Part-37

620 25 6
                                    

                     ခေတ်ဟန်က သူ့နာမည်နှင့် ‌ခေါ်ကာပြေးလာသော ရာရာ့အား အနားရောက်သည်နှင့် ပွေ့ချီပြီး မွေ့ယမ်းပစ်လိုက်သောအခါ ကလေးငယ်ကတခစ်ခစ်ရယ်နေသည်။ရာရာ့ကို အောက်သို့ပြန်ချပြီး၍ သနပ်ခါးဖြင့်၀လုံးဝိုင်းထားသော ပါးနှစ်ဖက်ကိုတရွှတ်ရွှတ်နမ်းပစ်လိုက်သောအခါ မျက်စောင်းလှလှလေးကဒိုင်းခနဲ။


                   သူ့ရှေ့မှ ကလေးသေးသေးလေးအား တမြတ်တနိုးချစ်ရပါသည်။

"ဖြေနိုင်လား ကလေးလေး"

             သွားဖြဲပြီးရယ်ပြနေသော ဆယ်တန်းကျောင်းသားလေးသည် ကလေးပေါက်စလေးနှင့်ပင်တူလှသည်။ခေတ်ဟန်ကမေးတော့ ခေါင်းကိုအဆက်မပြတ်ညိမ့်ပြပြီး လက်‌သုံးချောင်းထောင်ပြလာသည်။မျက်နှာလေးသည်လည်း မော့ချီလျက်။


"အနည်းဆုံးသုံးခုမှန်းတယ် ဟီး"





"ကိုယ့်ကလေးလေးကတော်လိုက်တာကွာ"


"တော်တဲ့သူကိုဆုပေးသင့်တယ်မလား၊ဘာပေးမှာလဲ ပြော"



"အမလေး ရာရာရေ ငါကနင့်အမေပါဟဲ့၊ငါတစ်ယောက်လုံးကိုကျမမြင်ဘူး၊သူ့ဦးခေတ်အနားပဲကပ်နေတယ်"


                ဘေးနားက ခါးထောက်၍ မျက်စောင်းထိုးကာပြောလာသော မိခင်ဖြစ်သူအား ခုမှမြင်သွားပုံပင်။သူ့အမေဆူကာမှ ဟီးခနဲရယ်ပြကာ မိခင်၏လက်မောင်းကိုပြေးချိတ်လေသည်။


"မေမေကရော သားကိုဘာပေးမှာလဲ"


"မေမေ့သားလေးပျော်မယ်ဆိုတဲ့အရာမှန်သမျှ မေမေခွင့်ပြုပေးမယ်၊ဘယ်အရာကိုပဲလုပ်လုပ် ယုံကြည်ချက်ရှိရှိနဲ့လုပ်၊သားကိုယ်သားယုံကြည်မှုပိုရှိလာအောင် မေမေကနောက်ကနေအမြဲတမ်းအားပေးနေမယ်၊မေမေ့မှာပိုင်ဆိုင်တာဘာမှမရှိတဲ့အတွက် မေမေ့သားပျော်ဖို့ဆို အကုန်လုပ်ပေးမယ်၊မေမေပေးနိုင်တာက သားအတွက် ပျော်ရွှင်မှုနဲ့မေတ္တာပဲရှိတယ်"



"မေမေ့ကိုချစ်တယ်နော် အီးးဟီးး"


                ဒီကလေးသည် မေတ္တာတရားအကြောင်းပြောလိုက်လျှင် ငိုသည်ချည်းသာဖြစ်သည်။မေမေသည် သူ့ရင်ခွင်ထဲ၀င်၍ငိုနေသော သား၏ခေါင်းလေးအား ခပ်ဖွဖွလေးပွတ်ပေးရှာသည်။သားအမိနှစ်ယောက်လုံး၏မျက်၀န်းအိမ်တို့တွင်ကား ကြည်နူးမျက်ရည်တို့ကတသွင်သွင်။



ချစ်ခြင်းတည်စေWhere stories live. Discover now