dєєp ín thє lσvє

462 32 6
                                    

𝙱𝚒𝚋𝚕𝚎 𝚡 𝙱𝚞𝚒𝚕𝚍 𝙵𝚊𝚗𝚏𝚒𝚌

🖤💙

[ ဒီ Fanfic သည် လွန်ခဲ့တဲ့ပတ်လောက်တည်းက ရေးသားခဲ့တဲ့ စိတ်ကူးယဉ်သက်သက်ဇာတ်လမ်းပုဒ်သာ ဖြစ်ပါကြောင်း.......ကြိုတင်ပြောပြထားပါရစေ]

" BuiBui..... BuiBui သား ဘောလုံးလေး ဟိုဘက်ခြံထဲ‌ ရောက်သွားလို့ "

" ဟမ်... ဟုတ်လား Ve လေးကို P'Bui ပြောထားသားပဲ အိမ်ထဲမှာပဲ ကစားပါလို့ "

" BuiBui ကလည်း အိမ်ထဲမှာ ကစားလို့ ပြတင်း‌ ပေါက်မှန်တွေ ထိမိလို့ကွဲသွားရင် ဖွားဖွားကြီးက သားကို ဆူမှာပေါ့ "

" အင်း ဒါလည်းဟုတ်သားပဲ P'Bui မေ့သွားလို့ ဟီးး.... လာ ဘောလုံးပြန်သွားယူကြမယ် "

Bui က လက်ထဲမှာကိုင်ထားတဲ့ ဖတ်လက်စ စာအုပ်ကို စားပွဲပေါ်တင်လိုက်ကာ Venice နဲ့အတူ တဖက်ခြံဘက်သို့ ထွက်လာခဲ့တယ်။

ခြံရှေ့တံခါးတွင်ရှိသော ဘဲလ်ကို နှစ်ချက်ဆင့်၍တီးလိုက်ပေမယ့် ခဏကြာသည်အထိ အိမ်ထဲမှ တစ်ယောက်မှ ထွက်မလာခဲ့ဘူး။
ခြံထဲတွင် တစ်ယောက်တစ်လေကိုမှ မမြင်ရဘဲ တိတ်ဆိတ်ခြောက်ကပ်လွန်းလှတယ်။ နှစ်ယောက်သား ခြံထဲသို့ လှည့်ပတ်ကြည့်‌နေခဲ့တယ်။

အိမ်ထဲသို့ ဟိုဘက်က ချောင်းကြည့်လိုက် ဒီဘက်က ချောင်းကြည့်လိုက်နဲ့မို့ သူတို့ကို တစ်ယောက်ယောက်သာ မြင်သွားခဲ့ရင် သူခိုး‌‌တွေလားဟု ထင်မှတ်သွားနိုင်တယ်။

Bui တို့မိသားစုက ဒီရပ်ကွက်သို့ပြောင်းလာသည်မှာ ရက်ပိုင်းလောက်သာရှိသေးသည်မို့ ပတ်၀န်းကျင်နဲ့ အစိမ်းသက်သက်ဖြစ်နေသလို အိမ်နီးချင်းတွေနဲ့လဲ ရင်းနှီးမှုမရှိကြသေးဘူး။

" အိမ်ရှင်တို့.... တစ်ယောက်မှ မရှိကြဘူးလားဗျ။ ကျွန်တော်တို့ ဘောလုံးလေး ဒီဘက်ခြံထဲကျသွားလို့ ပြန်ယူချင်လို့ပါ "

Venice က တစ်လှည့်အော်လိုက် Bui က တစ်လှည့်အော်လိုက်လုပ်နေပေမယ့် ခြံထဲမှ ခွေးတကောင်၊ ကြောင်တမြီးမှ ထွက်လာသည်ကို မမြင်ရချေ။

Sʜᴏʀᴛ Sᴛᴏʀɪᴇꜱ CᴏʟʟᴇᴄᴛɪᴏɴWhere stories live. Discover now