Part22

17.2K 1.2K 75
                                    

​ဆေးရုံကြီးရဲ့ အ​ရေး​ပေါ်ဌာနက​နေ သူထွက်လာ​တော့ ကားတံခါးကိုမှီလျက် ရပ်​နေသူကို ​တွေ့လိုက်ရပြီး သူ​ခြေလှမ်း​တွေတုံ့သွားရသည်။
ဒီလူကြီး ​နေ့တိုင်းသူရှိရာလိုက်​နေရတာကို အခုထိငြီး​ငွေ့ဟန်မ​ပေါ်။
​ကျောင်းချိန်ဆိုလည်း ​ကျောင်းကိုလိုက်လာသည်၊​​ဆေးရုံ​တွေမှာ လက်​​​တွေ့ဆင်းချိန်ဆိုလည်း ကိုယ်ရှိတဲ့​ဆေးရုံကို သူ​ရောက်လာပြန်တာပဲဖြစ်သည်။
ညဖက်ဆိုလည်း ဖုန်း​တွေဆက်၊စာ​တွေပို့နဲ့ အချိန်တိုင်းသူ့အလုပ်ချည်းဖြစ်​နေ​တော့တာဟာ တားမရဆီးမရ။
ဒီလို​တွေမလုပ်ဖို့​ပြော​ရင်လည်း မျက်နှာ​လေးငယ်ပြီး "ကိုယ့်ကို ခွင့်မလွှတ်နိုင်​သေးရင်​တောင် ဒီ​လောက်​တော့ အခွင့်အ​ရေး​​ပေးပါ၊မိတ်​ဆွေ​တွေလို​တော့ ဆက်​နေခွင့်လေး​ပေးပါ"ဟု ​ပြောပြန်​တော့ သူနဲ့ပတ်သက်ရင် အသည်းမမာနိုင်တဲ့ကိုယ်ဟာ ဘာမှ​ရှေ့မဆက်နိုင်။
ဒီလိုနဲ့ပဲ လုံးလည်လိုက်​နေ​တော့တာ ၁လနီးပါးပင်ရှိ​တော့မည်ဖြစ်သည်။

ဂျူတီကုတ်​လေးတလွှားလွှားနဲ့ မျက်ခုံး​တွေတွန့်ချိုးပြီး လူဆီ​လျှောက်လာ​နေတဲ့ ​​ကောင်​လေးကိုကြည့်ရင်း ရပ်ကြည့်ခွင့်ပဲရှိ​သည့် သူမပိုင်ဆိုင်နိုင်သည့် နှင်းဆီးရိုင်း​လေးတစ်ပွင့်လို့ ​​တွေးမိ​တော့ ရင်ထဲမှာ​ဆွေးမိသွားရသည်။
​ဘေဘီဟာ နှင်းဆီရိုင်း​လေးပါပဲ၊အကိုင်အတွယ်ညံ့ဖျင်းသွားတဲ့သူက​တော့ နှလုံးသားတစ်ခုလုံး ဆူး​ဒဏ်ရာ​တွေနဲ့ ထိရှ​ခံ​နေရပါပြီ။
ဒါ​​ပေမဲ့လည်း သူ​​ကျေနပ်ပါသည်၊ကိုယ့်အပြစ်နဲ့ကိုယ်ပဲမို့ ဒဏ်ရာ​တွေကို သူ​​ကျေနပ်ပါသည်။
အနည်းဆုံး​တော့ သူ့နှင်းဆီရိုင်း​လေးကို ဂျူတီကုတ်ဝတ်ထားတဲ့ ဆရာဝန်​လောင်း​လေးအဖြစ် သူမြင်​နေရ​သေးသည်ပဲ​လေ။

"ခင်ဗျား ဒီအထိ​ရောက်လာပြန်ပြီ၊အား​နေတာပဲ​နော် ​တော်​တော်"

"အဟွန်း ဒီလိုအသံ​လေး ကြားမှကြားရပါမလားလို့ကွာ
​​​ဒီဖက်​ရောက်တုန်း​လေး ​ဘေဘီ့ကို မုန့်​ကျွေးချင်လို့ ဝင်လာတာပါ"

"ကျုပ်က က​လေးလားဗျာ၊တစ်ချိန်လုံး မုန့်လိုက်​ကျွေး​နေတာ၊အဲ့လို​တွေမလုပ်ပါ​တော့နဲ့လို့ ဒီ​လောက်​ပြော​နေတာကို ခင်ဗျားက ကျုပ်စကားကို တစ်စက်​လေးမှ အဖက်မလုပ်တာ​နော်"

Hotel California(Complete)Where stories live. Discover now