3 🍀

813 115 9
                                    

Unicode

🍀 လူဆိုးလေးရဲ့အချစ်နိဒါန်း 🍀

ဒီနေ့ကတော့ ဘတ်စကတ်ဘောပြိုင်ပွဲကြီးအတွက် လက်ရွေးစင်ကျောင်းကြီး၄ ကျောင်း လက်ရေစမ်းယှဥ်ပြိုင်ရမည့်နေ့။
ပြိုင်ပွဲမှာအနိုင်ရရှိတဲ့ပထမအသင်းဟာ နိုင်ငံအဆင့်အထိ သွားရောက်ယှဥ်ပြိုင်ခွင့်ရမည်ဖြစ်သဖြင့် အသင်းသားများသွေးဆူနေ၏။

လက်မောင်းဒဏ်ရာကြီးနဲ့ပထမရက်မှာတင် ကျန့်ကောနှင့်တိုးခဲ့တာကြောင့် ဒဏ်ရာပျောက်သည်အထိ တစ်ပါတ်လုံးလုံးကျောင်းမတတ်ခဲ့သောဝမ်ရိပေါ်မှာ ပြန်လာတာနဲ့ စီနီယာတန်းက ပြိုင်ပွဲအကြောင်း ဟောက်ရွှမ်းစီကကြားလိုက်ရသည်။

စီနီယာရှောင်းတို့အသင်းက အခြားကျောင်းသုံးကျောင်းနဲ့ယှဥ်ပြီး ပထမကိုလုတော့မည်တဲ့။
မိန်းကလေးတွေကလည်း ရွစိစိနဲ့စိတ်လှုပ်ရှားလို့။

သတင်းရသောကြောင့် ဝမ်ရိပေါ် ဟောက်ရွှမ်း၏ဂုတ်ကိုဆွဲကာ ဘတ်စ်ကတ်ဘောကွင်းရှိရာဦးတည်ခဲ့သည်။
ကျောင်းလေးကျောင်းမို့လူတွေကထုနဲ့ထည်နဲ့ဖြစ်နေကြပေမယ့် ဝမ်ရိပေါ်အတွက်နေရာသည်သူ၏တပည့်များရှိနေသရွေ့မပျောက်။

လူအုပ်ကြားထဲတိုးဝှေ့ကာ လူတိုင်း၏ရန်လိုသောအကြည့်များကိုလစ်လျူရှု၍ ထိုင်နေကျရှေ့ဆုံးတန်းနေရု၌သွားထိုင်လိုက်သည်။
ဒီမှဝမ်ရိပေါ်အစစ်ပဲပေါ့။

ပွဲစဥ်စတင်လာတော့ ကျန့်ကောတို့အသင်းနှင့်အခြားအသင်းမှာ ကွင်းထဲစတင်ပြေးလွှားတော့သည်။

ဝမ်ရိပေါ်၏အကြည့်များကထုံးစံအတိုင်း ကျန့်ကော၏လှုပ်ရှားမှုတိုင်း၌သာ။

ဘယ်လောက်တောင်ကြည့်ကောင်းတဲ့ကျန့်ကောလဲ?
ကျောင်းပျက်ခဲ့တဲ့တစ်ပါတ်လုံးလုံးလဲ ကျောင်းသာမတတ်တာ ကျန့်ကောနောက်တော့လိုက်လိုက်ချောင်းနေကျလေ..

ဘယ်လိုလုပ်များ ကျန့်ကောအဆိုးလေးကသူ့နှလုံးသားကြီး နေ့နေ့ညညလွမ်းတတ်အောင်သင်ပေးခဲ့ရတာလဲ..?.
ကောကအဆိုးလေးပဲဗျာ...

ရှောင်းကျန့်၏လှုပ်ရှားမှုပုံရိပ်တိုင်းသည် ဝမ်ရိပေါ်မျက်လုံးထဲအကြည့်များမှတစ်ဆင့် နှလုံးထဲစီးဝင်လို့ ဦးနှောက်ထိတိုင်အောင်လူကိုဝေဝါးသွားစေသည်။
ကျန့်ကောကိုမြင်ရလေလေ တစ်နေ့တခြားသူ့ရဲ့ပိုင်ဆိုင်လိုစိတ်ကကြီးလာလေလေသာ။

လူဆိုးလေးရဲ့အချစ်နိဒါန်းOnde histórias criam vida. Descubra agora