Chapter 1

1.6K 197 3
                                    

[1]

သူသည် ဤဆိုင်ရှိချစ်စရာအကောင်းဆုံး ခေါင်းအုံးလေးဖြစ်ပြီး ခန္ဓာကိုယ်လေးပေါ်တွင် မိုးပြာရောင်သန့်သန့်သိုးမွှေးအင်္ကျီလေးကို ၀တ်ဆင်ထားလေသည်။ဆိုင်သို့ဝင်လာသည့် ဖောက်သည်တိုင်းကလက်လှမ်းကာသူ့ကိုဆွဲညှစ်တတ်သော်လည်း သူ၏ဈေးနှုန်းမှာအလွန်မြင့်မားနေခြင်းကြောင့် မည်သူကမှသူ့ကိုဝယ်ရန်ဆန္ဒမရှိခဲ့ကြပေ။

ခေါင်းအုံးလေးမှာ နေ့စဉ်နေ့တိုင်းမျက်လုံးဝိုင်းလေးများဖြင့်စိုက်ကြည့်နေတတ်ပြီး ဆိုင်သို့လာသည့်ဖောက်သည်များက သူ့အားဝယ်လိမ့်မည်ဟုမျှော်လင့်နေတတ်လေသည်။သို့သော် ညနေပိုင်းဆိုင်တံခါးပိတ်ပြီးနောက်ပိုင်းတွင် စိတ်ပျက်စွာဖြင့်မျက်လုံးလေးများကိုမှိတ်ထားလိုက်လေသည်။

သူကတကယ့်ကိုအထီးကျန်၊အလွန်အမင်းအထီးကျန်ပြီး သူနှင့်အတူရှိနေမည့် သူ့အားဖက်ထားပေးမည့်တစ်စုံတစ်ယောက်ကိုသာ လိုချင်နေခဲ့ရုံသာ......

ဆောင်းဦးနှင့်ဆောင်းရာသီတို့ကုန်လွန်သွားပြီး ခေါင်းအုံးအသစ်တစ်လုံးက ဆိုင်ထဲသို့ရောက်လာခဲ့၏။စင်ပေါ်၌အချိန်အတော်ကြာအောင်ပြသထားခဲ့သည့် မိုးပြာရောင်ခေါင်းအုံးသည် အချိန်အကြာကြီးရောင်းထွက်ခြင်း မရှိခဲ့ပေ။ထို့ကြောင့် သူ့ကိုအရောင်းဝန်ထမ်းကပြတင်းပေါက်၏ မထင်မရှားထောင့်လေး၌ ထားထားခဲ့လေသည်။

ခေါင်းအုံးလေးမှာ အလွန်ဝမ်းနည်းနေသော်လည်း သူမည်သည်ကိုမှ လုပ်၍မရနိုင်ပေ။သူက ခေါင်းအုံးတစ်လုံးမျှသာဖြစ်ပြီး သူ့ခံစားချက်များကို မည်သူကမျှနားလည်မည်မဟုတ်ပေ မည်သူကမျှ......

"လူကြီးမင်း ဒီခေါင်းအုံးအသစ်လေးကိုကြည့်ပါအုန်း အဲဒါကကျွန်မတို့ဆိုင်မှာ အသစ်တင်ထားတာပါ နန်းတော်စတိုင်အတွန့်တွေပါပြီး ရှေးခေတ်ဒီဇိုင်းနဲ့ဆိုတော့ အိမ်ကဆိုဖာပေါ်မှာဆိုရင် သေချာပေါက်ကိုလှနေမှာဖြစ်ပြီး ကိုင်ရတာလည်းပိုပြီး သက်တောင့်သက်သာရှိနေမှာပါ....."

"ဒီတစ်ခုလိုချင်တယ်"

ထိုလူက ပြတင်းပေါက်ထောင့်တွင် တင်ထားသော မိုးပြာရောင်ခေါင်းအုံးလေးကို လက်ညှိုးထိုးပြလာ၏။

Little Warm Pillow || MM Translation Where stories live. Discover now