*မင်းသားလေးနဲ့ ချစ်ကြိုက်နေကြတာလား ဂျွန်ငယ်..*
*ဗျာ..*
ထမင်းစားခန်းထဲကို ဖခင်ကဝင်လာပြီး လေသံအေးအေးဖြင့်မေးလာတော့ ဂျွန်တယောက် လန့်သွားခဲ့သည်။ရက်သတ္တပတ်ကနေ တလနီးပါးကြာသည်အထိ သူနဲ့မင်တို့ရဲ့ အချစ်ခရီးက ဖြောင့်ဖြူးခဲ့ပါတယ်။နေ့တိုင်းတွေ့နေရပေမယ့် အချစ်စိတ်တက်နေတာကြောင့် အမြဲလိုလို နှစ်ယောက်ထဲဘဲ ရှိနေတက်သည်။မင်းကြီးသိရင်လည်း ကြီးမားတဲ့အပြစ်ဒဏ်ေပးခြင်းကိုခံရမယ်ဆိုတာလည်းသိသည်။ဒါပေမယ့် သူမှ မင့်ကိုမချစ်ဘဲမှမနေနိုင်တာ။
ပိုင်ဆိုရပြီးမှ လက်လွှတ်ပေးဖို့က အတော်လေးကိုခက်ခဲသည်။ မင်ကလည်း တနေ့တခြား ချစ်ဖို့ကောင်းလာသည်။စိတ်ကောက်တက်တာ ငြူစူတာလေးတွေက သူ့အတွက်တော့ ရင်ခုန်စရာကမ္ဘာငယ်လေးပါ။
ဒါပေမယ့် အခုတော့ အပျော်လေးတွေပျောက်ကင်းဖို့ အချိန်ကျပြီထင်တယ်။ဖေဖေ သိသွားပြီဆိုတော့ မကြာခင် မင်းကြီးလည်းသိသွားနိူင်လောက်တယ်
*ဘာလို့ ဒီလိုလုပ်ရတာလဲ ဂျွန်ငယ်.*
*သား ချစ်လို့ပါ.*
*မဖြစ်နိုင်ဘူး ဆိုတာ သိတယ်မလား..*
*ဟုတ်ကဲ့..*
ဖေဖေပြောတာတွေက အမှန်တွေမို့ ခေါင်းငုံ့ပြီးသာ မေးသမျှကို အမှန်တိုင်းဖြေလိုက်သည်။
*ဒါဆို ဒီလောက်နဲ့ဘဲ ရပ်တန့်လိုက်ပါ..*
*ဖေဖေ..!*
*ရှေ့ဆက်တိုးရင် ဖေဖေတို့ တအိမ်လုံး လည်စင်းခံရမှာ..ဒါကိုသားသိလား။မင်းကြီးက မင်းသားလေးကို ဘယ်လောက်ထိ ချစ်လဲ သားမသိတာလဲ မဟုတ်ဘဲနဲ့။မိုက်ရူးရဲ ဆန်လိုက်တာ ဂျွန်ဂျောင်ဂု ရာ..*
*သား..သား..မလုပ်နိုင်ဘူး ထင်တယ်..*
သူရင်ကွဲသွားလိမ့်မယ်။တကယ်ကို ကမ္ဘာပျက်ပြီး အရူးတယောက်လိုဖြစ်လိုက်မယ်။ဟင့်အင်း...မင့်ကို လက်လွှတ်ပေးဖို့ သူမလုပ်နိုင်ဘူး။
မင် နဲ့ဝေးရရင် သေသွားလိမ့်မယ်*ဖြောင်း!!!
*အသိကပ် ဂျွန်ဂျောင်ဂု..။မင်းကြီးရဲ့ ကျေးဇူတရားတွေက ဖေဖေတို့ ဒီတသက်ဆပ်လို့ကုန်မှာမဟုတ်ဘူး။ကျေးဇူးမဆပ်ချင်နေ ေကျးဆွတ်ဖို့တော့ စိတ်မကူးနဲ့.*