~ 3 ~

607 125 17
                                    

Unicode
_________

ရှည်လျား ကြမ်းတမ်းသော ခရီးရှည်ကြီးကို ခက်ခက်ခဲခဲ ဖြတ်သန်းလာခဲ့ရသလိုမျိုး သူ့တစ်ကိုယ်လုံး အင်အားတွေ ကုန်ခမ်းလုနီးပါး။ တဆတ်ဆတ် တုန်ယင်နေသည့် မျက်ခံွလွှာတွေက အတန်ကြာသည်အထိ မတည်ငြိမ်နိုင်သေး။ မောဟိုက်နွမ်းလျစွာဖြင့် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိသည်။

"ဟင်း..."

မြင်ကွင်းထဲ ပထမဦးဆုံး တိုးဝင်လာသည်က အနီရောင် မျက်နှာကျက်တစ်ခု။ ပြီးတော့ ကုတင်ဘေးမှာလည်း ပန်းအပြည့်ထိုးထားတဲ့ ရောင်စုံပန်းအိုးတွေ။ အမွှေးရနံ့ခပ်သင်းသင်းက နှာခေါင်းဝသို့ တစ်ချက်,တစ်ချက် လာထိခတ်သည်။

သူ ဆေးရုံကို ရောက်နေတာတော့ မဟုတ်ဘူးမလား။နောက်ဆုံး မှတ်မိတာက ပုံမှန်မဟုတ်တဲ့ ရေလှိုင်းလုံးကြီး တစ်ခုအောက်ကို ခြေလွတ်လက်လွတ်ရောက်သွားခဲ့တာ။

"သတိရလာပြီလား"

အေးချမ်းသည့် မေတ္တာဓာတ်တစ်မျိုး ပျော်ဝင်နေသော ထိုအသံက တစ်ခါကြားရုံနဲ့ တစ်သက်မမေ့နိုင်စရာ။ မစိမ်းသက်ဘဲ ရင်းနှီးနေခဲ့တာ ဘာကြောင့်လဲ။

"ဂျွန်...."

ရင်းနှီးကျွမ်းဝင်နေသော အမည်နာမတစ်ခုကို နှစ်ပေါင်းများစွာကြာမှ ပထမဆုံးအကြိမ် ပြန်ကြားလိုက်ရသလိုမျိုး သူ့ရင်ထဲ စိမ့်ကနဲ။

အသံပိုင်ရှင်သည် သူ့ကုတင်ဘေးတွင် တင်ပါးလွှဲထိုင်နေသည်။ ဘယ်သူလဲ။ သူကရော အခုဘယ်ရောက်နေတာလဲ။

"ခင်...ခင်ဗျားက ဘယ်သူလဲ"

မဟူရာဆန်သော နဖူးပြင်ထက်တွင် ဆံနွယ်တစ်မျှင်နှစ်မျှင် ကျနေရုံမှအပ ရှင်းသန့်နေသည်။ အဖြူရောင်ပိုးသားဝတ်ရုံရှည်က ထိုသူ့မျက်နှာကျနှင့် အလွန်ကြည့်ကောင်းလွန်းသည်။ တင့်တယ်သည်။ ခန့်ညားသည်။ သည်လောက် ချောမောတဲ့ အမျိုးသားကို ဂျောင်ကုဘဝတစ်သက်မှာ ပထမဆုံးအကြိမ်မြင်ဖူးတာဖြစ်သည်။

ရှေးခေတ် နန်းတွင်းရုပ်ရှင်တွေထဲကလို အပြင်အဆင်မျိုးမို့ သူ့အာရုံတွေ ထွေပြားသွားသည်။ မဟုတ်မှလွဲရော...ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့တစ်ခုကပဲ သူ့ကို ကယ်ခဲ့တာလား။

Once Upon A Time || JINKOOK ✔︎Where stories live. Discover now