One shot 🤎

111 4 7
                                    

တစ်ခုသော ဆောင်းမနက်ခင်းသည် ကျွန်တော်တို့မြို့ငယ်လေးမှာတော့ ခိုက်ခိုက်တုန်အောင် ချမ်းတတ်သည့်အချိန်ဖြစ်သည်။အချိန်ကား ဒီဇင်ဘာလရဲ့အလယ်ပင်ဖြစ်သည်။တောင်ပေါ်ဒေသလေးဖြစ်တာကြောင့် နှင်းတွေကျပြန်ရင်လည်း တစ်ဦးနှင့်တစ်ဦး ရေးရေးလေးသာမြင်ရလောက်တဲ့ထိ မှိုင်းနေအောင်ကျတတ်သည်။

ဒီလိုနှင်းတွေမှိုင်းနေအောင်ကျတတ်သည့်ရက်တွင် ကျူရှင် အစောကြီးထသွားရသည့် ဆယ်တန်းကျောင်းသားလေး ကျွန်တော့်အဖို့ကတော့ အင်မတန်ရက်စက်လွန်းရာကျပါသည်။ ကျွန်တော်တို့လို လူငယ်အရွယ်လေးတွေက အိပ်ရာ‌ထဲကွေးနေရင် ပိုပြီး ဇိမ်မကျပေဘူးလား။ ခုတော့ဖြင့် ကျူရှင် သွားရပြီ။ စိတ်ထဲ အချဉ်ပေါက်ပေါက်နှင့်တစ်ယောက်တည်း‌ ရောက်တတ်ရာရာစကားတွေပြောပြီး အိမ်နှင့် နာရီဝက်လောက် လမ်းလျှောက်ရသော ကျူရှင် ရှိရာသို့ လာခဲ့တော့သည်။

“ တီ ....တီ!!!!”

အနောက်နားဆီမှ ဆိုင်ကယ်ဟွန်းတီးသံကြောင့် လမ်းဘေးမှ လျှောက်လာပါသော်လည်း စွတ်တီးနေသံကြောင့် ခပ်ကျဉ်းကျဉ်းသာရှိသောလမ်းဖျားလေးဆီသို့ ရှောင်ဆင်းပေးလိုက်သည်။
ထိုအခါ ဆိုင်ကယ်‌သည်သူ့ကိုကျော်တက်၍ သူ့အရှေ့ တစ်နေရာတွင် ရပ်သွားတော့သည်။

“ ဟျောင့် ဝေမှူးဈာန် ”

ဆိုင်ကယ်ပေါ်မှ သူ့နာမည်အားခေါ်သံကြားလိုက်ရပြီနောက် နံနက်ခင်းနေရောင်ခြည်သည် အရှေ့ဘက် တောင်တန်းဆီမှ တစ်စတစ်စ ဖြာလာတော့သည်။ နှင်းမှုန်လေးများသည် တဖြည်းဖြည်းပါးလာစပြုကာ နေလုံးမမြည် နှင်းလုံးမကွဲ အနေအထားသို့ရောက်လာလေသည်။ ထိုအခါ သူ့ကိုခေါ်သော ဆိုင်ကယ်ပေါ်မှ လူသည်လည်း ဆင်းလာသည်ကို တွေ့လိုက်ရသည်။
ဝိုးတဝါး ဖြစ်နေ၍ သေချာမသိသေး။တဖြည်းဖြည်းရောင်နီလင်းအားရ‌လာသောအချိန်မှ သူတွေ့လိုက်ရသည်က အဖြူရောင်ကလစ်ဘီး ဆိုင်ကယ်လေးပင်။ပြီးနောက် ထိုကလစ်ဘီးပေါ်မှ သူ့နာမည်ခေါ်ပြီးဆင်းလာသူက သူ့ရဲ့နံနက်ခင်းလင်းရောင်ခြည်တစ်ဖြစ် နှင်းပွင့်ကလေး။ စိုင်းစဝ်ခွန်း ဆိုသော သူ၏ အလင်းရောင်လေး။

You've reached the end of published parts.

⏰ Last updated: Jan 02, 2023 ⏰

Add this story to your Library to get notified about new parts!

တောင်ပေါ်မြို့လေးတစ်မြို့မှာ...Where stories live. Discover now