နေ့အိမ်မက်(DayDream) Ep-1

28 2 0
                                    

မိုးများကအဆက်မပြတ်ရွာသွန်းနေပြီးဒီနေ့မှပိုပြီးမိုးကရက်စက်နေပုံ..

''ဟေ့ကောင်လပြည့် ဖမ်းခံရမလားမသိဘူး၊ငါတို့တစ်ဖွဲလုံးဘယ်လိုလုပ်ကြမလဲ၊ငါကြောက်တယ်''

''ခြည်ညို့မင်းကလဲကြောက်ဖို့ဆိုတာကြည့်ပဲ၊ငါတို့သတ်တာမှမဟုတ်တာ''

''ဟေ့ကောင်ဒီမှာငါတို့တစ်ဖွဲပဲရှိတာလေ''

ခြည်ညို့တို့ သူငယ်ချင်းတစ်ဖွဲလုံးဒီနေ့တော်တော်စိတ်ညစ်နေခြင်းပင်ဖြစ်သည်။
တနေ့ကုန်ကျောင်းမှာရန်​ဖစ်ထားသည်။ခြည်ညိုတို့ကအနေအေးပေမဲ့ သူ့သူငယ်ချင်းတွေကတော့သူ့လိုမဟုတ်၊ထိုးကြကြိတ်ကြစမြဲ။

ခြည်ညို့ကငယ်ငယ်တည်းကမိဘမေတ္တာရရှိခဲ့သူမဟုတ် မိဘတွေကသူရည်မှန်းချက်နောက်မလိုက်ပေးခဲ့သည့်အပြင်သူကိုရှိတယ်လို့တောင်သဘောမထား မိဘတွေကိုယ်တိုင်ကလဲအိမ်ထောင်ရေးအဆင်မပြေမှုတွေရှိတော့  Broken Family ကလာသည်ဟုဆိုရမည်။ပိုက်ဆံရှိမျိုးရိုးထဲကမဟုတ်သင့်အတင့်သာ။

ဒါကြောင့်ခြည်ညို့ဘေးမှာရှိတာဆိုလို့သူသူငယ်ချင်းများသာရှိသည်။ပျော်လည်းတူတူ၊ဝမ်းနည်းလဲတူတူ၊ရှိတူတူ၊မရှိတူတူပေါင်းကြသည်။

ခြည်ညို့ကတစ်ဖွဲ့လုံးမှာသေးသေးညပ်ညပ်လေးအပြင်၊အရမ်းလှပြီးမြင်သူတိုင်းဆွဲမတ်စေမဲ့မေးပေါ်ကမှဲ့လေးကအထင်အရှား။
..သူ့သူငယ်ချင်းတွေနဲ့တော့မတူသူ့သူငယ်ချင်များကဇိုးများ။

ဒီနေ့တော့သူတို့အတွက်ကံဆိုးမှုကြီးကကပ်လျက်ရှိနေသည်။

''ကျွန်တော်နမည်ကနွေခြည်ညို့ပါ.ကျွန်တော်ကငယ်ငယ်တည်းကဒဏ်ရာတေနဲ့ကြီးပြင်းခဲ့ရပါတယ်၊မိသားစုရဲ့ဦစားမပေးမှု၊ပတ်ဝန်းကျင်ရဲGayဆိုတဲ့ဝေဖန်မှု၊အပေါင်းအသင်းမရှိမှု၊လိုချင်တာမရခဲ့ပါဘူး
ဒီလိုဘဝမျိုးမှာ ကျွန်တော်အတွက်ဘယ်လိုလူနေနေကျွန်တော်ကိုသာကျွန်တော်လိုချင်တဲ့မေတ္တာကိုသာပေးနိုင်ရင်ကျွန်တော်ဘေးမှာတသတ်လုံးနေပေးမှာပါ၊
ကျွန်တော်၆နှစ်အရွယ်လောက်တုံးကအိပ်မက်မက်ဖူးတယ်၊မီးတောက်ကြီးကျွန်တော်ဆီလာနေတာရောက်ခါနီးမှာအသက်ကြီးကြီးလူကြီးတယောက်ကကျွန်တော်ကိုကာပေးတယ်ပြီးတော့သူပျောက်ကွယ်သွားတယ်။ဒါပေမဲ့ပူနေတုံးပဲ။ကျွန်တော်လန့်နိုးလာတဲ့အချိန်ဘေးမှာအဘိုးရှိတယ်နေ့လည်3နာရီလောက်ဖြစ်မယ်အဘိုးကိုမေးကြည့်တဲ့အခါအဘိုးကဘာမှပြန်မပြောဒါပေမဲ့..သူပြောတာက''နေ့ဘက်မှာမတ်တဲ့အိမ်မက်တွေကတကယ်ဖြစ်တက်တယ်''တဲ့လေဒါပေမဲ့ကျွန်တော်ကြောက်တ်ယ်မတောက်ကြောင့်မဟုတ်ဘဲ အ့ဒီလူကြီးကြောင့်..''အခုကျွန်အသက် 19နှစ်ရှိပြီ အခုထိအိမ်မက်မက်နေတုံးပဲဗျ''

နေ့အိမ်မက်(Daydream)Where stories live. Discover now