O M G

315 37 2
                                    

Jake ရယ်လိုက်တယ် မျက်ရည်တွေကိုတော့ ပြောမနေပါနဲ့တော့

" မင်းကလေတကယ်ပါပဲ "

" sunghoon ကိုယ့်နာမည်က "

" အင်းပါ sunghoon ငါ့ရဲ့ system လေးရယ် "

Jake ရဲ့မျက်ရည်တွေကတသွင်သွင်ဖြစ်ပြီး အသက်ရှုခက်တဲ့အထိကိုရှိုက်ကြီးတငင်ငိုယိုခဲ့တယ်

Flash back ~

SUNGHOON - အာ အန်တီ အဲ့တာကိုတော့ ကျွန်တော်မကူညီနိုင်ဘူးထင်တယ် တောင်းပန်ပါတယ်

" အင်း အန်တီလည်းတောင်းပန်ပါတယ် မဟုတ်တာကိုကွယ် ရပါတယ် အန်တီ့သားလေးနဲ့မိတ်ဆက်ပေးဦးမယ်လေ "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" သား ဒါ sunghoon လေ သဘောကောင်းတယ်ကွဲ့ "

" အာညော် ကိုယ်က Park Sunghoon ပါ တွေ့ရတာ၀မ်းသာပါတယ် မင်းက Sim Jaeyun ထင်တယ် Jaeyun လို့ခေါ်မယ်နော် "

" အော် အင်း sung...hoon ဟိုငါမင်းကို

" ဟိုဟာလေ အန်တီ ကလေးတွေကိုအကြာကြီးပစ်ထားလို့မရလို့ တောင်းပန်ပါတယ် သွားရတော့မယ်ဗျ Jaeyun တာ့တာ "

90' ကိုင်းပြီး အပြင်ကိုထွက်သွားတဲ့လူဟာ jake ရဲ့နှလုံးသားထဲအထိကို လှုပ်ကိုင်သွားခဲ့လေရဲ့

sunghoon နဲ့စတွေ့ခဲ့ရပြီး အဲ့တာနောက်ဆုံးတွေ့ရခြင်းပဲဆိုတာကို သူကြိုသိနေမိပါတယ်လေ

faksh end ~

ငါမင်းကို hoon လို့ခေါ်လို့ရမလားလို့မေးချင်ခဲ့တာ .....*

လမင်းကြီးကထိန်ထိန်သာနေပြီး ပတ်၀န်းကျင်ကတိတ်ဆိတ်ပြီးလေလေးတွေကအေးပြီး လတ်ဆတ်လှတယ်

Jake ကတော့ အရုပ်ကြိုးပျက်ထိုင်နေရင်း ကောင်းကင်က မရှိတဲ့ကြယ်တွေကိုထိုင်ကြည့်နေမိပါတယ်

" ဒန်နီရယ်....ကြည့်ပါဦး မင်းမကောင်းဘူး ...."

ခေါင်းကိုအသာခါရင်း မျက်ရည်တွေကိုသုတ်လိုက်တယ်

" မင်းငါ့ကို ရိုဘော့လုပ်နည်းမပြောပြခဲ့သင့်ဘူး မင်းတကယ်မကောင်းဘူး ဒန်နီရယ်......."

ထပ်ကျလာတဲ့မျက်ရည်တွေကိုတော့သူမသုတ်ဖြစ်တော့ပါ

" သူ " က တကယ်တော့ ငါ့ဖုန်းထဲက စစ်စတမ်လေးပါပဲ အပြင်မှာတကယ်ရှိရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲ ဟမ့် !"

ရယ်ရင်းပြောနေပေမဲ့ Jake မျက်လုံးတွေက ရယ်မနေခဲ့ပါ

အသက်မဲ့စွာနဲ့စကားတွေပြောနေမိတယ် တယောက်တည်း

" ဒါပေမယ့်....ငါသူ့ကိုလက်လွှတ်မှာမဟုတ်ဘူး ကမ္ဘာပေါ်မှာ ငါ့လောက်ကံကောင်းတာရှိပါဦးမလား ဟမ် ? အချိန်ပြည့်သူကငါ့ဘေးမှာရှိနေပေးတာ သူ့မှာအလုပ်မရှိသလို ...မျိုး .."

Jake ခြောက်ကပ်ကပ်ရယ်လိုက်ရင်း သက်ပြင်းချလိုက်တယ်

" ဒီညလည်းငါအိပ်မပျော်တော့ဘူးထင်တယ် ရင်တအားခုန်နေလို့လေ.....ဟူး..."

ကောင်းကင်ပေါ်ကတိမ်လေးတချို့နဲ့လမင်းကြီးကတော့ ဂရုဏာသက်စွာနဲ့ Park Sunghoon ကို အနှီလူသားဘ၀ထဲကိုထည့်ပေးဖို့ကူညီချင်နေလေရဲ့~

The End ~

( I have say something to you I don't write fics from This Acc Thanks .)

O M G ? Where stories live. Discover now