7

231 34 4
                                    

                                         
*ဒီနေ့ ကျောင်းပိတ်ရက်မို့ အိမ်မှာပဲ နေဖို့စဉ်းစား နေတဲ့ Doyoung တစ်ယောက် Soda အန်ကယ်ရဲ့ အပြင်ထွက်လည်ဆိုတဲ့ စကားကြောင့် Club Barတစ်ခုကို Haruto နဲ့အတူတူ မအူမလည် ရောက်လာရပြန်တယ်*

*Doyoung အတွက် ဒါဟာ ပထမဦးဆုံး  Barကိုရောက်ဖူးတာမို့ နည်းနည်းတော့ကြောက်နေမိတယ်*

Doyoung အသားလေးတွေတုန်တုန်ပြီးကြောက်နေတာကို Haruto တစ်ချက်ကြည့်ရင်း မဲ့ပြုံး ပြုံးလိုက်မိတယ်*

" မင်းဒီကို မလာဖူးဘူးဆိုလည်း  မလိုက်လာနဲ့လေ အခုမှ ကြောက်သလိုလို မအူမလည်လုပ်နေပြန်ပြီ"

"Ruto မင်း ဒီကိုလာမယ်လို့ မထင်ထားလို့ လိုက်လာမိတာလေ"

*Haruto တစ်ယောက် ဘာမှတော့ မပြောတော့ပဲ သီးသန့်ခန်းတစ်ခန်းသာ ဌားပြီးပဲ နေဖို့စိတ်ကူးလိုက်တော့တယ်*

" မင်းအခန်းထဲစားချင်တာ မှာသာစားလိုက် ငါသွားပျော်လိုက်ဦးမယ် bye...."

" အင်း ...."
(စားချင်တာတွေကို တစ်ခုပြီးတစ်ခုမှာစားလိုက် ဝိုင်တစ်ခွက်ပြီးတစ်ခွက်သောက်လိုက်နဲ့ doyoung တစ်ယောက်အဆင်တွေကို ပြေနေလျှက် ဝိုင်သောက်နေတာ များလာလို့ထင်တယ် ပါးလေးတွေက ရဲရဲတတ်လာတယ်လေ)

*ဒါကို မှန်အခန်းအပြင်ဘက် က ကောင်လေးငယ်တစ်ယောက်ကတော့ ပြုံး၍သာကြည့်နေမိလိုက်တယ်*

*တခြား အခန်းတစ်ခုထဲမှာရှိနေတဲ့ Haruto ဟာတော့ ဖြစ်ချင်တိုင်းကိုဖြစ်နေပြီး ပျော်နေလေရက်*

*Haruto ကိုကြည့်ပြီးတော့ Ruto မင်းဟာလေ ဘယ်တော့မှရင့်ကျက်တည်ငြိမ်ပါ့မလဲ ငါမင်းအစား ရင်မောရတယ် လို့သာ ထောင့်အကွယ်ကနေ ကောင်လေးငယ် တစ်ယောက်က တိတ်တိတ်ကလေး သက်ပျင်းချလိုက်တယ် ဟူးးးးးးးး*

*Haruto ရယ် Soda ဆီကနေ ရှားရှားပါးပါး သွားဖို့ခွင့်ပြုချက်ရလိုက်တော့ ဘယ်လောက်အမူးတွေသောက်ပြီး ပျော်နေသလဲဆို သူကိုယ်သူတောင် အနိုင်နိုင်သယ်ရဖို့ တောင်ဖြစ်နေပြီမို့ Doyoung ကို အိမ်ပြန်ခေါ်သွားဖို့ဆိုတာတော့ ဝေးစွ ဘာမှန်းတောင်မသိတော့*

*တကယ်တော့ Doyoung ကို ဒီလိုရပ်ဝန်းမျိုးနဲ့ ရင်းနှီးသင့်တဲ့အရွယ်မို့ Sodaဟာ သားဖြစ်သူ Ruto ကို ယုံကြည်ပြီး ခေါ်သွားဖို့ ပြောခြင်းသာ အခုတော့........*

Fell In Love (Complete) ✅Where stories live. Discover now