Part 11

396 30 4
                                    

🌻🌻🌻

ကိုယ်အသက်တမျှမြတ်နိုးမိနေတဲ့လူသားကို
ကိုယ့်လက်ထဲကနေ လုယူဖို့ကြိုးစားလာတဲ့အခါ
သတ္တိအပြင် ကြောက်စိတ်တွေပါ တစ်ပြိုင်တည်း ဝင်လာသည်

အကြည့်ချင်းစုံသွားတဲ့သူတို့သုံးယောက်
ဝမ်ကတော့ရှောင်ကျန့်ရဲ့အပြုအမှုလေးတွေကိုကြည့်ပြီးသဘောကျနေပြီ

အသည်းတွေယားလိုက်တာရှောင်းရာ
မင်းအဲ့လိုလေးနေတာကိုငါချစ်လွန်းလို့ရူးလိမ့်မယ်

ပထမဦးဆုံးရင်ခုန်စေမိသူ
ဒီလူကိုတွေ့တာနဲ့ ဒီနှလုံးသားက အပြင်ကိုထွက်ကျလာမလားတောင်စိုးရိမ်ရတဲ့ရင်ခုန်သံတွေ

"ပြန်မယ်ရိပေါ်"

ရှောင်းကဝမ့်ရဲ့လက်ကိုဆွဲပြီး Devilကိုကျောခိုင်းလိုက်သည်
ငါ့အပိုင်ကိုဘယ်သူ့ကိုမှထိခွင့်မပေးဘူး

"မင်းအပိုင်ကိုသေချာဂရုစိုက်နော်……နည်းနည်းလေးသတိလွတ်သွားတာနဲ့
မင်းအပိုင်ကနေ ငါ့အပိုင်ဖြစ်သွားရင် ပြန်ရဖို့မျှော်လင့်ခွင့်မရှိတော့ဘူးနော်!"

Devilရဲ့စကားကို ရှောင်းရဲ့အကြောက်တရားတွေကိုတွန်းအားပေးနေသည်

"ငါ့အပိုင်ကသူများလက်ထဲရောက်သွားရလောက်အောင်
ငါမညံ့ဘူး"

ဝမ်ကတော့တစ်ခွန်းမှဝင်မပြော
သူအတော်အသည်းယားနေပြီရှောင်းဆိုတဲ့ယုန်ပေါက်ကလေးကို

ရှောင်းကတော့အပြုံးအရယ်ဆိုတာမရှိတော့လောက်အောင်
မျက်နှာကတည်တင်းနေသည်

ပြန်လာပြီးအိမ်ရောက်တဲ့အထိ စကားတစ်ခွန်းမှမပြောတော့တဲ့ရှောင်း
အတွေးများစွာနဲ့သူ့မှာထိတ်လန့်စပြုလာသည်

ငါမင်းကိုအဆုံးရှုံးမခံနိုင်ဘူး
ငါဘယ်လိုလုပ်ရမလဲ…ငါကြောက်တယ်ရိပေါ်ရယ်

"ရှောင်းးးညစာစားရအောင်လေ!"

အပေါ်ကိုတက်သွားပြီးကတည်းကပြန်ဆင်းမလာတောတာမို့
သူစိတ်မကောင်းဖြစ်သွားရသည်
ရှောင်းအတွေးလွန်နေပြီဆိုတာသူသိသည်

"ငါမစားချင်ဘူး…ငါအိပ်တော့မယ်"

ဝမ့်ကိုထားခဲ့ပြီးသူ့နေရာလေးသူသွားပြီးအိပ်သည်

ထိခြင့္မရွိ🌟ထိခွင့်မရWhere stories live. Discover now