အခန်း[၁]

3.6K 444 42
                                    

Unicode

လက်ချောင်းတွေဆီမှ အေးစက်စက်အထိအတွေ့ကြောင့် စူးယွီလီသတိပြန်လည်လာသည်။သူ့လက်ကို ညင်ညင်သာသာလေးဆုပ်ကိုင်ထားသော ရှည်လျားသွယ်လျကာသန်မာလှသည့်လက်တစ်စုံအား ဗလာသက်သက် ငုံ့ကြည့်လိုက်၏။

ထိုအမျိုးသား၏ တစ်ခြားလက်တစ်ဖက်၌ သူ့ဘယ်ဘက်လက်ပေါ်မှာ ဝတ်ဆင်ထားသည့် လက်စွပ်ကဲ့သို့ ရိုးရှင်းပြီး အံဝင်ခွင်ကျဖြစ်သည့် လက်စွပ်တစ်ကွင်းကို ဝတ်ထားချေသည် ။

လက်စွပ်?

စူးယွီလီတစ်ယောက် ကြောင်အစွာ မျက်တောင်လေးတဖျတ်ဖျတ်ခပ်လိုက်မိသည်။

ဒါဘာအခြေအနေကြီးတုန်း?

စူးယွီလီ၏အကြည့်များက သူ့ရှေ့မှ လက်ပိုင်ရှင်ထံဦးတည်သွားပြီးမျက်လုံးများက ထိုလူ၏ သပ်ရပ်သန့်ရှင်းသော အင်္ကျီများထံ ကျရောက်သွားချိန် တစ်ဖက်လူက ကိုယ်နဲ့တစ်တိတည်းကျနေသည့် အနက်ရောင်ဝတ်စုံကို ဝတ်ထားကြောင်း တွေ့လိုက်ရသည်။

အနက်ရောင်ဝတ်စုံက ရှေ့ကလူရဲ့ ကျယ်ပြန့်သောပခုံးကျဉ်မြောင်းသောခါးသွယ်သွယ်နှင့် လှပသော ခန္ဓာကိုယ်ကောက်ကြောင်းကို ဖော်ပြထားသည်။အဝတ်ပါးတစ်လွှာခြားထားတာတောင် သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်မတတ်သန်မာသည့် ခွန်အားကို ခံစားနိုင်လေသည်။ထို့ထက်....ဆွဲဆောင်မှုရှိလွန်းတဲ့ လည်စိလေးကလည်း နူးနူးညံ့ညံ့လေးပင်။

ဒီလိုပြည့်စုံတဲ့ခန္ဓာကိုယ်မျိုးနဲ့ဆို ချောမောခန့်ညားတဲ့မျက်နှာလေးရှိဖို့ သူမျှော်လင့်လို့ရပါတယ်နော်။

စူးယွီလီတစ်ယောက်မျက်လုံးလေးပင့်ပြီး ရှေ့ကလူရဲ့မျက်နှာလေးကို ကြည့်လိုက်ချိန် စိတ်မထိန်းနိုင်ပဲ အသက်ရှူတွေဘာတွေပါကျပ်သွားရသည်။

ရှေ့ကလူရဲ့မျက်လုံးတစ်စုံက ပင်လယ်တမျှနက်ရှိုင်းပြီး အသားအရည်ကလည်း ဖြူဖွေးဝင်းလက်နေ၏။သူ့ရဲ့ခန့်ညားလှသောနှာခေါင်းတန်းလေးအောက်၌ လှပသေသပ်သော နှုတ်ခမ်းပါးတစ်စုံတည်ရှိနေသည်။

စူးယွီလီတစ်ယောက် စိတ်ထဲမှ အံ့အားသင့်နေခဲ့၏။အိုမိုးးး ဒီမျက်နှာလေးနဲ့ ဒီခန္ဓာကိုယ်လေးရဲ့ ပေါင်းစပ်မှုက လုံးဝလုံးဝကို အမေးဇင်းးးးးး!!!!

လရောင်ဖြူရဲ့အစားထိုးဖြစ်ဖို့ကူးပြောင်းလာခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now