပေါက်သူငယ်ချင်းတစ်သိုက် ။
ကျော့ရတီ ၊ မြတ်လေးသက်၊နိုးခရာ
တို့အဖွဲ့ဆိုသည်နှင့် ကျောင်းမှာ ထိတ်ထိတ်ကျဲများဟုဆိုလျှင်မမှား ။
" ဘာလို့အဲ့လောက်လန့်နေတာလဲ အစောကြီးဘာလာလုပ်ကြတာတုန်း "
" လန့်တာပေါ့ဟဲ့ နင်အိပ်နေတယ်ထင်တာလေ "
ကျော့ရတီငေါက်လို့မပြီးခင်မှာ တမှုးသာအောင်ငေါက်သူမှာ နိုးခရာ ။
" နင်တို့အော်ခေါ်နေတည်းက နိုးနေတာနော် ၊ တမင်မထွက်လာတာ ၊ နင်တို့ မမ ကိုဘာတေသွားပြောလိုက်သေးလဲ "
အငေါက်မခံ ပြန်ပြောတက်သူမှာ ကျော့ရတီ သူ့အပေါ်သေးသေးတင်မခံသူ တစ်ယောက်မို့ဆက်ငေါက်ရင် ပိုငေါက်ခံရမှာကို၂ယောက်သားကောင်းကောင်းသိသည် ။ ထို့‌ကြာင့်မြတ်လေးလဲဝင်ပြီးမငေါက်ပဲ ချော့ပြောရပြန်ပြီးခေါ်ရလေတော့မည် ။
" မပြောရပါဘူးဟယ် နင်က ခုထိအိပ်နေသေးတယ်ဆိုတော့ ညကနောက်ကျလို့ထင်တယ်လို့ပြောတာပါ "
မြတ်လေးလဲပြောရင် အိမ်ရှေ့သို့ခေါ်ကာအားလုံးထိုင်လိုက်ပြီး ရတီအားကြည့်ကြလေသည် ။
" ငါကြားပါတယ် ဟိုဘွားတော် ဆိုတာပါတယ်မလား
ငါဘယ်နှစ်ခါပြောရမလဲ သူ့ကိုအဲ့လိုမခေါ်နဲ့လို့ "
" အေးပါ ဆေားရီးပါဟာ လွှတ်ခနဲထွက်သွားလို့ပါ "
မြတ်လေးလဲ ကျော့ရတီစိတ်ဆိုးမှာ ဆိုးသည်မို့အမြန်တောင်ပန်ရပြန်သည် ။ သူငယ်ချင်း၃ယောက်လုံးမှာ အသက် ၂၀ကျော်လာပါသော်လဲ ကလေးတေပမာ ။
၃ယောက်ဆုံသည်နှင့် အသက်ငယ်သွား သည်ထင်လေးကြသော သူတို့ပင် ။ ၃ယောက်လုံးမှာ ၁၀တန်းသာပြိးသွားကြသည် တစ်ယောက်တစ်မျိုး အတိတ်များစွာနှင့်ပင် ။ ကျော့တရီ မှာ ၁၀တန်းကို ၂ဘာသာပါပြီး မြတ်လေးကတော့ သူဖြစ်ချင်တဲ့အတိုင်း ၆ ဘာသာထိမဟုတ်ပေမဲ့ ၅ဘာသာ နှင့်ဆေးကျောင်းတက်နေလေသည် ။ နိုး ကတော့ ရိုးရိုးသာအောင်ပေမဲ့ သူ့ဝါသနာ သူ အကောင်ထည်ဖော်လေသူပင် ။ ကျော့ရတီမှာ အရင်ဒဏ်ရာများ နှင့်သူ့ဘဝကိုဇာတ်မြုတ်လာသည်မှာ ယခုထိပင် ။ အိမ်တွင်းပုံးတစ်ယောက်လို့ဆိုလဲမမှားပေ အမနှင့် အဖေဖြစ်သူနှင့်သာအတူနေထိုင်ပီး အမေမရှိသည်မို့ အလိုလိုက်ကြသည်။
လှိုင်းပေါ်မှ သင်တန်းတက် သူ့ဟာသူ ပိုက်ဆံရှာကာ
အိမ်တွင်းအောင်းသူ ဖြစ်သည် ။ သို့ပေ နောက် ၃လလောက်နေရင် နိုင်ငံခြားသို့ ပညာသင်နှင့်သွားဖို့ ပြင်ဆင်ထားလေသည် ။
" ဟဲ့ တရီ စကားပြောအုန်းလေ ငုတ်တုတ်ကြီးမေ့သွားပီလား "
" မဟုတ်ပါဘူးဟာ နင်တို့ဘာလာလုပ်ကြတာလဲ မုန့်သွားစားဖို့လား ငါမလိုက်ဘူးနော် ၊မြတ်လေးရော နင်စာတေပိုင်နေတယ်ပေါ့ "
