1 🍀

2.1K 156 22
                                    

❄💚 လူဆိုလေးရဲ့အချစ်နိဒါန်း❣

Short fic🍀 Part- 1 🍀

ကျွန်တော့်အသက်က ၁၉နှစ်။
ဂျူနီယာကောလိပ်ကျောင်းသားတစ်ယောက်။
ငယ်ငယ်ကတည်းကဆိုးသွမ်းခဲ့ပေမယ့် အခုလည်းလိမ္မာသွားဖို့စိတ်ကူးမရှိဘူး။

ရည်စားမရှိတဲ့ကောင်ချောလေးကျွန်တော့်ရဲ့အားနည်းချက်က မိန်းကလေးတွေကိုစိတ်မဝင်စားတာ!
Homo တစ်ယောက်ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ်သန်မာတဲ့ Typeထဲပဲရှိနေတာမို့လို့ အနာဂတ်ချစ်သူကလည်းပျော့တော့နေတာမျိုးမလိုချင်ဘူး။
ဒါကြောင့်အကြိုက်တစ်ယောက်မှမတွေ့သေးတာ အခုချိန်ထိပဲဆိုပါတော့။

အဟက်! အခုတော့တွေ့သွားပြီလို့ပြောရမယ်။
ကျွန်တော့်အကြိုက်နဲ့တစ်ထပ်တည်းကျတဲ့သူမျိုး!
သူကကျွန်တော်တို့ရဲ့စီနီယာတွေထဲကတစ်​ယောက်။
သူပုံစံကပျားရည်စမ်းတဲ့အသားအရည်နဲ့ တောက်ပတဲ့အပြုံးတွေပိုပဲခြွေတတ်တယ်။
ရှည်လျားတဲ့ခြေတံသွယ်သွယ်တွေနဲ့ ခါးသိမ်သိမ်လေးရှိပြီး ကျစ်လစ်တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့သူ။
အကြွေရဆုံးကသူ့နှုတ်ခမ်းအောက်ကမှည့်နက်လေး!

ဝှီ...

ဝီစီမှုတ်သံထွက်ပေါ်လာပြီး ကစားပွဲကစတင်ခဲ့လို့ ဘတ်စကတ်ဘောကစားသမားများ စတင်လှုပ်ရှားလာကြတော့သည်။

ကွင်းထဲပြေးနေတဲ့အရပ်ရှည်ရှည် ယောက်ျားပီသလှတဲ့စီနီယာအား အပေါ်ဆုံးတန်းတွင်ထိုင်နေသောဝမ်ရိပေါ် မျက်တောင်မခတ်စတမ်းကြည့်မိသည်။
သူ့ဒူးတစ်ဖက်ကိုချိတ်ထိုင်ထားပြီး လက်များပိုက်ကာမျက်လုံးများမှေးစင်းရင်းကြည့်နေတာ သူ့အားဆေးလိပ်လေးတစ်လိပ်သာပေးလိုက်မည်ဆို ဘော့စ်အရှိန်အဝါပြည့်သွားမှာပင်။

တစ်ကွင်းလုံးကစားသမားတွေရှုပ်ရှပ်ခက်ပြေးလွှားနေပေမယ့် သူ့အကြည့်များကတော့တစ်ဦးတည်းစီသာကျရောက်နေသည်။
စီနီယာကအရမ်းချော၏။
အရမ်းကိုယောက်ျားပီသလွန်း၏။
ခန္ဓာကိုယ်ကလည်းကျစ်လစ်ပြီး ခြေတံသွယ်သွယ်နဲ့ခါးသိမ်သိမ်လေးတွေက သူ့ကိုရူးမတတ်စွဲဆောင်နေ၏။
ထိုလူသားထံမှသူအကြည့်များတောင်မလွှဲနိုင်။

လူဆိုးလေးရဲ့အချစ်နိဒါန်းWhere stories live. Discover now