Part *2*

196 9 0
                                    

*မောင်....မောင်လို့...*

*မောင်..!   ယောင်းကိုစိတ်ဆိုးနေတာလားဟင်*

ပြန်မဖြေ   ဟုတ်ပါသည်။မောင်ကမနေ့ကကိစ္စနဲ့   ပတ်သက်ပြီး  အခုထိ စိတ်ဆိုးလို့နေတုန်း။

ကျွန်တော်မျက်နှာကိုတည်ပြီး   သူခေါ်နေတာကိုမသိချင်ယောင်ဆောင်နေတော့   ကျွန်တော့်ယောင်းက.  ကျွန်တော့်အားနက်ချက်လေးဖြစ် တဲ့   မျက်နှာငယ်လေးနဲ့    မောင်..!   ယောင်းကိုစိတ်ဆိုးနေတာလားဟင် တဲ့
မေးတတ်လိုက်တာဗျာ။   ကျွန်တော်လေ
အဲ့ဒီတုန်းက. ယောင်းကိုဟိုကောင်ကြည့်တဲ့
အကြည့်တွေ ပြောတဲ့စကားတွေကို   ပြန်ကြားပြီး အခုထိစိတ်တိုနေတုန်း။
ယောင်းသာလာမဆွဲရင်   အဲ့ဒီကောင်  အခုချိန်ထိ  ငရဲပြည်မှာ  ရောက်နေလောက်ပြီ။

*မောင်..!လို့  ယောင်းကိုမချစ်တော့လို့လားဟင်။ယောင်းအသံကိုတောင်မကြားချင်တော့ဘူးမလား။  ယောင်းမျက်နှာကိုမမြင်ချင်လောက်အောင်မုန်းနေပြီဆိုရင်လည်း ယောင်းမောင့်ကိုလမ်းခွဲပေးပါ့မယ်   ဟင့်မောင်ရယ်   ဟင့့်*

ဟောကြည့်ကြပါအုံး  အရပ်ကတို့ရေ
ကျွန်တော့်ယောင်းက. သူ့ကိုကျောလေးပေးပြီး  မျက်နှာလေးကို  လှည့်မကြည်မိတာလေးကို  မမြင်ချင်လောက်အောင်မုန်းနေပြီလားတဲ့။
ဘယ်လိုတောင်မေးရက်လိုက်သလဲဗျာ။
ဟော့ဒီကကောင်က သူဆိုတဲ့  ယောင်းကို
ချစ်လို့တောင်မ၀သေးတာ   ။ဘာလိုမုန်းရမလဲဗျာ။မေးလဲမေးတတ်ပါ့  မောင့်ရဲ့ယောင်းငယ်ရယ်။ဒီကောင်ကိုမင်းမို့မေးရက်တယ်ကွာ။  ဒီကောင်မင်းကို  ဘယ်လောက်ထိချစ်သလဲ။တန်ဖိုးထားသလဲ။မြတ်နိုးသလဲဆိုတာ
လူတွေအားလုံးထက်မင်းအသိပါကွာ။မောင့်ကိုမင်းမို့လို့ကွာ။

*စောနစကားလေး  ပြန်ပြောကြည့်.ယောင်..!*

ဘယ်လိုပြောရမလဲ  စောနကစကားပြန်ပြောတဲ့  သူကြောက်ပါ၏။ မောင့်ကိုယောင်းတကယ်ကြောက်ပါ၏။  ဘာလို့လဲဆိုရင်
မောင်က. လမ်းခွဲစကားပြောရင် အရမ်းစိတ်တိုတာ။စိတ်လည်းဆိုးသေးတယ်လေ။
စောနကမထင်မှတ်ပဲ   ထွက်သွားတာ
အခုတော့   မောင်ကို  ဘယ်လိုပြောရဲပါ့မလဲ
လို့   ကြောက်ပါတယ်ဆို  ဟင့်။

ယောင်းရဲ့မောင်အဆိုးလေးWhere stories live. Discover now