မလိုက်ချင်သည်မှာနည်းနည်း မပြင်ထွက်ရမည်ကိုကြောက်သည်ကများများနှင့် မြတ်လေးကိုပါအတင်စွဲထည့်ကာငြင်းလေသည်
" မဟုတ်ပါဘူးဟယ် ငါတို့ဆုံလို့တမင်လာတာပါ .. ငါထွက်လို့မရတာတောင် နင်ဆီလာတာနော် "
" ဟူး .. ဘာလာလုပ်ကြတာတုန်း "
စိတ်ပြတ်သံများဖြစ်နေသည်မို့ ၂ယောက်သား လိုရင်းကိုသာပြောကြလေသည် ။
" နင် နိုင်ငံခြားသွားတော့မှာဆို "
" အင်းဟုတ်တယ် .. နင်တို့ကိုအသိမပေးတာမဟုတ်ပါဘူး ခုက ဖြုန်းစားကြီးငါလဲလုပ်လိုက်တာ ပြောဖို့အချိန်မရလို့ပါ "
အဖေနဲ့အမပါ အရင်ရက်အနည်းငယ်ကမှ ပြောလိုက်သည်မို့အားလုံးအံ့အောရသည် အိမ်တွင်းပုံးကနိုင်ငံခြားသွားမှာမို့ပင် ။
" အေးပါ အဲ့တာကို ခုမှာပြောတာထား ငါတို့လာတာကနင့် အချစ်တော် ရဲ့သတင်းရပီ ဆိုတာ လာပြောတာ"
မြတ်လေးပြောတာ လိုရင်းမရောက်သည်နှင့်နိုးကကြားဝင်ပြောရပြန်သည် ။
" ဟင် တကယ်လား သူအခု ဘာလုပ်နေလဲ အဆင်ပြေရဲ့လား ဟင် "
ချက်ချင်းပင် နိုးခရာအနားတိုးကာ မေးတော့လေသည် ။
" အင်း သူကပြေပါတယ် "
ကျော့ရတီသည်ပေါ့သေးသေးမဟုတ် အထူးသဖြင့် သူမ၏ ချစ်ရသူနဲ့ဆိုင်သမျှတိုင်း ကိုပေါ့။
" သူအဆင်မပြေဘူးလား ဟဲ့ ဘယ်လိုလေသံကြီးလဲဟာ သူဘယ်လိုနေနဲ့ ၊ အရင်အိမ်မှာပဲလား ၊ သူခုဘာတေလုပ်နေလဲ "
နိုးမပြောချင်မျန်းသိပြန်သည့်မြတ်လေး က ဝင်ပြောရပြန်သည် ။
" ပြေတယ်ဟဲ့ နင်စိတ်ပူမနေနဲ့ သူက အိမ်ထောင်တောင်ကျနေပီ သူ့ကလေးတောင် ၂ နှစ်လောက်ရှိပီဟဲ့ "
သူအဆင်ပြေသည်ဆိုသည့်စကားကြောင်းပြုံးနိုင်သည် ။ ၆နှစ်လောက်အဆက်သွယ် မရ အဆက်သွယ်ဖြတ်သွားသူ ကျော့တရီ၏ မေ့မရနိုင်သော မြတ်နိုးရပါသောအမျိုးသမီး ဒေါ်လှိုင်းမြင့်မြိရ် ။ အိမ်ထောင်ရှိနေပီတဲ့ အဲ့တုန်းက သူချစ်သူဟုတွေးမိသည် ။
" သူက အဆင်ပြေပါတယ် ဟိုတစ်နေ့ကငါတွေ့ခဲ့တာတီချယ်ကို ၊ငါတောင်လှမ်းခေါ်လိုက်သေးတယ် ဒါမဲ့ဟယ် မှတ်မိပုံမပေါ်ပါဘူး "
နိုးခရာ ဆက်ပြောရင်း ကျော့ရတီရဲ့ မျက်နှာကိုသာ ကြည့်နေမိသည် ။
ဟုတ်ပါတယ် ကျော့ရတီရဲ့ မေ့မရသူက ကျော့ရတီတို့ရဲ့ ၉တန်း ဆရာမလေးပေါ့ ။

🎉 You've finished reading " ပေးဆပ်ခြင်းနှင့်စွန့်လွှတ်ခြင်း " (One Short) 🎉
" ပေးဆပ်ခြင်းနှင့်စွန့်လွှတ်ခြင်း " (One Short)Where stories live. Discover now