Unicode ~~
မောင်နဲ့ ဝေးခဲ့တာ 21ရက်ရှိပြီ ဒီရက်ထဲ ပြသနာတွေအများကြီးပဲဗျ
မောင်နဲ့ပြသနာတက်ပြီး ၁ပတ်အကြာမှာ
Somi က ဆေးစစ်ချက်အဖြေကို ကျွန်တော့်ကိုပို့လိုက်တယ် အဖြေကသူ့မှာကိုယ်ဝန်ရှိနေတာ မှန်တယ်တဲ့
ကျွန်တော်အဲ့စာရွက်ကို မြင်မြင်ချင်း ဒုတိယအကြိမ်အသဲကွဲရပြန်တယ်
နောက်နေ့ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပြီး မောင့်ပို့လိုက်တယ် မိန်းကလေးတစ်ယောက်ရဲ့အရှက်ထက် ဘယ်အရာကအရေးကြီးမှာလဲ
မောင်ကလည်းလက်ခံထားတယ်လေ
ဆိုလိုတာက ကျွန်တော်တို့တရားဝင်ကွာရှင်းပြီးပြီပေါ့
ဟက်! အဖြစ်အပျက်တွေကသိပ်မြန်တာမောင်နဲ့ကွာရှင်းပြီး ကျွန်တော်ကို voo က နေစရာပေးတယ်လေ
voo ကွန်ဒိုမှာ 2ယောက်ထဲမနေချင်တဲ့ ကျွန်တော့်စိတ်ကိုသိနေတယ်ထင်တယ်
သူ့မိဘတွေအိမ်မှာ နေခွင့်ပေးတယ် ကျွန်တော်လဲ ကျွန်တော်အလိုကျတဲ့အိမ်ရှာမတွေ့သေးခင် vooမိဘတွေဆီမှာပဲနေမယ်စဉ်းစားထားတယ်vooရဲ့မိဘတွေက ဖော်ရွေကြပါတယ် ကျွန်တော့်ကိုလဲဂရုစိုက်တယ် ommaဆိုလဲ တစ်နေ့တစ်မျိုး မရိုးရအောင် ဟင်းတွေချက်ကြွေးတယ် appa ဆိုရင်လည်း သားနေရတာအဆင်ပြေလားမေးရတာအမော
ကျွန်တော်ရှိလို့ vooက အိမ်ကိုခနခနလာတာဆိုပြီး ကျွန်တော့်ကိုကျေးဇူးတင်နေသေးတာ
ဆိုင်ကတော့ Soobin ရှိနေလို့ အဆင်ပြေပါတယ် ကျွန်တော်ကတော့မသွားဖြစ်ဘူး အင်း.. အပြင်မထွက်တာဆိုပိုမှန်မယ်လေ ..
ကျွန်တော်အခု အဆင်ပြေနေပြီပဲဆိုရမှာပေါ့ ဒါပေမယ့် မောင့်ကိုလွမ်းတာကတော့ လိမ်လို့မရဘူး
မောင်နဲ့ somiလက်ထပ်မယ့်သတင်းကို ဘယ်တော့ကြားမလဲ တွေးနေရတာ စိတ်တွေလဲပင်ပန်းနေပြီ
မောင်လဲ မိသားစုလေးရရင် ကျွန်တော့်ကိုမေ့ပြီပေါ့နော် .. အင်း မေ့လောက်ပြီပေါ့.."သားလေးjin ရေ မနက်စာစားကြမယ်..!"
မနက်ခင်း လွမ်းမောစရာနေရောင်ခြည်နှင့်အတူ seokjin ၏ အတွေးတွေအား Tae hyung ommaကြောင့်
လက်စသက်လိုက်သည်
YOU ARE READING
IMAGES 🍁
Fanfictionကိုယ့် ဆီမှာ ရှိနေတုန်း က တန်ဖိုးမထားဘဲ သူများ ဆီ ရောက်သွားမှ ပြန် လို ချင် နေ လို့ မရဘူးလေ...!! Start _16 Sep 2022 End_20 March 2023 🍁