lσvє αt fírst síght

732 43 9
                                    

𝙱𝚒𝚋𝚕𝚎 𝚡 𝙱𝚞𝚒𝚕𝚍 𝙵𝚊𝚗𝚏𝚒𝚌.

🎄🎄🎄

" အားလုံးကို ဘုရားသခင်ကောင်းချီးပေးပါစေ..... အာမင် "

" အာမင် "

ခရစ္စမတ်နေ့မို့ ဘုရားကျောင်းထဲတွင် ပုံမှန် ထက် လူတွေပိုများပြီး စည်ကားနေခဲ့တယ်။ ကလေးတွေရော လူကြီးတွေပါမကျန် အားလုံး ပျော်ရွှင်စွာဖြင့် ဘုရားသခင်ရဲ့ ကျေးဇူးတော်အား ချီးမွမ်းရင်း ခရစ္စမတ်နေ့ကို ဖြတ်သန်းနေကြတယ်။

လက်ဆောင်တွေ အပြန်အလှန် ပေးအပ်ကြ၊ ရောင်စုံမီးလုံးလေးများဖြင့် အလှဆင်ထားတဲ့ ခရစ္စမတ်သစ်ပင်ကြီးဘေးမှာ ဓာတ်ပုံရိုက်တဲ့သူတွေကရိုက်၊ ကလေးငယ်များကလည်း Santa Claus ထံမှ လက်ဆောင်တွေရလို့ ပျော်ရွှင်နေပြီး မြူးထူး‌ဆော့ကစားနေကြတယ်။

" Merry Christmas 🎄 "

" Merry Christmas ပါ Bae....
ဒီနေ့ အရမ်းလှနေပါလား "

" ဟီး..... ဟုတ်.... ဒါလေးက အန်တီ Grace အတွက် Christmas Present ပါ "

" အို.... Thanks နော် Bae "

" P'Bae... P'Bae သားတို့အတွက်ရော.... "

" ရှိတာပေါ့... လာ.... P' နောက်လိုက်ခဲ့ "

Bae က Santa Claus 🧑‍🎄အင်္ကျီ အနီ‌ရောင်ဂါ၀န်လေး၀တ်ထားပြီး ခပ်ပျော့ပျော့ဆံနွယ်လေး‌တို့က ကျောပြင်ပေါ်မှာ ဝေ့ဝဲ‌နေတာမို့ သက်ရှိအရုပ်မလေးအလား ချစ်စရာကောင်းနေတော့သည်။ ထိုအရုပ်မလေးအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိတဲ့ တစုံတစ်‌ယောက်ရှိ‌နေတယ်ဆိုတာကိုတော့ ထိုအရုပ်မလေးက သတိထားမိဟန်မတူ။

ပါးပြင်မို့မို့လေးပေါ်က ပါးချိုင့်ခွက်‌ သေးသေးလေး‌တွေက မြတ်နိုးစရာအတိ၊ ကလေးတွေအား Lollipop နဲ့ လက်ဆောင်လေးတွေ ပေးနေပြီး ပြုံးရယ်လိုက်တိုင်း ပိတ်ကျသွားတဲ့ မျက်ခွံမို့မို့လေးတွေကအစ စွဲမက်ချင်စရာ၊ ပန်းနုရောင်သမ်းနေတဲ့ နှုတ်ခမ်းလေးနဲ့ နှာတံချွန်ချွန်ကလေးကလည်း အသက်ရှူမှားလောက်စရာပဲ။

ခရစ္စမတ် သစ်ပင်ဘေးမှာ ကလေးငယ်တွေအတူ ဆော့ကစားရင်း ဓာတ်ပုံရိုက်လိုက်၊ ကခုန်လိုက် နဲ့ စနောက်ကျီစယ်နေတဲ့ အရုပ်မလေးအား အချိန်ဘယ်လောက်ကြာအောင် ငေးကြည့်မိနေသည်မသိ။ စကားပြောလိုက်တိုင်း ဖောင်းဖောင်းလေးဖြစ်လာတဲ့ ပါးအိအိလေးတွေအား ထိတွေ့ချင်မိတယ်။ အပြစ်ကင်းစင်လွန်းတဲ့ သူ့ရဲ့ အရယ်အပြုံးတွေအောက်မှာ သူ့နှလုံးသားက မြေခကြွေကျကာ အကြိမ်ကြိမ် ဒူးထောက်အရှုံးပေးချင်မိရဲ့......။

Sʜᴏʀᴛ Sᴛᴏʀɪᴇꜱ CᴏʟʟᴇᴄᴛɪᴏɴWhere stories live. Discover now